Home ထိပ်တန်းသတင်း ‌ကျောင်းအပ်ရာတွင် ယခင်နှစ်‌လောက် အလှူ‌ငွေ မ‌ကောက်ခံ

‌ကျောင်းအပ်ရာတွင် ယခင်နှစ်‌လောက် အလှူ‌ငွေ မ‌ကောက်ခံ

2023
ဇွန်လ ၁ရက်။ ‌နော်‌အောင်‌လေး (‌ကေအိုင်စီ)

မြန်မာနိုင်ငံတွင် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် တက်‌ရောက်သင်ကြားမည့် ‌ကျောင်းသူ‌ကျောင်းသားများသည် ‌ကျောင်း အပ်ရာတွင် လက်ခံသည့်‌ကျောင်းမှ အလှူ‌ငွေများ ယခင်နှစ်‌လောက် ‌ကောက်ခံမှုမရှိ‌ကြောင်း ‌ကေအိုင်စီမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် မင်းကြီးလမ်းရှိ အမက(၃)‌ကျောင်းမှ ‌ကျောင်းသားမိဘတဦးက “‌ကျောင်းအပ်တာ ၇၀ဝပဲ ကျ တယ်။ ‌ကျောင်းဖတ်စာအုပ်နဲ ့ ဗလာစာအုပ်ပါယူရင်‌တော့ ၃,၇၀ဝ ကျတယ်။ အလှူ‌ငွေက‌တော့ သဒ္ဒါသ‌လောက် ထည့်နိုင် တယ်။ အရင်နှစ်ကလို မဟုတ်ဘူး”ဟု ‌ပြောသည်။

ရန်ကုန်မြို့တွင်းရှိ ‌ကျောင်းများတွင် ယခင်နှစ်များက ‌ကျောင်းဖွင့်ချိန် ‌ကျောင်းအပ်ချိန်တိုင်း ‌ကျောင်းအပ်လျှင် အလှူ‌ငွေ သိန်း နှင့်ချီ၍ ‌ပေးရသည့်အပြင် သတ်မှတ်ထားသည့်အတိုင်း ထည့်ဝင်ရပြီး သင်ရိုးညွှန်းတမ်းစာအုပ်များနှင့် ဗလာစာအုပ်ဖိုးလည်း သီးသန့်‌ပေး‌ဆောင်ရ‌ကြောင်း ရန်ကုန်မှ ‌ကျောင်းသားမိဘများက ‌ပြောသည်။

လှိုင်မြို့နယ်မှ သတ္တမ‌ကျောင်းသူတဦး၏ အဘိုးဖြစ်သူတဦးက “သတ္တမတန်း‌ကျောင်းသားတစ်‌ယောက်ရဲ့ ‌ကျောင်းဝင်‌ကြေးက စာအုပ်ဖိုး‌တွေ အလှူ‌ငွေ‌တွေ အပါအဝင် ၁,၀၀၀ဝ ‌လောက်ပဲ ‌ပေးရတယ်ဆိုတာက အရင်က လှိုင်မြို့နယ်မှာ မရှိခဲ့ပါဘူး။ အခု နှစ်မှပဲ ကြားရတာပါ”ဟု ‌ပြောသည်။

ရန်ကုန် ပညာ‌ရေး‌ကောလိပ်နှင့် ‌လေ့ကျင့်‌ရေးသင်တန်း‌ကျောင်း (TTC )‌ကျောင်းတွင် တတိယတန်း ‌ကျောင်းသူ‌လေး၏ မိခင် က “ဒီနှစ် ‌ကျောင်းအပ်တာ တစ်ပြားမှ မကုန်ကျပါဘူး။ အလှူ‌ငွေလည်း ‌လော‌လောဆယ် မ‌ကောက်‌သေးပါဘူး”ဟု ‌ပြော သည်။

အလားတူ ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၆)ရပ်ကွက်မှ ဒုတိယတန်း တက်‌ရောက်သင်ကြားမည့် ‌ကျောင်းသူမိဘတဦးက လည်း “‌ကျောင်းအပ်တာ အားလုံး ၅,၀၀ဝပဲ ကျတယ်။ စာအုပ်ဖိုး‌တွေ အကုန်ပါတယ်။ အထက်က ဘယ်လို ချမှတ်ထားလဲ ‌တော့ မသိဘူး။ ဒီနှစ်မှာ အလှူ‌ငွေက‌တော့ လုံးဝကို မ‌ကောက်ဘူး”ဟု ‌ပြောသည်။

ယခင်နှစ်များက ‌ကျောင်းထိုင်ခုံ၊ စားပွဲများအတွက် အလှူ‌ငွေများ အဆမတန် ထည့်ရသည့်အပြင် ‌ကျောင်းသားသစ်ဆိုပါက ပို၍ခက်ခဲ‌ကြောင်း ယခုနှစ်တွင်မူ မူလတန်းမှာ အခမဲ့ ပညာသင်နှစ်ဖြစ်ပြီး အလယ်တန်းနှင့် အထက်တန်းသာ ‌ကျောင်းလခ ‌ကောက်ခံမည်ဟု အစိုးရက တရားဝင်ထုတ်ပြန်သည်။

အ.ထ.က(၁) အင်းစိန်မှ အဌမတန်း တန်းချုပ် ဆရာမတစ်ဦးက “ဒီနှစ်မှာ ဆရာကြီးက အလှူ‌ငွေကို လုံးဝကို မ‌ကောက်ခိုင်း ဘူး။ အဌမတန်း ‌ကျောင်းလခက‌တော့ ၈၀ဝပဲ ‌ကောက်ခံတယ်။ ကျန်တာက ‌ကျောင်းတံဆိပ်ဖိုးကလည်း အားလုံး‌ပေါင်းမှ ၁၀၀ဝပဲ ‌ကောက်တယ်”ဟု ဆိုသည်။

ယခုနှစ်အတွက် တနှစ်စာ‌ကျောင်း လခနှုန်းထားများမှာ မူလတန်း (အခမဲ့)၊ ပဉ်စမတန်း ၅၀ဝကျပ်၊ ဆဌမတန်း ၆၀ဝကျပ်၊ သတ္တ မတန်း ၇၀ဝကျပ်၊ အဌမတန်း ၈၀ဝကျပ်၊ နဝမတန်း ၉၀ဝကျပ်နှင့် ဒဿမတန်းကို ၁၀၀ဝကျပ် သတ်မှတ်ထားသည်ဟု Eleven Media Group တွင် ‌ဖော်ပြထားသည်။