Home ထိပ်တန်းသတင်း ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီကို နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ

ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီကို နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ

1764
ဇွန်လ ၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦး‌ဆောင်သည့် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ (ယူအက်စ်ဒီပီ)ကို ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သည်ဟု ယ‌နေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ‌ဖော်ပြထားသည်။

စစ်အစိုးရ၏ နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ‌ဒေ အခန်း(၂) အပိုဒ်(၄)အရ ပါတီတည်‌ထောင်လိုသူများသည် နိုင်ငံ့ဝန်ထမ်း မဖြစ်ရဟု ပါရှိ‌သော်လည်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဌာနဆိုင်ရာ ဝန်ကြီး ၂၃ဦးနှင့်အတူ စစ်ဘက်ဆိုင်ရာ ရာထူးမှ ဧပြီလ ၂၆ရက်‌နေ့တွင် နှုတ်ထွက်၍ (ယူအက်စ်ဒီပီ)ကို ဦး‌ဆောင်ခဲ့သည်။

၎င်း‌နောက် ဧပြီလ ၂၉ရက်‌နေ့တွင် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ထံသို့ နိုင်ငံ‌ရေးပါတီမှတ်ပုံတင်ခွင့် ‌လျှောက်ထားပြီး ‌နောက် (၁)လ‌ကျော်အကြာတွင် ယခုလို ပါတီမှတ်ပုံတင်ခွင့် ရရှိခြင်းဖြစ်သည်။

ယူအက်စ်ဒီပီကို နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုလိုက်ခြင်းအ‌ပေါ် ရှုတ်‌ထွေးမှုများ ဖြစ်‌ပေါ်‌စေသည်ဟု ထိုင်းနိုင်ငံအ‌ခြေ စိုက် မြန်မာ့အ‌ရေး‌လေ့လာ သုံးသပ်သူ ကို‌အောင်သူငြိမ်းက ယခုလို ‌ကောက်ချက်ချ ‌ပြောဆိုလိုက်သည်။

“အစိုးရက ‌ထောင်လိုက်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီဟာ အရင်တုန်းက ရှိခဲ့တဲ့ လူမှု‌ရေးလုပ်မယ်ဆိုတဲ့ အသင်း (ကြံ့ခိုင်ဖွံ့ဖြိုး‌ရေး အသင်း)နဲ့ ကြားထဲမှာ ဘယ်လိုအချိတ်အဆက်‌တွေ ရှိမလဲ။ အဲဒါ‌တွေက ‌တော်‌တော် ရှုတ်ရှုတ်‌ထွေး‌ထွေး ဖြစ်တယ်။ ဒါ မရှင်းမ ရှင်းနဲ့ ‌ရွေး‌ကောက်ပွဲကို သွားမှာပဲ။”ဟု သူက ဆိုသည်။

ဆက်လက်၍ သူက “ဒီပါတီ(ကြံ့ဖွံ့အသင်း)မ‌ထောင်ခင်က နအဖ ဝန်ကြီးအများစုဟာ ချက်ချင်းပဲ စစ်တပ်က‌နေပြီး‌တော့ ရာထူးကို စွန့်တယ်။ စွန့်ပြီး‌တော့မှ တရားဝင်မှတ်ပုံတင်တယ်။ စသဖြင့် ဒီလို ဖွတ်ပူမီးတိုက် လုပ်တဲ့ကိစ္စက‌တော့ သံသယဖြစ် စရာ‌တွေ အများကြီးပဲ။ တကယ်ဆိုရင် စစ်တပ်ကထွက်တဲ့ ‌ခေါင်း‌ဆောင်‌တွေပဲဖြစ်ဖြစ်၊ ဝန်ထမ်း‌တွေပဲဖြစ်ဖြစ် တရားဝင် ‌ရွေး ‌ကောက်ပွဲဝင်ကြတယ်။ လူထုက ‌ရွေးလို့ အစိုးရတက်လုပ်လည်း ဘာမှမဖြစ်ဘူး။ ဒါ‌ပေမယ့် တခြားနိုင်ငံ‌ရေးပါတီ‌တွေလည်း သူ့ လို တန်းတူအခွင့်အ‌ရေး ရသင့်တယ်”ဟု ‌ပြောသည်။

ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီအား ပါတီမှတ်ပုံတင်အမှတ် (၃၂)ဖြင့် မှတ်ပုံတင်ခြင်းဥပ‌ဒေပုဒ်မ ၉နှင့်အညီ ပြည် ‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အတွင်း‌ရေးမှူး ဝင်းကို၏ အမိန့်ဖြင့် ၂၀၁ဝပြည့်နှစ်၊ ဇွန်လ ၈ရက်‌နေ့က မှတ်ပုံတင်ခွင့်ပြုလိုက် ‌ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ‌ဖော်ပြပါရှိသည်။

ထို့အပြင် (ယူအက်စ်ဒီပီ) ပါတီရုံးချုပ်ကို ‌နေပြည်‌တော် ဒကိ္ခဏသီရိမြို့နယ်၊ ရာဇသဂင်္ဟလမ်းနှင့် “စီ”လမ်း‌ထောင့်၊ ‌မြေကွက်အ မှတ်(၅)တွင် ဖွင့်လှစ်ထားသည်ဟုလည်း ‌ဖော်ပြထားသည်။

လက်ရှိ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦး‌ဆောင်သည့် ယူအက်စ်ဒီပီကို ပါတီအဖြစ် မ‌ပြောင်းလဲမီ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေး နှင့် ဖွံ့ဖြိုး‌ရေးအသင်းအဖြစ် ၁၉၉၃ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေက ဖွဲ့စည်းခဲ့ပြီး အသင်းဝင် ၂၄သန်း ရှိသည်ဟု တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။