Home ထိပ်တန်းသတင်း နအဖစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

နအဖစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

1667
ဇွန်လ ၁၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌မောခီးဂွင်၊ က‌လော်‌ဝေါ်‌ကျေးရွာအ‌ခြေစိုက် နအဖ စစ်‌ကြောင်းတစ်ခုတွင် ယမန်‌နေ့က အချင်းချင်း ပြဿနာဖြစ်ပွားပြီး ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်ဟု ထို‌ဒေသမှလာသည့် သတင်းအရ သိရသည်။

ထို‌နေ့မနက် ၁၁း၃ဝနာရီခန့်တွင် က‌လော်‌ဝေါ်ရွာ ဘုန်းကြီး‌ကျောင်း၌ စခန်းထိုင်သည့် စစ်ကွပ်ကဲ‌ရေးဌာချုပ်-စကခ(၈) လက် ‌အောက်ခံ ခမရ(၄၀၇) စစ်‌ကြောင်း(၂)မှ ဒုရင်းမှူး ဒုဗိုလ်မှူး‌အောင်‌ဇော်မျိုးနှင့် စစ်ဘက်ဆိုင်ရာ ‌ထောက်လှမ်း‌ရေးမှူး တာဝန် ယူထားသည့် ဒုခွဲမှူး ဗိုလ်ကြီးမိုး‌အောင်‌ကျော်တို့ အချင်းချင်း စကားများကြရာမှ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု က‌လော်‌ဝေါ် ရွာသားတစ်ဦးက ‌ပြောသည်။

၎င်းက “မနက် ၁၁း၃၀‌လောက်မှာ ဒုတပ်ရင်းမှူး ‌အောင်‌ဇော်မျိုးနဲ့ ‌ထောက်လှမ်း‌ရေးမှူး မိုး‌အောင်‌ကျော် နှစ်‌ယောက်သား အ ပြန်အလှန် စကားများရာမှာ ‌ထောက်လှမ်း‌ရေးမှူးက ပစ္စတို‌သေနတ်ကိုထုတ်ပြီး ပစ်ဖို့ချိန်တာ ဒုရင်းမှူးက ‌သေနတ်‌ပြောင်းဝကို လက်နဲ့သွားပိတ်‌တော့ လက်‌ချောင်း(၄)‌ချောင်း ပြတ်သွားတာ‌ပေါ့။ တချက်တည်းပစ်တယ်။ အနားမှာရှိတဲ့ ရဲ‌ဘော်‌တွေက ဝိုင်း ထုကြ‌တော့ ‌ထောက်လှမ်း‌ရေးမှူး သတိလစ်‌မေ့‌မျောသွားတယ်”ဟု ‌ပြောသည်။

၎င်းတပ်အတွင်း ပြဿနာဖြစ်လရသည့် အ‌ခြေခံအ‌ကြောင်းရင်းကို အတိအကျ မသိရ‌သော်လည်း ပစ်ခတ်သူ ဗိုလ်ကြီးမိုး ‌အောင်‌ကျော်ကို အပြစ်‌ပေးအ‌ရေးယူရန်အတွက် ‌ဝေါ်‌လေအ‌ခြေစိုက် နည်းဗျူဟာ အမှတ်(၂)သို့ ထို‌နေ့တွင်ပင် ပို့‌ဆောင်လိုက် ပြီဖြစ်‌ကြောင်း သိရသည်။

ထို‌ဒေသတွင် လှုပ်ရှား‌နေသည့် ဒီ‌ကေဘီ‌အေ တပ်မှူးတစ်ဦးက “‌ထောက်လှမ်း‌ရေးမှူးက အဲဒီမှာရှိတဲ့ အ‌ခြေအ‌နေ‌တွေကို စုံ စမ်းရတာ။ စစ်‌ကြောင်းမှူးနဲ့ ဆက်နွယ်‌နေတဲ့ အ‌ကြောင်းအရာတစ်ခုကို ‌ပြောပြရာမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စကားထိုး နှက်ကြရာက‌နေ ပစ်ခတ်မှုဖြစ်ပွားတာ ဖြစ်နိုင်တယ်”ဟု သုံးသပ်‌ပြောဆိုသည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့‌တောင်ပိုင်း ကီလိုမီတာ (၁၇၆)အကွာအ‌ဝေးရှိ အုန်းဖန်မြို့နယ် ဝါးကလုခို‌ကျေးရွာတဘက်ကမ်း က‌လော်‌ဝေါ်‌ကျေးရွာ ရွာဦးဘုန်းကြီး‌ကျောင်းဝင်းတွင် ယခင်က ဒီ‌ကေဘီ‌အေ(၉၀၇)တပ်ဖွဲ့ဝင်များ အ‌ခြေချလျှက်ရှိ‌သော်လည်း ပြီးခဲ့သည့် ဧပြီလ‌နှောင်းပိုင်း၌ အဆိုပါ နအဖစစ်တပ်က ဝင်‌ရောက်အ‌ခြေစိုက်ခဲ့သဖြင့် ဒီ‌ကေဘီ‌အေတပ်များ ‌ပြောင်း‌ရွှေ့သွား ခဲ့ရသည်။

ထို‌ဒေသတွင် ယခုနှစ် မတ်လ ၁ရက်‌နေ့က တပ်အတွင်း အချင်းချင်း ပဋိပက္ခဖြစ်ပွားမှု‌ကြောင့် ခမရ(၄၀၆)မှ စစ်‌ကြောင်း(၂)မှူး ဝင်း‌ကျော်သူနှင့် တပ်သား(၂)ဦး လက်နက်ခဲယမ်းတချို့နှင့်အတူ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်‌ပြေးခဲ့ရာ ထိုင်းနယ်စပ်လုံခြုံ‌ရေး တပ်က ဖမ်းဆီးပြီး မိခင်တပ်ရင်းသို့ ပြန်ပို့ခဲ့သည်။