Home သတင်း ၁၄ကြိမ်‌မြောက် မြန်မာနိုင်ငံအမျိုးသမီးများ‌နေ့ကျင်းပ

၁၄ကြိမ်‌မြောက် မြန်မာနိုင်ငံအမျိုးသမီးများ‌နေ့ကျင်းပ

1767
ဇွန်လ ၁၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဇွန်လ ၁၉ရက်‌နေ့တွင် ကျ‌ရောက်သည့် ၁၄ကြိမ်‌မြောက် မြန်မာနိုင်ငံ အမျိုးသမီးများ‌နေ့ကို ထိုင်း-မြန်မာနယ်စပ် တ‌နေရာ၌ အ တိုက်အခံ နိုင်ငံ‌ရေးအင်အားစု (၁၁)ဖွဲ့က ယ‌နေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။

မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ဂုဏ်ပြု၍ မြန်မာနိုင်ငံအမျိုးသမီးများ‌နေ့ ဖြစ်‌ပေါ်လာခြင်းဖြစ်ပြီး မြန် မာတပြည်လုံးအတွက် အ‌ရေးကြီးသည့်အပြင် တိုင်းရင်းသားပြည်သူ အားလုံးနှင့်လည်း သက်ဆိုင်သည့်အတွက် ယခုလို ဂုဏ်ပြု ပွဲအခမ်းအနား ကျင်းပရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ မြန်မာအမျိုးသမီးထု လှုပ်ရှားမှု‌ကော်မတီအဖွဲ့ဝင် မအိ‌ရွှေစင်ညွန့်က ယခု လို ‌ပြောသည်။

“မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်‌ထောင်စု ဖြစ်ဖို့ဟာ ‌ဒေါ်စုကသာလျှင် ဦး‌ဆောင်နိုင်တယ်ဆိုတာကို အားလုံးက ယုံ ကြည်တယ်။ ‌ဒေါ်စုရဲ့ စွန့်လွှတ် အနစ်နာခံမှုနဲ့ စွမ်း‌ဆောင်နိုင်မှုစွမ်းရည်‌တွေဟာ မြန်မာအမျိုးသမီးထုတခုလုံး ဂုဏ်ယူ‌လေးစား အတုယူကြ‌စေဖို့ သူ့ရဲ့‌မွေး‌နေ့ကို မြန်မာအမျိုးသမီးများ‌နေ့အဖြစ် သတ်မှတ်ခဲ့ပြီး အခမ်းအနား ကျင်းပခြင်းဖြစ်တယ်”ဟု သူမက ‌ပြောသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် မဆုတ်မနစ်‌သော ဇွဲ၊ လုံ့လ၊ ရဲဝံ့တည်ကြည်‌သော ဦး‌ဆောင်မှုဖြင့် တိုင်းရင်းသား ပြည်သူတရပ် လုံးနှင့်အတူ စစ်အုပ်စု၏ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်‌နေပြီဖြစ်သဖြင့် မြန်မာအမျိုးသမီးထုများအ‌နေဖြင့် ‌ဒေါ်စုနှင့်အတူ စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု အဆိုပါ‌ကော်မတီက ယ‌နေ့ ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခု ကျင်းပသည့် မြန်မာအမျိုးသမီးများ‌နေ့အခမ်းအနားကို မြန်မာနိုင်ငံ မြန်မာအမျိုးသမီးထု လှုပ်ရှား‌ကော်မတီ ကြီးမှူးကျင်းပ ခြင်းဖြစ်ပြီး အတိုက်အခံ တိုင်းရင်းသား နိုင်ငံ‌ရေးအင်အားစု အဖွဲ့ဝင်များ အပါအဝင် ရဟန်းသံဃာ၊ ‌ကျောင်းသူ‌ကျောင်းသား ဧည့်ပရိဿတ်‌ပေါင်း ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားကို တက်‌ရောက်လာသည့် မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းမှ ၈တန်း‌ကျောင်းသူ‌လေး မ‌ကော်ဘီတားက “ဒီမြန်မာ နိုင်ငံအမျိုးသမီးများ‌နေ့ အခမ်းအနားကို သမီး ပထမဆုံးအကြိမ် တက်ခွင့်ရတာပါ။ အခမ်းအနားက ‌ပြောသွားတဲ့ အ‌ကြောင်းအ ရာ‌တွေ နား‌ထောင်ပြီး ဗဟုသုတ‌တွေ အများကြီး ရလာတယ်။ မတက်လာနိုင်တဲ့ သူငယ်ချင်းများကိုလည်း ‌နောင် တက်ခွင့်ရ‌စေ ချင်တယ်”ဟု ဆိုသည်။

အလားတူ အခမ်းအနားကို အ‌မေရိကန်ပြည်‌ထောင်စုနှင့် ဩစ‌တြေးလျားနိုင်ငံ အ‌ခြေစိုက် မြန်မာများကလည်း ‌ဒေါ်‌အောင်ဆန်း စုကြည်၏ (၆၅)နှစ်ပြည့် ‌မွေး‌နေ့နှင့် (၁၄)ကြိမ်‌မြောက် မြန်မာနိုင်ငံအမျိုးသမီးများ‌နေ့ကို ယမန်‌နေ့က ပူးတွဲ ပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။