Home ထိပ်တန်းသတင်း မီးရှို့ခံရ၍ ပျက်စီးဆုံးရှုံး သွားသည့် ဥယျာဉ်ခြံ ဧက ၅၀ဝ ဝန်းကျင်ရှိ‌ကြောင်း ခန့်မှန်း

မီးရှို့ခံရ၍ ပျက်စီးဆုံးရှုံး သွားသည့် ဥယျာဉ်ခြံ ဧက ၅၀ဝ ဝန်းကျင်ရှိ‌ကြောင်း ခန့်မှန်း

1611
ဇွန်လ ၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း၊ ‌တောင်ငူခရိုင်၊ ထန်းတပင်နှင့် သံ‌တောင်မြို့နယ်တို့တွင် နအဖ လှုပ်ရှားတပ်များ၏ လိုက်လံမီးရှို့မှု ‌ကြောင့် ၂၀၁ဝခုနှစ်အတွင်း ‌ဒေသခံပြည်သူ ဥယျာဉ်ခြံ ဧက ၅၀ဝ ဝန်းကျင် ပျက်စီးဆုံးရှုံးမှုရှိသည်ဟု ခန့်မှန်းရ‌ကြောင်း ပြည် တွင်းဌာ‌နေမဲ့ကရင်ဒုက္ခသည်များဆိုင်ရာ‌ကော်မတီ (စီအိုင်ဒီ‌ကေပီ) အဖွဲ့ဝင်တဦးက ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောသည်။

မီးရှို့ခံရသည့် ဥယျာဉ်ခြံများမှာ ဒူးရင်းခြံ၊ လက်ဖက်ခြံ၊ ဖာလာခြံ၊ ကွမ်းခြံ၊ ကွမ်းသီးခြံနှင့် ဓညင်းခြံများဖြစ်ပြီး ယခုနှစ်အတွင်း သုံး ကြိမ် မီးရှို့ခံခဲ့ရသည်ဟု ‌တောင်ငူ‌ဒေသခံတစ်ဦးဖြစ်သူ စီအိုင်စီ‌ကေပီ အဖွဲ့ဝင် ‌စောအယ်ဝါးက ယခုလို ‌ပြောသည်။

“‌ဖေ‌ဖော်ဝါရီလမှာ တကြိမ်။ မတ်လမှာ တကြိမ်။ အခု ဧပြီလအကုန်က‌နေ ‌မေလ ၁၇ရက်‌နေ့အထိ တကြိမ်‌ပေါ့‌နော်။ ဒီ‌နောက် ဆုံးတကြိမ်မှာ‌တော့ ဧက ၃၀၀‌ကျော် ရှိမယ်။ အများဆုံးပဲ။ သုံးကြိမ်လုံး ‌ပေါင်းလိုက်ရင် ဧက ၅၀ဝ ဝန်းကျင်‌လောက်ရှိတယ်ဆို တာ ကျ‌နော်တို့ အခိုင်အမာ ‌ပြောနိုင်တယ်။ ဒါ‌တောင် ကျ‌နော်တို့ စာရင်း‌တွေ အကုန်မ‌ကောက်နိုင်‌သေးဘူး”ဟု ဆိုသည်။

၎င်း‌ဒေသအတွင်း လက်ရှိ လှုပ်ရှား‌နေသည့် စစ်ကွပ်ကဲ‌ရေးဌာနချုပ် (စကခ-၇) လက်‌အောက်ခံ ခမရ(၄၂၄)၊ ခမရ(၄၂၆) တပ် ရင်းတို့သည် ‌ဘောဂလိ-ဘူဆာခီးလမ်း ကားလမ်းဝန်းကျင်တ‌လျှောက်ရှိ ‌ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံများကို ယခုလို မီးရှို့ ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ‌တောင်ငူခရိုင် ‌ကေအဲန်အယ်လ်‌အေ တပ်ဘက်အရာရှိတစ်ဦးက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံ ပြည်သူတစ်ဦးကလည်း ၎င်းတို့ ဆုံးရှုံးသွားသည့် ဥယျာဉ်များသည် ‌မြေတန်ဖိုးအရ တွက်ချက်ပါက ကျပ်‌ငွေသိန်း‌ထောင်‌ပေါင်းများစွာနှင့် ညီမျှပြီး အပင်များကို ပြန်လည်စိုက်ပျိုးမည်ဆိုပါက အနည်းဆုံး ၄၊ ၅နှစ်ခန့် ‌စောင့်ရမည် ဖြစ်သည့်အတွက် စားဝတ်‌နေ‌ရေးအတွက် များစွာထိခိုက်နိုင်သည်ဟု ဆိုသည်။

၎င်းအပြင် သူက “ဒီဆုံးရှုံးသွားတဲ့ ဥယျာဉ်ရဲ့ တန်ဖိုး‌တွေကို ကြည့်မယ်ဆိုရင် အခု ကွမ်းသီးတပိဿာ ကာလ‌ပေါက်‌ဈေး ကျပ် ‌ငွေ သုံး‌ထောင်နဲ့ ‌လေး‌ထောင်ကြားမှာရှိတယ်။ ကွမ်းသီးတခြံကို ပိဿာ ၅ဝထွက်‌တော့ အကြမ်းဖျင်းအားဖြင့် မြန်မာ‌ငွေကျပ် နှစ် သိန်း‌လောက်ရတာ‌ပေါ့။ ခြံတစ်ရာ‌လောက်ဆိုရင် ဘယ်‌လောက်အထိ နစ်နာသလဲ။ ဖာလာဆိုရင် ကာလ‌ပေါက်‌ဈေးအရ တစ်ပိ ဿာကို တစ်‌သောင်း‌လောက် ရှိတယ်။ တခြံမှာ ပိဿာ တစ်ဆယ်၊ နှစ်ဆယ်‌လောက်ထွက်ရင် ‌ငွေက မနည်းဘူး။ ဒါ အနိမ့်ဆုံး အဆင့်‌လောက်ပဲ တွက်ကြည့်တာ”ဟု ရှင်းပြသည်။

ယခင်နှစ်များအတွင်း ယခုလို မိုးဦးချိန် ‌မေလနှင့် ဇွန်လ၌ ကွမ်းသီး၊ ဓညင်းသီးကို ခူး‌ရောင်း၍ ရသည့်‌ငွေကို ဆန်နှင့် အခြားစား နပ်ရိက္ခာများကို ဝယ်ယူနိုင်‌သော်လည်း ယခုနှစ်တွင် မဝယ်နိုင်‌တော့ဟု အဆိုပါ‌ဒေသခံက ဆက်‌ပြောသည်။

မီးရှို့ထားပြီးသား ကွမ်းခြံခင်း (ဓါတ်ပုံ - CIDKP)

‌တောင်ငူခရိုင်အတွင်း ‌နေထိုင်သူများသည် ဥယျာဉ်ခြံဖြင့် အသက်‌မွေး ရပ်တည်နိုင်ကြပြီး ထိုဝင်‌ငွေဖြင့် ကရင်အမျိုးသားအစည်း အရုံး(‌ကေအဲန်ယူ) လက်‌အောက်ခံတပ်များကို ‌ထောက်ပံ့‌နေခြင်းဖြစ်သည်ဟု နအဖ က ယူဆကာ ပြီးခဲ့သည့် ၂၀၀၉ခုနှစ်မှစ၍ တိုင်းမှူးက ထိုဂွင်၌ လှုပ်ရှား‌နေသည့် စကခ(၇)လက်‌အောက်ခံတပ်များကို ‌နွေရာသီ၌ ဥယျာဉ်ခြံများကို မီးလိုက်ရှို့ရန် ညွှန် ကြားထား‌ကြောင်း ‌တောင်ငူခရိုင် ‌ကေအဲန်အယ်လ်‌အေ တပ်ဘက်အရာရှိတစ်ဦးက ‌ပြောသည်။

လက်ရှိအချိန်တွင် ‌တောင်ငူခရိုင်၌ နအဖ စကခ(၇) လက်‌အောက်ခံ ခမရ(၄၂၄)၊ (၄၂၆)၊ (၄၂၇)၊ (၃၆၆)၊ ခလရ(၂၅၀)၊ (၂၅၁) (၁၀၂)နှင့် ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၂) လက်‌အောက်ခံ တပ်မဟာ စစ်ဆင်‌ရေးတပ်ဖွဲ့၊ တပ်ရင်း(၆)တို့ ပုံမှန် လှုပ်ရှား လျှက်ရှိသည်။