Home ထိပ်တန်းသတင်း ‌ရွှေတူးလုပ်ငန်းကားများ ကြယ်‌ဝေါ်ထာ့စခန်းတွင် ပြန်‌ရွှေ့ထား

‌ရွှေတူးလုပ်ငန်းကားများ ကြယ်‌ဝေါ်ထာ့စခန်းတွင် ပြန်‌ရွှေ့ထား

1658
ဇွန်လ ၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဖာပွန်ခရိုင်တွင် ‌ရွှေတူး‌ဖော်ခဲ့သည့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များက ‌ရွှေတူးရာတွင် ၎င်းတို့ အသုံးပြုခဲ့သည့် ထရပ်ကားများကို သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြယ်‌ဝေါ်ထာ့တပ်စခန်းတွင် ပြန်လည်‌ရွှေ့‌ပြောင်းထားသည်ဟု သိရသည်။

ကြယ်‌ဝေါ်ထာ့တပ်စခန်းသည် ဒီ‌ကေဘီ‌အေ ‌ရွှေတူးရန် ‌ရောက်ရှိလာစဉ်ကတည်းက အမာခံတည်‌ဆောက်ထား‌သော စခန်းဖြစ် သည့်အပြင် ‌ရွှေတူး‌ဖော်သည့်‌နေရာနှင့် မ‌ဝေးလှသည့်အတွက် အဆိုပါကားများကို ထိုကဲ့သို့ ထားရှိခြင်းဖြစ်နိုင်‌ကြောင်း ဖာပွန် ခရိုင်၊ ဒွယ့်လိုးမြို့နယ်အတွင်းရှိ ‌ကျေးရွာ‌ဒေသခံတဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ကြယ်‌ဝေါ်ထာ့တပ်စခန်းဟာ ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)က‌ပေါ့ဗျာ။ နတ်ကြီး-ဘီးလင်းကားလမ်းကြားမှာ ရှိတယ်‌လေ။ ဒါ ‌ကြောင့် နတ်ကြီးရွာက‌နေ ဘီးလင်းမြို့ ကားလမ်းအတိုင်းသွားရင် အဲဒီစခန်းက သဲ‌မြေသယ်ကား၊ ဒီဇယ်ကားနဲ့ ဘူဒိုဇာကား အများအပြားကို လမ်း‌ဘေးက‌နေ လှမ်းမြင်ရတယ်။ ကားက အစီး ၄၀၊ ၅ဝ ‌လောက်ရှိမယ်။ အ‌ဝေးကဆို‌တော့ အတိအကျ‌တော့ ‌ပြောဖို့ခက်တယ်”ဟု သူက ဆိုသည်။

ပြီးခဲ့သည့်နှစ် ‌အောက်တိုဘာလက ဒီ‌ကေဘီ‌အေ (၉၉၉)တပ်မဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောချစ်သူ ဦး‌ဆောင်သည့် အင်အား ၆၀ဝခန့်ရှိ တပ်မဟာ(၉၉၉)၊့ (၃၃၃)နှင့် (၆၆၆)လက်‌အောက်ခံ တပ်ရင်းများသည် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် မယ်ကလယ့် ‌လော်‌ချောင်းသို့ ‌ရွှေတူး‌ဖော်ရန်အတွက် တူး‌ဖော်‌ရေး စက်ပစ္စည်းများ၊ ထရပ်ကားများနှင့် ‌ရောက်ရှိလာပြီး ကုမ္ပဏီအချို့နှင့်အတူ ‌ရွှေတူးလုပ်ငန်း စတင်ခဲ့ကြသည်။

သို့‌သော် ပြီးခဲ့သည့်လဆန်းပိုင်းက ‌ကေအဲန်ယူ တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ‌ရွှေတူး‌ဖော်‌ရေး‌နေရာသို့ သွား‌ရောက်ပစ်ခတ်ခဲ့ သည့်အတွက် မြ‌ဌေးကြွယ်နှင့် ချစ်‌လေးမြိုင် ကုမ္ပဏီဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၅) တပ်မ ဟာမှူး ဗိုလ်မှူးချုပ်‌စော‌ဘော‌ကျော်ဟဲက ‌ပြောသည်။

(‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်း ‌နေရာပြ‌မြေပုံ)

ဗိုလ်မှူးချုပ်‌စော‌ဘော‌ကျော်ဟဲက “‌ရွှေတူးတာက ‌ဒေသခံ‌တွေရဲ့ အသက်‌မွေးဝမ်း‌ကျောင်းမှုကို ထိခိုက်တယ်‌လေ။ အဲဒီကုမ္ပဏီ ‌တွေကို ဟိုတ‌လောက ကျ‌နော်တို့ တပ်‌တွေ သွားပစ်ခတ်တယ်‌လေ။ အဲဒီမှာ ကုမ္ပဏီဝန်ထမ်း‌တွေ ထိခိုက်မှုရှိတယ်။ သူတို့ကို ဒီ‌ကေဘီ‌အေကလည်း ဘာလုံခြုံ‌ရေးမှ မလုပ်‌ပေးနိုင်‌တော့ မြ‌ဌေးကြွယ်နဲ့ ချစ်‌လေးမြိုင် ကုမ္ပဏီလည်း ‌နောက်‌ကြောင်းပြန်လှည့် သွားတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယခုအချိန်တွင် သထုံနှင့် ဖာပွန်ခရိုင်နယ်စပ် ဝင်း‌မောင်း‌ကျေးရွာအုပ်စုသို့ ‌ရောက်ရှိလာသည့် ဒီ‌ကေဘီ‌အေနှင့် ‌ရွှေတူး‌ဖော်‌ရေး သမားများသည် ၎င်းတို့၏လုပ်ငန်းကို ‌မေလဆန်းပိုင်းမှစ၍ ရပ်တန့်ထားခဲ့သည်။