Home ထိပ်တန်းသတင်း ‌ကေအဲန်ယူနှင့် မဆက်သွယ်ရန် ရွာသားများ အမိန့်ထုတ်ခံရ

‌ကေအဲန်ယူနှင့် မဆက်သွယ်ရန် ရွာသားများ အမိန့်ထုတ်ခံရ

1752
ဇွန်လ ၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ တ‌ရေဖိုးကွီး‌ကျေးရွာအုပ်စုအတွင်း လှုပ်ရှား‌နေ‌သော နအဖနှင့် ဒီ‌ကေဘီ‌အေတပ်တို့က ပြီးခဲ့ သည့်လမှစ၍ ယ‌နေ့အချိန်ထိ ‌ဒေသခံ ရွာသူရွာသားအား ‌ကေအဲန်အယ်လ်‌အေနှင့် ဆက်သွယ်မှုများ မလုပ်ရန် အမိန့်ထုတ်ထား ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ‌မေလ ၅ရက်‌နေ့က ထို‌ဒေသတွင် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၁)နှင့် ဗိုလ်ကြီးစိုးမင်းထွန်း ဦးစီး‌သော နအဖတပ် စကခ(၁၉) လက်‌အောက်ခံ ခမရ(၅၈၈)တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် ယခုလို အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်‌ကြောင်း နယ် ‌မြေခံတစ်ဦးက ‌ပြောသည်။

၎င်းက “တ‌ရေဖိုးကွီးရွာ အပြင်ဘက် ကျွန်း‌တောနားမှာ ‌ကေအဲန်အယ်လ်‌အေနဲ့ နအဖစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားသွား‌တော့ ဘယ် ရွာသားမဆို ‌ကေအဲန်ယူနဲ့ လုံးဝ အဆက်အသွယ် မလုပ်ရဘူးလို့ နအဖဘက်က အမိန့်ထုတ်ထားတယ်။ မလိုက်နာလို့ရှိရင် ထိ‌ရောက်စွာ အ‌ရေးယူမယ်လို့ ‌ပြောတယ်။ အရင်က ‌ပြောခဲ့တာရှိ‌ပေမယ့် အခုလို ထိ‌ရောက်တဲ့ အပြစ်‌ပေး အ‌ရေးယူမှု‌တွေ လုပ် မယ်ဆို‌တော့ ရွာသား‌တွေက ‌ကြောက်‌နေကြတာ‌ပေါ့‌နော်”ဟု ‌ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် ကျွန်း‌တော(ပဟီကလား)ရှိ လူ‌နေလယ်တဲ ၅လုံးကို နအဖက မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ည‌နေ ၇နာ ရီခန့်တွင် (ထီးဝါး‌ကွေး)ရှိ လယ်တဲ ၇လုံးကို ဒီ‌ကေဘီ‌အေ တပ်မဟာ(၅၅၅)မှ တပ်ဖွဲ့ဝင်များက ထပ်မံ မီးရှို့ဖျက်ဆီးခဲ့သည်ဟု အဆိုပါနယ်ခံက ဆက်‌ပြောသည်။

‌ကေအဲန်အယ်လ်‌အေ တပ်ရင်း ၂၁မှ တပ်မှူးတစ်ဦးက “ရွာသား‌တွေက ‌တော်‌တော် ‌ဒေါသထွက်‌နေကြတာ‌ပေါ့‌နော်။ ကျ‌နော်တို့ကို အမြင်မမှားဖို့ ရွာသား‌တွေ နားလည်သ‌ဘော‌ပေါက်‌အောင် ရှင်းပြထားပါတယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေအတွင်းရှိ တ‌ရေဖိုးကွီး‌ကျေးရွာအုပ်စုသည် လယ်တဲ ၁၁လုံး မီးရှို့ခံရသည့်အပြင် နအဖနှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်တို့က ‌ကေအဲန်အယ်လ်‌အေနှင့် အဆက်အသွယ် မလုပ်ရန် အမိန့်ထုတ်ပြန်‌သော‌ကြောင့် ယခုအချိန်တွင် ရွာသူရွာသားများက အလုပ်ခွင်သို့သွားလာရန် အလွန်‌ကြောက်ရွံ့‌နေကြသည်ဟု သိရသည်။

ထို‌ဒေသတွင် နအဖစစ်တပ် စကခ(၁၉)လက်‌အောက်ခံတပ်ရင်းများနှင့် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅၅၅) တပ်ဖွဲ့ဝင်များ လှုပ်ရှား ‌နေကြသလို ‌ကေအဲန်ယူ တပ်မဟာ(၇) လက်‌အောက်ခံ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၂၁)တို့ လှုပ်ရှား‌နေလျှက်ရှိသည်။