Home ထိပ်တန်းသတင်း လူ‌သေသည်အထိ ဓားထိုးမှု ကျူးလွန်သူကို ဖမ်းဆီးရမိ

လူ‌သေသည်အထိ ဓားထိုးမှု ကျူးလွန်သူကို ဖမ်းဆီးရမိ

1970
ဇွန်လ ၁၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ မယ်ရာမိုဒုက္ခသည်စခန်းတွင် ယမန်‌နေ့ည‌နေက ဒုက္ခသည်မိသားစုတခုအတွင်း လူ‌သေ သည်အထိ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ထိုးသတ်ခဲ့သူကို ယ‌နေ့မနက်တွင် စခန်းလုံခြုံ‌ရေး တာဝန်ရှိသူများက ဖမ်းဆီးရမိပြီဖြစ်‌ကြောင်း စခန်းတွင်း ‌နေထိုင်သူများ၏ ‌ပြောပြချက်အရ သိရသည်။

ဓားထိုးခံရ၍ ‌သေဆုံးသူမှာ ‌စောကလယ်‌ဒေး ၄၈နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ‌နော်ကလယ့်လယ် ၅ဝနှစ်တို့ဖြစ်ကာ ပြစ်မှုကျူးလွန် သူ အသက် ၃၅နှစ်အရွယ်ရှိ ‌စောအဲ့ဒို့ဝါးမှာ ထွက်‌ပြေးပုန်း‌ရှောင်ရာမှ ၎င်းကို အင်အား ၄၀‌ကျော်ရှိ စခန်းလုံခြုံ‌ရေးအဖွဲ့က မယ် ရာမိုစခန်း အ‌နောက်ဖက်ရှိ ‌တော‌တောင်ထဲတွင် ရှာ‌ဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မယ်ရာမိုစခန်း၊ ရပ်ကွက်(၆)တွင် ယမန်‌နေ့ ည‌နေ ၆း၃ဝနာရီက ဖြစ်ပွားခဲ့သည့် အဆိုပါဓားထိုးမှုနှင့်ပတ်သက်၍ စခန်းလုံခြုံ‌ရေး မှူး ‌စော‌နေ‌နေလူးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“အိမ်‌ပေါ်မှာ ၄‌ယောက်သား စကား‌ပြော‌နေကြတယ်။ သူ(ဓားဖြင့်ထိုးသူ)က တနှစ်‌ကျော်သမီးကို ချီရင်း အိမ်ထဲဝင်သွားတယ်။ ပြန်ထွက်လာ‌တော့ ဓါးချွန်တလက်နဲ့ လူ‌တွေကို ထိုး‌တော့တာပဲ။ ‌စောကလယ်‌ဒေးကို ထိုးတဲ့အချိန် သူ့လက်ထဲက က‌လေးကို ‌ဘေးက လူကြီးတ‌ယောက်က လုယူပြီး ထွက်‌ပြေးသွားတယ်။ အိမ်‌အောက်မှာရှိတဲ့ သူ့မိန်းမနဲ့က‌လေးလည်း ထွက်‌ပြေးတာ‌ပေါ့။ ‌သေသွားတဲ့ ‌စောကလယ်‌ဒေးဟာ ရင်ဘတ်မှာ ၃ချက်နဲ့ ‌နောက်‌ကျောမှာ ၈ချက် အထိုးခံရတယ်။ ဒဏ်ရာရတဲ့ မိန်းမကြီးက သူ့ ‌ယောက္ခမပဲ။ ညာဖက်ဝမ်းဗိုက်‌ဘေးမှာ တချက် အထိုးခံရတယ်။ အခု ရပ်ကွက်(၄)‌ဆေးရုံမှာ တင်ထားတယ်”ဟု ‌ပြောသည်။

ဆက်လက်၍ “ဒီလူ ဘာ‌ကြောင့် လူ‌တွေကို ဓါးနဲ့ ထိုးတယ်ဆိုတာ ကျ‌နော်တို့ ‌ပြောရခက်တယ်။ အရင်တုန်းက ‌ရောဂါဆိုးတခု ရှိ တယ်လို့ ကြားတယ်။ ဒါ‌ပေမယ့် အဲဒီ‌ရောဂါထလာတဲ့အချိန် ဒီလို တခါမှ မဖြစ်ဖူးဘူး။ သူဟာ ရူးတယ်လို့ ‌ပြောရင်လည်း လူထိုး သတ်ပြီး ဘာဖြစ်လို့ ‌ပြေးတာလဲ။ ‌နောက်တခုက ဒီမနက် ၈နာရီ‌လောက်မှာ သူ့ဝက်ကို ပြန်လာသတ်‌သေးတယ်။ လုံခြုံ‌ရေးအဖွဲ့ ‌အော်‌တော့ သူ ထွက်‌ပြေးတယ်။ သူ့မှာ ဓါးတလက်ပါတယ်”ဟု သူက ရှင်းပြသည်။

‌စောအဲ့ဒို့ဝါးသည် ထွက်‌ပြေးတိမ်း‌ရှောင်ချိန်တွင် ၎င်းအား လိုက်လံဖမ်းဆီးသည့် စခန်းလုံခြုံ‌ရေးအဖွဲ့ နင်းမိ‌စေရန် ဝါးချွန်များကို ‌ထောင်‌ချောက်အဖြစ် အသုံးပြု‌ထောင်ထားခြင်းကို ကြည့်ခြင်းအားဖြင့် ဦး‌နှောက်မမှန်သည့် စိတ္တဇ‌ဝေဒနာသည်တဦးဟု ယူဆရ ခက်‌ကြောင်းနှင့် ဖမ်းမိပြီး‌နောက် ‌မေးမြန်းမှုများကိုလည်း ‌ကောင်းမွန်စွာ ‌ဖြေကြားခြင်းမရှိဟု စခန်းလုံခြုံ‌ရေးများက ‌ပြောသည်။

မယ်ရာမိုစခန်း ‌နေထိုင်သူတဦးက “ဖမ်းမိပြီဆို‌တော့ အခုမှပဲ ရင်‌အေးရ‌တော့တယ်။ ညက ရပ်ကွက်(၆)က သူ့အိမ်နဲ့ နီးတဲ့ အိမ် ‌တွေ ‌ကြောက်လို့ မအိပ်ရဲကြဘူး။ သူ့မိန်းမနဲ့ က‌လေး‌တွေဆိုရင် ဓါးထိုးမှုဖြစ်ဖြစ်ချင်း သူများအိမ်မှာ သွားပုန်း‌နေတာ ခုထိပဲ။ ည က သူ့အိမ်မှာ လုံခြုံ‌ရေးအဖွဲ့‌တွေ အပြည့်‌စောင့်ကြည့်‌နေကြတယ်”ဟု ‌ပြောပြသည်။

လက်ရှိအချိန်တွင် အဆိုပါ ဓားထိုးလူသတ်မှု ကျူးလွန်သူကို စခန်းလုံခြုံ‌ရေးရုံးတွင် ထိန်းသိမ်းထား‌သော်လည်း ၎င်းကို စခန်း ဆိုင်ရာ ထိုင်းလုံခြုံ‌ရေးအဖွဲ့(ထာ့ဟမ်ဖန်း)က မြို့နယ်အဆင့် တရားရုံးသို့ အပ်နှံသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ဥပ‌ဒေအတိုင်း အ‌ရေးယူ ‌ဆောင်ရွက်သွားမည်ဖြစ်သည်။

သား(၂)ဦးနှင့် သမီး(၁)ဦးရှိသည့် ‌စောအဲ့ဒို့ဝါးသည် ၎င်း၏ဇနီးနှင့်အတူ ‌ညောင်‌လေးပင်ခရိုင်မှ မယ်ရာမိုစခန်းအတွင်းသို့ (၇)နှစ် ခန့် လာ‌ရောက်အ‌ခြေချ ‌နေထိုင်ခဲ့ပြီး ဒုက္ခသည်ဦး‌ရေ (၁၉,၀၀၀)‌ကျော်ရှိ မယ်ရာမိုကရင်ဒုက္ခသည်စခန်းတွင် အလားတူ ဓားထိုး လူသတ်မှုမျိုး ယခင်က မရှိခဲ့ဖူးဟု စခန်းလုံခြုံ‌ရေးမှူး ‌စော‌နေ‌နေလူးက ‌ပြောသည်။