Home ထိပ်တန်းသတင်း ‌ရေမရ‌သော‌ကြောင့် ‌နွေစပါး အသီးမ‌အောင်

‌ရေမရ‌သော‌ကြောင့် ‌နွေစပါး အသီးမ‌အောင်

1576
ဇွန်လ ၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း ‌တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ‌နွေစပါးစိုက်ပျိုးကြ‌သော ‌တောင်သူလယ်သမားများသည် ပြီးခဲ့ သည့်လများက လုံ‌လောက်သည့် ‌ရေမရရှိ‌သော‌ကြောင့် ယခုနှစ် စိုက်ပျိုးသည့် ‌နွေစပါးများမှာ အသီးမ‌အောင်‌ကြောင်း ‌ဒေသခံတစ် ဦးက ‌ပြောသည်။

သူက “ထန်းတပင်မြို့နဲ့ ကပ်လျက် ဆိပ်ကြီး၊ ကွင်း‌နောက် ဆိပ်ကြီးနဲ့ တပ်‌ပြေး စတဲ့ ‌ကျေးရွာ‌တွေတစ်‌လျှောက် ဟိုး ကားလမ်းအ ‌နောက်ဖက် အကုန်လုံးဟာ ဒီနှစ် ‌နွေစပါးစိုက်တာ ‌ရေမရလို့ စပါးပင်‌တွေ ထိုးထိုး‌ထောင်‌ထောင်နဲ့ စပါးသီးလည်း မ‌အောင်ဘူး။ လယ်သမား‌တွေ ‌တော်‌တော် ဒုက္ခ‌ရောက်‌နေတယ်”ဟု ‌ပြောသည်။

ယခုနှစ် ‌နွေကာလသည် ရာသီဥတု အလွန်ပူပြင်း‌သော‌ကြောင့် တချို့‌ချောင်းငယ်များတွင် ‌ရေများခမ်း‌ခြောက်ပြီး လယ်သမားများ မှာ ‌ရေစုပ်စက်ဖြင့် ‌ရေကို စုပ်ထုတ်နိုင်ရန် ‌ငွေ‌ကြေးခက်ခဲသဖြင့် ဓာတ်ဆီမဝယ်နိုင်ဖြစ်‌နေသည်ဟုလည်း ၎င်းက ဆက်‌ပြောသည်။

ယင်းသို့ ‌ရေမရရှိ‌သော‌ကြောင့် ထန်းတပင်မြို့နှင့် (၈)မိုင်ပတ်လည်ရှိ လယ်ဧက ၁၀၀‌ကျော်မှာ စပါးအသီး မ‌အောင်မြင်သည့်အပြင် အရင်းအနှီးနှင့် စပါးမျိုး‌စေ့ ‌မြောက်များစွာ နစ်နာဆုံးရှုံးခဲ့သည်ဟု ‌ဒေသခံ လယ်သမားများ၏ ‌ပြောပြချက်ကို ၎င်းက ရှင်းပြသည်။

‌မေလကုန်ပိုင်းတွင် ‌တွေ့ရသည့် သံလွင်မြစ်‌ရေ မြင်ကွင်းတခု (ဓါတ်ပုံ-KIC)

ယခုနှစ် ‌နွေစပါးသီး မ‌အောင်သည့် အဆိုးရွားဆုံး ‌ကျေးရွာများမှာ ဆိပ်ကြီး၊ တပ်‌ပြေး၊ မိုးမခ၊ ကျီ‌တော်ရွာ အပါအဝင် ‌ကျေးရွာ ‌ပေါင်း (၁၀)‌ကျော်ဖြစ်ပြီး ထို‌ဒေသများသည် နအဖ ထိန်းချုပ်မှု‌အောက်တွင် တည်ရှိ‌နေသဖြင့် မှတ်တမ်း‌ကောက်ယူရန် ခက်ခဲ‌နေ ‌ကြောင်း ကရင်ပြည်တွင်းဌာ‌နေမဲ့ကရင်ဒုက္ခသည်များဆိုင်ရာ‌ကော်မတီ(CIDKP) ‌တောင်ငူခရိုင် တာဝန်ခံ ‌စောအယ်ဝါးက ‌ပြော သည်။

“အဲဒီ‌ဒေသဟာ နအဖရဲ့ ထိန်းချုပ်မှု‌အောက်မှာဆို‌တော့ ကျ‌နော်တို့ CIDKP အ‌နေနဲ့ တစုံတရာ သွားကူညီလို့ မရဘူး။ အကယ်၍ ‌ကေအဲန်ယူ ထိန်းချုပ်မှု‌အောက်က နယ်‌မြေ‌တွေဆိုရင် မှတ်တမ်းမှတ်ရာ‌တွေ ‌ကောက်ယူပြီး‌တော့ အကူအညီ‌ပေးလို့ ရတယ်။ အဲဒီ ‌ဒေသဟာ စစ်‌တောင်းမြစ်နဲ့ နီးနီးကပ်ကပ်ပဲ ‌ရေမရဘူးဆိုတာ နည်းနည်း စဉ်းစားစရာဖြစ်‌နေတယ်”ဟု ‌ပြောသည်။

သို့‌သော် ယခုနှစ်တွင် ‌နေရာအ‌တော်များများရှိ ‌ရေတွင်း ‌ရေကန်များ၊ မြစ်‌ချောင်း၊ အင်းအိုင်များ ‌ရေခမ်း‌ခြောက်လျှက်ရှိရာ မြန်မာ ပြည်တွင် အရှည်ဆုံးမြစ်ဖြစ်သည့် သံလွင်မြစ်‌ရေမှာ ‌မေလကုန်ပိုင်းအထိ နဂိုမူလ၏ ထက်ဝက်‌ကျော်ခန့် ‌လျော့နည်း‌နေခဲ့သည်။

ထန်းတပင်မြို့ အနီးတဝိုက်ရှိ ‌ကျေးရွာများသည် လယ်ယာ၊ ကိုင်း၊ မတ်ပဲများ စိုက်ပျိုးခြင်းကို အသက်‌မွေးဝမ်း‌ကျောင်းလုပ်ငန်းအ ဖြစ် အဓိက လုပ်ကိုင်ကြပြီး ‌နွေစပါးကို နှစ်စဉ် ဒီဇင်ဘာလ (သို့မဟုတ်) ဇန်နဝါရီလမှ စတင်ကာ ‌မေလအတွင်း၌ ပြန်လည်ရိတ် သိမ်းကြသည်ဟု သိရသည်။