Home ထိပ်တန်းသတင်း နအဖစစ်တပ် ရိက္ခာနှင့် ‌ဆေးဝါးပစ္စည်းများ ‌ကေအဲန်အယ်လ်‌အေ သိမ်းဆည်းခဲ့

နအဖစစ်တပ် ရိက္ခာနှင့် ‌ဆေးဝါးပစ္စည်းများ ‌ကေအဲန်အယ်လ်‌အေ သိမ်းဆည်းခဲ့

1922
ဇွန်လ ၁ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌ဝေါ်‌လေဂွင်၌ လှုပ်ရှား‌နေ‌သော ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ် မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ဖွဲ့ဝင်များသည် ယမန်‌နေ့က အဆိုပါ‌ဒေသအတွင်း သယ်‌ဆောင်လာ သည့် နအဖ စစ်တပ်၏ ရိက္ခာနှင့် ‌ဆေးဝါးပစ္စည်းများကို ကြားဖြတ်ဝင်‌ရောက်သိမ်းဆည်းခဲ့သည်ဟု သတင်း ရရှိသည်။

ယမန်‌နေ့ မွန်းလွဲ (၂)နာရီတွင် ကနဲ‌လေးရှိ နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၈) လက်‌အောက်ခံ ခမရ ၄၀၅နှင့် ထို‌ဒေသအတွင်း အသစ်ဝင်‌ရောက်လှုပ်ရှားမည့် ခမရ (၄၀၈) တပ်ရင်း၏ ရိက္ခာနှင့် ‌ဆေးဝါးပစ္စည်း များ တင်‌ဆောင်လာ‌သော ‌ထော်လဂျီကားနှစ်စီးကို ကနဲ‌လေးနှင့် ‌မော်ဖိုးကလိုးကြား အူးဖူးထာ့ကားလမ်း တွင် ‌ရောက်ရှိစဉ် ကြားဖြတ်ဝင်‌ရောက်သိမ်းဆည်းရမိခြင်းဖြစ်‌ကြောင်း ‌ကေအဲန်အယ်လ် တပ်ရင်း (၂၀၁) တပ်ကြပ်ကြီး ‌စောထီးခုက ‌ပြောသည်။

သူက“ နအဖ တက်လာမယ့်သတင်းကို ကျ‌နော်တို့ အတိအကျရတဲ့အတွက် အူးဖူးထာ့ကားလမ်းမှာ သွား ပြီးကြို‌စောင့်တယ်။ စစ်‌ကြောင်းမလာခင်မှာ ရိက္ခာကို အရင်ပို့‌နေ‌တော့ ‌သေနတ်သံတချက်မှ မကြားရဘဲ ‌ထော်လဂျီအ‌ပေါ်ပါလာတဲ့ ပစ္စည်း‌တွေ အကုန်လုံး သိမ်းလိုက်တယ်။ စစ်‌ကြောင်းက အ‌နောက်မှ အ‌ဝေး ကြီးကျန်‌သေးတယ်‌လေ”ဟု ‌ပြောသည်။

အဆိုပါ ‌ထော်လဂျီနှစ်စီးအတွင်းမှ ပါလာသည့် ပစ္စည်းမှာ လမ်း‌လျှောက်စကား‌ပြောဆက် ၃လုံး၊ စစ်ယူနီ ‌ဖေါင်း ၂၅စုံ၊ စစ်ဖိနပ် ၁၅ဝရံ၊ ကီလို ၃ဝရှိ ငါး‌ခြောက် ၁ဝအိတ်၊ ကီလို ၃ဝရှိ ငရုပ်သီး ၂အိတ်၊ ဓါတ်ဆားရည် ၂ဖာ၊ ‌ဆေးဝါးမျိုးစုံ၂၀ဝဗူး (‌ဆေးပြား ၁၀ဝခန့်ဆံ့သည့် ‌ဆေးဗူးမျိုး)၊ ‌ကျောပိုးအိတ် ၅လုံး၊ ဆန် ၂အိတ်၊ 12 Volt Battery ၂လုံးနှင့် ၆၀-မမ အသီး ၂လုံးတို့ ဖြစ်သည်။

(KNLA တပ်ရင်း (၂၀၁) တပ်ဖွဲ့ဝင်များ)

‌ဝေါ်‌လေဂွင်အတွင်း အသစ်ဝင်‌ရောက်လှုပ်ရှားမည့် နအဖစစ်တပ် ခမရ (၄၀၈)တပ်ရင်းသည် ကနဲ‌လေး‌ကျေး ရွာသို့ ယမန်‌နေ့ည(၆)နာရီခန့်တွင် ‌ချော‌မောစွာ ‌ရောက်ရှိလာ‌သော်လည်း ၎င်းတို့တပ်ရိက္ခာနှင့် ‌ဆေးဝါး ပစ္စည်းများကို သိမ်းဆည်းခံခဲ့ရ‌သော‌ကြောင့် ယခုအချိန်တွင် ကနဲ‌လေးရွာသားများကို အပြင်လုံးဝမထွက်ရန် အမိန့်ထုတ် ထားသည်ဟု သိရသည်။

အခင်းဖြစ်ပွားရာ‌နေရာနှင့် အနီးကပ်ရှိ ဒီ‌ကေဘီ‌အေ (၉၀၇)မှ တပ်မှူးတစ်ဦးက “အရင်က ဖြစ်‌လေ့ဖြစ်ထ မရှိဘူးဆို‌တော့ နအဖကလည်း ‌ကော်သူး‌လေ(‌ကေအဲန်အယ်လ်) ဒီလိုကြားဖြတ်ပြီး ဝင်သိမ်းလိမ့်မယ်လို့ ကြိုတွက် မထားဘူးထင်တယ်။ ဒီလမ်းက နအဖ‌တွေ ရိက္ခာပို့‌နေကျလမ်းပဲ‌လေ” ဟု သုံးသပ်‌ပြောဆိုသည်။

‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေ ‌ဝေါ်‌လေဂွင်၌ နအဖစစ်တပ် စကခ (၈) ခမရ ၄၀၂၊ ၂၀၃၊ ၄၀၅၊ ၄၀၆၊ ၄၀၇၊ ၄၀၈တပ်ရင်းများ၊ ဒီ‌ကေဘီ‌အေ (၉၀၇)တပ်ရင်းနှင့် ‌ကေအဲန်အဲလ်‌အေ (၂၀၁)တပ်ရင်းတို့ လှုပ်ရှား လျှက်ရှိသည်။