Home ထိပ်တန်းသတင်း ပြည်ပရှိ ဒီမိုက‌ရေစီအင်အားစုများ ‌ဒေါ်‌အောင်ဆန်းစုကြည် ၆၅နှစ်ပြည့်‌မွေး‌နေ့ပွဲ ကျင်းပ

ပြည်ပရှိ ဒီမိုက‌ရေစီအင်အားစုများ ‌ဒေါ်‌အောင်ဆန်းစုကြည် ၆၅နှစ်ပြည့်‌မွေး‌နေ့ပွဲ ကျင်းပ

1231
ဇွန်လ ၁၇ရက်။ ‌နော်‌အောင်‌လေး (‌ကေအိုင်စီ)

မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ၆၅နှစ်ပြည့်‌မွေး‌နေ့ပွဲကို ပြည်ပရှိ ဒီမိုက‌ရေစီ အင် အားစုများ စု‌ပေါင်း၍ ထိုင်းနိူင်ငံ ဘန်‌ကောက်မြို့တွင် ယ‌နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ယ‌နေ့ ကျင်းပပြုလုပ်သည့် ‌ဒေါ်စု၏ ဇွန်လ ၁၉ရက်‌နေ့တွင် ကျ‌ရောက်လာမည့် ၆၅နှစ်ပြည့် ‌မွေး‌နေ့ပွဲကို ပြည်ပရှိ ဒီမိုက‌ရေစီအင်အားစု (၁၀)ဖွဲ့မှ စု‌ပေါင်းဖွဲ့စည်းထားသည့် နိုင်ငံခြား‌ရေးဆိုင်ရာ ပူး‌ပေါင်း‌ဆောင်ရွက် မှုအဖွဲ့(FACT)က ကြီးမှူးကာ ဘန်‌ကောက်မြို့ နိုင်ငံခြားသတင်း‌ထောက်များ ကလပ်(Foreign Correspon-dents Club of Thailand-FCCT)တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုအခမ်းအနားတွင် ထိုင်းလွှတ်‌တော် အမတ် ဖြစ်သူ မစ္စတာခရိုင်ဆတ်၊ ထိုင်းနိုင်ငံဆိုင်ရာ က‌နေဒါသံအမတ် မစ္စတာ ရွန်‌ဟော့ဖ်မန်၊ အ‌မေရိကန်နှင့် ချက် ရီပတ်ဘလစ် သံရုံးတို့မှ တာဝန်ရှိသူများက တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

အခမ်းအနားတွင် အတိုက်အခံ ဒီမိုက‌ရေစီအင်အားစု တိုင်းရင်းသား‌ခေါင်း‌ဆောင်များအချို့နှင့် ထိုင်းလွှတ် ‌တော်အမတ် မစ္စတာခရိုင်ဆတ်တို့မှ အမှာစကား‌ပြောကြားခဲ့ပြီး ‌ဒေါ်‌အောင်ဆန်းစုကြည်အတွက် အ‌မေရိ ကန်၊ က‌နေဒါနှင့် ချက်ရီပတ်ဘလစ် သံအမတ်တို့မှ ‌မွေး‌နေ့ သဝဏ်လွှာများကို ‌ပေးပို့ခဲ့ကြသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်၏ လွတ်‌မြောက်‌ရေးအတွက် ရည်စူး၍ မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးပြဿနာများကို နိုင်ငံ တကာက ပိုမိုသိရှိလာပြီး စစ်အစိုးရအား ပိုမိုဖိအား‌ပေးလာ‌စေရန် ရည်ရွယ်၍ ‌ဒေါ်စု‌မွေး‌နေ့ပွဲကို ယခုလို စု‌ပေါင်းကျင်းပခြင်းဖြစ်‌ကြောင်း အခမ်းအနားကို တက်‌ရောက်ခဲ့သူ ပြည်‌ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့် ‌ပေါင်းအစိုးရ၏ ဖက်ဒရယ်‌ရေးရာဝန်ကြီး ကယန်းအမျိုးသား ခွန်မားကိုဘန်းက ‌ပြောသည်။

“‌ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ နိုင်ငံ‌ရေးမူဝါဒ‌တွေသာလျှင် ဒီမိုက‌ရေစီ အမှန်တကယ် ‌ဖော်‌ဆောင်နိုင်မှာဖြစ် တယ်။ ‌ဒေါ်စု လွတ်‌မြောက်မှ ပင်လုံစာချုပ်ကို အ‌ခြေခံတဲ့ ဒီမိုက‌ရေစီမူဝါဒက ဖြစ်လာမှာမို့ ကျ‌တော်တို့အ‌နေ နဲ့ ‌ဒေါ်စု လွတ်‌မြောက်ဖို့ကို ကြိုးပမ်းရမယ်။ တိုင်းရင်းသားအ‌ရေးနှင့် ဒီမိုက‌ရေစီအ‌ရေးကို ဝိုင်းဝန်းလုပ် ‌ဆောင်သွားကြရမယ်။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံရဲ့လက်ရှိ နိုင်ငံ‌ရေး အ‌ခြေအ‌နေ‌တွေကို သိ‌အောင် ကျ‌နော်တို့ လုပ်ရမယ်” ဟု ‌ပြောသည်။

ထိုင်းနိုင်ငံဆိုင်ရာ က‌နေဒါသံအမတ် မစ္စတာ ရွန်‌ဟော့ဖ်မန်ကလည်း မြန်မာနိုင်ငံ၏ ဒီမိုက‌ရေစီအ‌ရေးနှင့် ပတ်သက်၍ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ဆက်လက် ‌ထောက်ခံသွားမည်ဟု အခမ်းအနားတွင် ‌ပြောကြား သွား‌ကြောင်း သိရသည်။

ယ‌နေ့ အခမ်းအနားတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ ‌မွေး‌နေ့ပွဲအပြင် ‌မေလ ၂၇ရက်‌နေ့မှစ၍ စတင် လုပ် ‌ဆောင်လာခဲ့‌သော စစ်အစိုးရ၏ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်သည့်အ‌နေဖြင့် ကမာ္ဘ‌ပေါ်တဝှမ်းရှိ နိုင်ငံ ‌ပေါင်း (၂၄)နိုင်ငံမှ ဆန္ဒသ‌ဘောထားထုတ်‌ဖော်ခြင်း လှုပ်ရှားမှု ပိတ်ပွဲအစီအစဉ်လည်း ပါဝင်ပြီး ထိုလှုပ်ရှားမှု တွင် လူ‌ပေါင်း(၄၀,၀၀၀)ခန့်က ပါဝင်ဆန္ဒပြုခဲ့‌ကြောင်း (FACT)မှ တာဝန်ခံ ကိုသွယ်လင်း‌အောင်က ‌ကေအိုင် စီကို ‌ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးအတွက် အမျိုးသမီးများ၏အသံများဟူသည့် ဖိနှိပ်ချုပ်ချယ်ခံရ‌သော မြန် မာအမျိုးသမီးများ၏ ဘဝ၊ ရင်တွင်းခံစားချက်များကို ဖွဲ့နွဲ့‌ရေးသားတင်ပြထားသည့် ဝတ္ထုတို (၁၀၁)ပုဒ်ပါ ရှိ သည့်စာအုပ်ကိုလည်း အာဆီယံစင်ပြိုင်(Altsean) အဖွဲ့ကြီးက ယ‌နေ့ကျင်းပသည့် ‌ဒေါ်စု၏‌မွေး‌နေ့ပွဲတွင် ထုတ်‌ဝေခဲ့သည်။