Home ထိပ်တန်းသတင်း ‌ကော့ကရိတ်မြို့နယ်အတွင်း နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ ဝင်များ အင်အား ၁၅၀‌ကျော် တိုးချဲ့လာ

‌ကော့ကရိတ်မြို့နယ်အတွင်း နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ ဝင်များ အင်အား ၁၅၀‌ကျော် တိုးချဲ့လာ

1577
ဇွန်လ ၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

အင်အား ၁၅၀‌ကျော်ရှိ နအဖနှင့် ဒီ‌ကေဘီ‌အေ ဗဟိုလုံခြုံ‌ရေး ပူး‌ပေါင်းတပ်ဖွဲ့ဝင်များသည် နယ်ခြား‌စောင့်တပ်အစီအစဉ်ကို ငြင်းဆန် ထား‌သော ထိုင်း-မြန်မာနယ်စပ်ရှိ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)အဖွဲ့ကို ဖိအား‌ပေးရန် ကရင် ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌ဝေါ်‌လေဂွင်သို့ တပ်အင်အားတိုးချဲ့လာသည်ဟု သိရသည်။

အင်အား(၁၅၀)‌ကျော်ရှိ‌သော နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၈)လက်‌အောက်ခံ ခမရ(၄၀၃)နှင့် မြိုင်ကြီးငူအ‌ခြေစိုက် ဒီ‌ကေဘီ ‌အေ ဗဟိုလုံခြုံ‌ရေးတပ်ဖွဲ့ဝင်တို့ ပူး‌ပေါင်းတပ်ဖွဲ့သည် ‌ဝေါ်‌လေဂွင်သို့ ယ‌နေ့မနက် (၁၀)နာရီတွင် တက်‌ရောက်လာပြီး နယ်ခြား‌စောင့် တပ်ကို ငြင်းဆန်ထားသည့် ဗိုလ်မှူးကြီး‌စောလားပွယ်(ဗိုလ်နှုတ်ခမ်း‌မွှေး) ဦးစီးသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)တပ်ဖွဲ့ကို ဖိအား‌ပေး ရန်အတွက် ‌ရောက်ရှိလာခြင်းဖြစ်‌ကြောင်း ထို‌ဒေသတွင် လှုပ်ရှား‌နေ‌သော ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၀၁)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စောကြည်‌အောင်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ သိရသ‌လောက်ဆိုရင် နယ်ခြား‌စောင့်တပ်ကို လက်မခံတဲ့ ဗိုလ်နှုတ်ခမ်း‌မွှေးကို လက်မှတ်ထိုးလာ‌အောင် ဖိအား‌ပေး ဖို့အတွက် တက်လာတာဖြစ်တယ်။ မနက်ဖြန်ကျရင် နှုတ်ခမ်း‌မွှေးနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ ရှိတယ်။ ဒီကိစ္စကို နှုတ်ခမ်း‌မွှေးဘက်က လက် မှတ်ထိုးမထိုးဆိုတာက တရက်နှစ်ရက်‌လောက်‌တော့ ‌စောင့်ကြည့်ရအုံးမယ် ထင်ပါတယ်”ဟု ‌ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ ထိပ်ပိုင်း‌ခေါင်း‌ဆောင်တစ်ဦးကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာတွင် ယခု လို ‌ပြောသည်။ “တပ်အ‌ပြောင်းအလဲလုပ်ဖို့အတွက် တက်လာတာပါ။ တခြားဘာကိစ္စမှ မပါပါဘူး။ ကျ‌နော်တို့ အနီးကပ်‌နေတဲ့လူ‌တွေ ‌တောင်မှ ဘာမှမသိဘူး”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ရက်‌နေ့က နယ်ခြား‌စောင့်တပ်အသွင်ကူး‌ပြောင်းရန် ‌နောက်ဆုံးရက်အဖြစ် သတ်မှတ်ခဲ့အချိန်တွင် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များအတွင်း သ‌ဘောထားကွဲလွဲမှုများ ထွက်‌ပေါ်လာခဲ့ပြီး ‌ဝေါ်‌လေဂွင်တွင် နအဖတပ်က အင်အား ၉ဝနီးပါး တိုးချဲ့လာခဲ့သလို ဒီ‌ကေဘီ‌အေဘက်တွင်လည်း စစ်‌ရေးပြင်ဆင်မှုများ လုပ်‌ဆောင်ခဲ့သည်။

တပြိုင်နက်တည်းတွင် ယခင်လဆန်းပိုင်းတုန်းက ဗိုလ်မှူးကြီး‌စောလားပွယ်က နယ်ခြား‌စောင့် အသွင်ကူး‌ပြောင်း‌ရေးကိစ္စကို တိတ်တ ဆိတ် လက်မှတ်‌ရေးထိုးခဲ့သည်ဟု သတင်းထွက်‌ပေါ်ခဲ့‌သော်လည်း ဒီ‌ကေဘီ‌အေဘက်က တရားဝင်ထုတ်ပြန်ခြင်း မရှိ‌သေး‌ပေ။

‌ကော့ကရိတ်မြို့နယ်ရှိ ‌ကေအဲန်ယူ တပ်မဟာ(၆)နယ်‌မြေအတွင်း နအဖစစ်တပ်က တပ်အင်အား တိုးချဲ့မှုများ လုပ်‌ဆောင်‌နေ‌သော် လည်း ‌ကေအဲန်ယူ၏ အခြားတပ်မဟာများတွင် တပ်အင်အားတိုးချဲ့မှုများ မရှိ‌ကြောင်း ‌ကေအဲန်ယူက ‌ပြောသည်။

မဲ‌ဆောက်မြို့‌တောင်ဘက် (၁၂၀)ကီလိုမီတာ အကွာအ‌ဝေးရှိ ‌ဝေါ်‌လေဂွင်တွင် နအဖ စကခ(၈) လက်‌အောက်ခံ ခမရ(၄၀၅)၊ ခမရ (၄၀၇)၊ ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) လက်‌အောက်ခံ (၉၀၇)တပ်ရင်းနှင့် ‌ကေအဲန်အယ်လ်‌အေ (၂၀၁)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိ သည်။