Home ထိပ်တန်းသတင်း ဘုရားသုံးဆူဂွင်တွင် အဆုတ်တီဘီ‌ရောဂါ အဖြစ်များ‌နေ

ဘုရားသုံးဆူဂွင်တွင် အဆုတ်တီဘီ‌ရောဂါ အဖြစ်များ‌နေ

1790
ဇွန်လ ၃ဝရက်။ ‌နော်‌အောင်‌လေး (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂွင်အတွင်းရှိ လူထုများသည် ကျန်းမာ‌ရေး ဗဟုသုတနည်းပါးမှု‌ကြောင့် ယခုချိန်တွင် အဆုတ် တီဘီ‌ရောဂါ ကူးစက်ဖြစ်ပွားမှု ပိုမိုများပြားလာ‌ကြောင်း ‌ဒေသခံ‌ဆေးဝန်ထမ်းများ၏ ‌ပြောပြချက်အရ သိရှိရသည်။

ဘုရားသုံးဆူဂွင်တွင် ယခု ၂၀၁ဝခုနှစ် နှစ်ဆန်းပိုင်းအတွင်း ကျန်းမာ‌ရေးဆိုင်ရာ အကူအညီ‌ပေး‌နေ‌သော NGO (World Vision) အဖွဲ့မှ တီဘီတိုက်ဖျက်‌ရေးအစီအစဉ် စတင်လုပ်‌ဆောင်လာသည့်အချိန်မှစ၍ ‌ဒေသတွင်း ‌ရောဂါပြန့်ပွားမှုအ‌ခြေအ‌နေ ပိုမိုများပြား‌နေသည်ကို ‌တွေ့ရှိလာခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံဘက်ခြမ်း စန်ခလဘူရီမြို့ရှိ ခွင့်မလိုင်း‌ဆေးရုံတွင် တာဝန်ထမ်း ‌ဆောင်‌နေသူ ဆရာဟား‌ရေမူးက ‌ပြောသည်။

သူက “အရင်ကတည်းက တီဘီ‌ရောဂါဖြစ်တဲ့သူ‌တွေ ရှိ‌တော့ရှိ‌နေမှာပဲ။ ကျန်းမာ‌ရေး ဗဟုသုတ နည်းတဲ့အခါကျ‌တော့ မသိကြ ဘူး‌ပေါ့။ ဒါ‌ပေမဲ့ အခု NGO (World Vision)အဖွဲ့က ‌ဆေးကုသ‌ပေးတဲ့ အစီအစဉ်‌တွေ လုပ်‌ပေးလာ‌တော့ ‌ရောဂါသည်‌တွေက ကိုယ်ခံစား‌နေရတဲ့ ‌ရောဂါအ‌ခြေအ‌နေကို သိလာရတယ်။ တချို့‌ရောဂါသည်‌တွေဆိုရင် သလိပ်စစ်ပြီးလို့ တီဘီ‌ရောဂါဖြစ်‌နေ တာ‌တောင် မယုံနိုင်ကြဘူး”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဘုရားသုံးဆူဂွင်အတွင်း ‌နေထိုင်ကြသည့် လူထုများသည် ‌ဆေးပညာ ဗဟုသုနည်းကြပြီး အများစုက စား‌သောက်ဆိုင်များမှ အ စားအစာများကို ဝယ်ယူစားသုံးကြခြင်း‌ကြောင့် တီဘီ‌ရောဂါ ကူးစက်ဖြစ်ပွားမှု များပြားလာခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ရှိ တီဘီ‌ရောဂါတိုက်ဖျက်‌ရေး အစီအစဉ်တွင် တာဝန်ယူ ‌ဆောင်ရွက်‌နေ‌သော ဆရာမတစ်ဦးက ‌ပြောသည်။

သူမက “အခုချိန်မှာ လူ‌တွေက အလုပ်ကိစ္စ‌တွေရှိရင် ဆိုင်မှာချိန်းကြပြီး စားကြတာ များလာတယ်။ အပြင်စား‌သောက်ဆိုင်‌တွေ က သုံးစွဲ‌နေကြတဲ့ ပန်းကန်၊ ခွက်‌တွေကို ‌ရေ‌နွေးနဲ့ ‌သေချာ‌ဆေး‌ကြောတာ မရှိတဲ့အခါကျ‌တော့ ကူးစက်တတ်တဲ့‌ရောဂါ‌တွေ ဖြစ်ပွားမှုများလာတယ်။ အခု တီဘီ‌ရောဂါ စစ်‌ဆေးကြည့်လိုက်‌တော့မှ ဆယ်‌ယောက်မှာ ‌လေး‌ယောက်‌လောက်က ဖြစ်‌နေတာ ‌တွေ့ရတယ်”ဟု ‌ပြောသည်။

တီဘီ‌ရောဂါသည် ကူးစက်တတ်‌သော ‌ရောဂါဖြစ်သည့်အတွက် အဆိုပါ‌ရောဂါပိုးရှိသူများကို ၆လမှ ၉လအထိ စနစ်တကျ အ ဆုတ်‌ဆေး‌သောက်သုံးရပြီး လက်ရှိအချိန်တွင် ‌ဆေးဝန်ထမ်းများက တီဘီ‌ရောဂါသည်များကို ‌ဆေးရုံအတွင်းသို့ ‌ခေါ်ယူကုသ ‌ပေးလျှက်ရှိသည့်အပြင် ၎င်းတို့‌နေထိုင်ရာ ‌နေအိမ်များသို့လည်း သွား‌ရောက်ကုသ‌ပေးလျှက်ရှိ‌ကြောင်း ဆရာ‌စောဟား‌ရေမူးက ‌ပြောသည်။

“ခွင့်မလိုင်း‌ဆေးရုံမှာ လူနာ‌တွေကို ပထမအဆင့် ‌သွေးစစ်၊ သလိပ်စစ်ပြီး တီဘီ‌ရောဂါပိုးရှိတယ်ဆိုရင် ‌ဆေးရုံမှန်လုံခန်းမှာ ၁၄ ရက်မှ ရက် ၂ဝအထိထားပြီး သီးခြား‌ဆေးကုသမှု ‌ပေးတယ်။ ပြီး‌တော့မှ သူတို့အတွက် ‌ဆေးကုသမှု၊ ဝန်‌ဆောင်မှု ‌ပေးနိုင်‌သော ‌ဒေသ‌တွေမှာ ‌နေထိုင်တဲ့လူနာဆို အိမ်ပြန်ခိုင်းတယ်။ ‌ဆေးဝန်ထမ်း‌တွေက အိမ်တိုင်ရာ‌ရောက် ကုသမှု‌တွေ လုပ်‌ပေးတယ်။ တချို့ ‌ဝေးလွန်းတဲ့ ‌ကျေးရွာ‌တွေမှာ‌နေတဲ့ ‌ရောဂါသည်‌တွေကို‌တော့ ‌ဆေးရုံရဲ့ တန်းလျားမှာ ‌ပေး‌နေတယ်။ ရိက္ခာနှင့် ‌ဆေးဝါး ကုသမှုအကုန်လုံးကို (World Vision)က တာဝန်ယူ ‌ထောက်ပံ့‌ပေးတယ်”ဟု ဆိုသည်။

လက်ရှိအချိန်၌ ဘုရားသုံးဆူအနီး စန်ခလဘူရီမြို့ရှိ ခွင့်မလိုင်း‌ဆေးရုံတွင် တီဘီ‌ရောဂါသည် (၃၀)ဦးခန့် ‌ဆေးကုသမှု ခံယူ လျှက်ရှိပြီး ‌ကျေးရွာအတွင်းမှ ‌နေအိမ်များသို့ လူနာ (၆၀)‌ကျော်ရှိ‌နေသည်ဟု သိရသည်။

အဆိုပါ‌ဒေသတွင် လက်ရှိအချိန်၌ အဆုတ်‌ရောဂါအပြင် တုပ်‌ကွေး‌ရောဂါ ကူးစက်ဖြစ်ပွားမှုများလည်း ရှိ‌နေ‌ကြောင်း ‌ဒေသခံ များ၏ ‌ပြောပြချက်အရ သိရသည်။