Home ထိပ်တန်းသတင်း မြဝတီမြို့တွင်း ‌ရွွှေဆိုင်တဆိုင် ဓားပြတိုက်ခံရ

မြဝတီမြို့တွင်း ‌ရွွှေဆိုင်တဆိုင် ဓားပြတိုက်ခံရ

1414
ဇွန်လ ၂၂ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ‌ရွှေဆိုင်တဆိုင်ကို ယ‌နေ့ည‌နေ (၅)နာရီခန့်အချိန်တွင် အမည်မသိ လူသုံးဦးက ဓားပြဝင်တိုက် သွားရာ ‌ရွှေသား ကျပ်သိန်း(၂၅၀)‌ကျော်ဖိုးပါသွားသည်ဟု မြဝတီမြို့ခံတစ်ဦးက ‌ပြောသည်။

ဦးထွန်း‌အောင်နှင့် ‌ဒေါ်‌ရွှေသန့် ပိုင်ဆိုင်သည့် ၎င်းမြမြင့်မိုရ်‌ရွှေဆိုင်သည် မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် တည်ရှိပြီး ယ‌နေ့ည‌နေပိုင်းအချိန်တွင် ခဲပုပ်‌ရောင် Dream အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့် 9-MM (၉-မမ) အမျိုးအစား ‌သေနတ်နှစ်လက်အား ကိုင်‌ဆောင်ထား‌သော လူသုံးဦးသည် ‌ရွှေဆိုင်သို့ လာ‌ရောက်ကာ ဓားပြတိုက်ယူသွားခြင်း ဖြစ်‌ကြောင်း အဆိုပါမြို့ခံက ယခုလို ‌ပြောသည်။

သူက “ဒီ‌နေ့ည‌နေပိုင်း မိုး‌လေးနည်းနည်း ရွာ‌နေတဲ့အချိန်မှာ မိုးကာအကျီင်္ဝတ်ထားတဲ့ လူသုံး‌ယောက်က ဆိုင်ကယ်တစ်စီးကို စီးလာတယ်။ ပြီး‌တော့ ‌ရွှေဆိုင် ရှိုး‌ကေ့စ်ဘီဒိုကို ‌သေနတ်နဲ့ ရိုက်ခွဲလိုက်တယ်။ အဲဒီထဲက‌နေ လင်ဗန်းနှစ်ဗန်းယူလိုက်တာကို ဆိုက်ကားသမား‌တွေကမြင်ပြီး လာမယ်လုပ်‌တော့ ဓားပြထဲက တစ်‌ယောက်က ‌သေနတ်နဲ့ တစ်ချက် လှမ်းပစ်တယ်။ မိုး‌ပေါ်ကို တစ်ချက်ပစ်ပြီး ထွက်သွားတယ်။ ‌ရွှေ‌တွေက သိန်း ၂၅၀‌ကျော်ဖိုး ပါသွားတယ်လို့”ဟု ‌ပြောသည်။

ဓားပြတိုက်သူ လူသုံးဦးသည် ဆိုင်ထဲမှထွက်သွားပြီး ‌ရွှေမြင်းမိုရ်ဘုရား ‌မြောက်ဘက်မုခ်အ‌ရောက်တွင် ‌သေနတ်တစ်ချက် ထပ်‌ဖောက်ပြီး “လိုက်ရဲတဲ့‌ကောင် လိုက်လာ”ဟု ‌အော်‌ပြောကာ မြဝတီမြို့ပြင်သို့ထွက်သွား‌ကြောင်း ၎င်းက ဆက်လက် ‌ပြော ဆိုသည်။

လက်ရှိအချိန်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက အမှုကျူးလွန်သူများကို ယ‌နေ့ညပိုင်းအထိ ဖမ်းဆီးနိုင်ခြင်း မရှိ‌သေး‌သော် လည်း အခင်းဖြစ်ပွားခဲ့သည့် ‌ရွှေဆိုင်ပိုင်ရှင်အား ‌မေးမြန်းကာ ‌နောက်‌နေ့မှစ၍ မြဝတီတစ်မြို့လုံးတွင် လုံခြုံ‌ရေးများ ချထားပြီး မသကင်္ာဖွယ်ရာ ကား၊ ဆိုင်ကယ်များအား စစ်‌ဆေး‌မေးမြန်းသွားမည်ဖြစ်ပြီး လုံခြုံ‌ရေးတင်းကြပ်စွာ ချထားနိုင်သည်ဟု မြဝတီ မြို့ခံ အမျိုးသားတစ်ဦးက ‌ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြဝတီရဲစခန်းကို ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းရာ ဖုန်းလိုင်းဖြတ်‌တောက်ထား‌သော်လည်း ဓားပြတိုက်မှု ကျူးလွန်သူများသည် စစ်‌ပြေးနှင့် မြို့ခံများ ပါဝင်နိုင်‌ကြောင်း မြဝတီမြို့ခံတချို့က ခန့်မှန်း‌ပြောဆို‌နေကြသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ယခင်က ပစ္စည်းခိုးမှုနှင့် အခြားအမှုများ ရှိခဲ့‌သော်လည်း ယခုကဲ့သို့ အနုကြမ်းစီး ဓားပြ တိုက်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။