Home ထိပ်တန်းသတင်း အကယ်ဒမီ ထက်ထက်မိုးဦးအား စာ‌ပေနှင့် စာနယ်ဇင်းအဖွဲ့မှ ရှုတ်ချ

အကယ်ဒမီ ထက်ထက်မိုးဦးအား စာ‌ပေနှင့် စာနယ်ဇင်းအဖွဲ့မှ ရှုတ်ချ

1648
ဇွန်လ ၂ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

7 Day News သတင်း‌ထောက် မ‌အေးသူစံကို ကိုယ်ထိလက်‌ရောက် ရိုင်းပျစွာ ဆက်ဆံခဲ့သူ ရုပ်ရှင်သရုပ်‌ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးအား အမှု‌ကျေ‌အေး‌စေရန်အတွက် နှစ်ဖက်စလုံးကို ဖိတ်‌ခေါ်ကာ ညှိ်နှိုင်းခဲ့‌သော်လည်း လိုက်‌လျောသ‌ဘောတူ ညီမှု မရှိသည့် ထက်ထက်မိုးဦးကို မြန်မာနိုင်ငံ စာ‌ပေနှင့် စာနယ်ဇင်းအဖွဲ့က ရှုတ်ချလိုက်သည်။

‌မေလ ၃၁ရက်‌နေ့စွဲဖြင့် ထုတ်ပြန်သည့် ရန်ကုန်မြို့ အ‌ခြေစိုက် မြန်မာနိုင်ငံ စာ‌ပေနှင့် စာနယ်ဇင်းအဖွဲ့၏ ‌ကြေညာချက်တွင် 7 Day News ဂျာနယ် တိုင်ကြားချက်‌ကြောင့် စာနယ်ဇင်းအဖွဲ့က ဆဲဗင်း‌ဒေး သတင်း‌ထောက် မ‌အေးသူစံအား ‌မေလ (၂၃)ရက် ‌နေ့တွင်လည်း‌ကောင်း၊ မြန်မာနိုုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သရုပ်‌ဆောင် ထက်ထက်မိုးဦးအား ‌မေလ (၂၆)ရက်‌နေ့တွင် သီးခြား ‌တွေ့ဆုံညှိနှိုင်းခဲ့သည်ဟု ‌ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်ပါ ညှိနှိုင်းချက်သုံးချက်တွင် ထက်ထက်မိုးဦးအ‌နေဖြင့် မိမိ၏လုပ်ရပ်ကို လူသိရှင်ကြား ‌တောင်းပန်သွားပါ က မ‌အေးသူစံအ‌နေဖြင့် တရားစွဲဆိုထားမှုကို ရုတ်သိမ်းရန်နှင့် မလိုက်‌လျောပါက ဆက်လက် တရားစွဲဆိုသွားမည်ဖြစ်‌ကြောင်း ပါရှိ‌သော်လည်း ရုပ်ရှင်သရုပ်‌ဆောင် ထက်ထက်မိုးဦးက သ‌ဘောတူညီမှု လုံးဝ မပြုလုပ်နိုင်‌ကြောင်း ပြန်ကြား‌ပြောဆိုခဲ့သည်။

ထို့အတွက် မြန်မာနိုင်ငံ စာ‌ပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဌ ကိုယ်စား အတွင်း‌ရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)က လက်မှတ်ထိုးကာ ‌ကြေညာချက်ထုတ် ရှုတ်ချလိုက်ခြင်းဖြစ်သည်။

မြန်မာ့သတင်းသမဂ္ဂ ဒုဥက္ကဌ ဦးဇင်လင်းက “ဒီကိစ္စက‌တော့ သက်‌ရောက်မှုရှိတဲ့သူက သတင်း‌ထောက်ဆို‌တော့ တစ်ဖက်က စာနယ်ဇင်း‌တွေနဲ့ ညှိနှိုင်းတယ်။ တစ်ဖက်ကလည်း ရုပ်ရှင်အဖွဲ့အစည်းဆို‌တော့ အဖွဲ့အစည်းချင်း‌တွေ့ပြီး ကြီး‌သောအမှုကို ငယ်‌အောင်၊ ငယ်‌သောအမှုကို ပ‌ပျောက်‌အောင်ဆိုပြီး‌တော့ သူတို့က ညှိနှိုင်း‌သေးတယ်။ ဒါကို မင်းသမီးဘက်က‌နေပြီး ပယ်ချ လိုက်တယ်။ တကယ်‌တော့ လူကြီး‌တွေက ဖြစ်သင့်တာကို လုပ်တဲ့အချိန်မှာ မင်းသမီးအ‌နေနဲ့ လက်မခံလိုက်တဲ့အတွက် သူ့အ မှား ဖြစ်တယ်”ဟု သုံးသပ်သည်။

7 Day News ဂျာနယ်က ရုပ်ရှင်အစည်းအရုံးသို့ ‌မေလ (၂၁)ရက်‌နေ့တွင် တိုင်ကြားထား‌သော်လည်း အမှုကိစ္စကို တစုံတရာ အ‌ကြောင်းပြန်ကြားခြင်းမရှိဟု ဂျာနယ်အယ်ဒီတာတစ်ဦးက မဇ္ဈိမသတင်းဌာနကို ‌ပြောဆိုခဲ့သည်။

နာမည်ကြီး ရုပ်ရှင်သရုပ်‌ဆောင် မင်းသမီးထက်ထက်မိုးဦးက စာနယ်ဇင်းသမားတဦးအား ရိုင်းပျစွာ ကိုယ်ထိလက်‌ရောက် ဆက်ဆံခဲ့‌သောသတင်းမှာ လူအများ စိတ်ဝင်စားကာ ‌ရေပန်းစား‌နေသည်ဟု ရန်ကုန်မှ သတင်းသမားတစ်ဦးက ‌ပြောသည်။

‌မေလ ၁၉ရက်‌နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ရှိ ကုန်စည်ပြပွဲတခုတွင် နှစ်ထပ်ကွမ်း အကယ်ဒမီဆုရှင် ထက်ထက်မိုးဦးက လူပုံအလယ်၌ အိမ်‌ထောင်‌ရေးဆိုင်ရာ ‌မေးခွန်းများ ‌မေးမြန်းခဲ့သည့် သတင်း‌ထောက် မ‌အေးသူစံကို ဆံပင်ဆွဲကာ လည်ပင်း ညှစ်ခဲ့သည့်အ‌ပေါ် မ‌အေးသူစံက ရန်ကင်းမြို့နယ် တရားရုံးတွင် အမှုဖွင့်ခဲ့ပြီး ‌မေလ ၂၄ရက်‌နေ့က တရားရင်ဆိုင်ခဲ့ခြင်း ဖြစ် သည်။