Home ထိပ်တန်းသတင်း နယ်စပ်ဒုက္ခသည်စခန်းတွင် ‌ကျောင်းသားဦး‌ရေ ယခင်နှစ်ထက် ပိုများလာ

နယ်စပ်ဒုက္ခသည်စခန်းတွင် ‌ကျောင်းသားဦး‌ရေ ယခင်နှစ်ထက် ပိုများလာ

1510
ဇွန်လ ၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

သံလွင်မြစ်ကမ်းနံ‌ဘေးရှိ အီတိုးထာ့ပြည်တွင်းဒုက္ခသည်စခန်း၌ ယခုနှစ် ‌ကျောင်းဖွင့်ချိန်တွင် ပြည်တွင်းမှ လာ‌ရောက်‌ကျောင်း တက်သူ ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ ၃၀၀‌ကျော်ရှိသည့်အတွက် ယခင်နှစ်ထက် ပိုများလာသည်ဟု သိရှိရသည်။

‌တောင်ငူနှင့် ‌ညောင်‌လေးပင်ခရိုင်များရှိ အသက် ၁၁နှစ်မှ ၁၆နှစ်အရွယ် က‌လေးများသည် ၎င်းတို့‌ဒေသအတွင်း နအဖစစ်တပ်၏ ပုံမှန် လှုပ်ရှားမှုများ‌ကြောင့် စားဝတ်‌နေ‌ရေးခက်ခဲကာ အချို့မှာ ပညာသင်ကြားရန် ‌ကျောင်းမရှိ‌တော့သည့်အတွက် နယ်စပ်ရှိ အီတိုးထာ့စခန်းသို့ ယခုလို လာ‌ရောက်၍ ‌ကျောင်း‌နေကြခြင်းဖြစ်သည်ဟု စခန်း‌ကေဒဗလျူအို လူမှု‌ရေး တာဝန်ခံ ‌နော်ဟဲ‌လေ ထူးက ‌ပြောသည်။

“မနှစ်ကဆိုရင် ‌ကျောင်းသူ‌ကျောင်းသားအသစ်‌တွေ ၁၀၀‌ကျော်‌လောက်ပဲ ‌ရောက်လာတယ်။ အခုနှစ်က‌တော့ ‌တော်‌တော်များ လာတာ‌ပေါ့‌နော်။ ဒါ‌တောင်မှ အကုန်မ‌ရောက်လာ‌သေးဘူး။ ‌ကျောင်းက ဇွန်လ (၁)ရက်‌နေ့က ဖွင့်‌နေပြီဆို‌ပေမဲ့ ‌ကျောင်းသူ ‌ကျောင်းသား‌တွေက မစုံ‌သေးဘူး။ ‌နောက်ထပ် ‌ကျောင်းလာအပ်မဲ့သူ‌တွေလည်း ရှိဦးမှာပဲ”ဟု သူမက ‌ပြောသည်။

အီတိုးထာ့စခန်းတွင် ဒုက္ခသည်ဦး‌ရေ ၄,၀၀၀‌ကျော်ရှိရာ ‌နေရာအကျယ်အဝန်း မလုံ‌လောက်သည့်အတွက် အချို့ဒုက္ခသည်များ ကို အူးဝဲထာ့‌နေရာသို့ ‌ရွှေ့‌ပြောင်း‌နေထိုင်‌စေခဲ့ရာ လက်ရှိအချိန်တွင် အီတိုးထာ့စခန်း၌ ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေမှာ ၁,၀၀ဝ ‌ကျော်ရှိသည့် အထက်တန်းနှင့် မူလတန်း‌ကျောင်းတ‌ကျောင်းစီနှင့် အူးဝဲထာ့တွင် ‌ကျောင်းသူ‌ကျောင်းသား ၂၀၀‌ကျော်ရှိသည့် အထက်တန်း‌ကျောင်းတစ်‌ကျောင်း ရှိသည်ဟု သိရသည်။

အီတိုးထာ့စခန်းရှိ စာသင်‌ကျောင်းများကို ကူညီ‌ပေး‌နေသည့် Karen Teacher Working Group-KTWG မှ ‌စောအဲ့ဒို့ဝါးက ယခု လို ‌ကျောင်းသူ‌ကျောင်းသား အများအပြား လာ‌ရောက်‌ကျောင်းတက်ခြင်းသည် အထူးသဖြင့် လွန်ခဲ့သည့် ဇန်နဝါရီနှင့် ‌ဖေ‌ဖော်ဝါ ရီလအတွင်း ‌ညောင်‌လေးပင်ခရိုင် ‌ကျောက်ကြီးနှင့် မုံးမြို့နယ်အတွင်းရှိ စာသင်‌ကျောင်းများကို နအဖ လှုပ်ရှားတပ်ဖွဲ့က မီးရှို့ ဖျက်ဆီးလိုက်သည့်အတွက်ဖြစ်သည်ဟု သုံးသပ်‌ပြောဆိုသည်။

၎င်းက “အခု တက်လာတဲ့ ‌ကျောင်းသား‌တွေထဲက ‌ညောင်‌လေးပင်ခရိုင်က ‌ကျောင်းသား‌တွေဟာ သူတို့ရဲ့‌ဒေသမှာ နအဖတပ် ‌တွေက ‌ကျောင်းကို မီးရှို့လိုက်တယ်။ ဒီ‌တော့ ‌ကျောင်းပြန်မ‌ဆောက်နိုင်‌သေးတာနဲ့ ‌ကျောင်းတက်လို့ မရဘူး‌ပေါ့”ဟု ဆိုသည်။

အီတိုးထာ့‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသားအချို့သည် မယ်ရာမိုနှင့် မယ်လအူးစခန်းသို့ ‌ကျောင်း‌ပြောင်းသွားသူများနှင့် ဆယ် တန်း‌အောင်သွားသူများ‌ကြောင့် နဂို‌ကျောင်းသားဦး‌ရေ ‌လျော့နည်းသလိုရှိ‌သော်လည်း ယခုနှစ် ‌ကျောင်းသူ ‌ကျောင်းသားဦး‌ရေ များပြားလာသည့်အတွက် ယခင်နှစ်နှင့် မတိမ်းမယိမ်းပင်ဖြစ်သည်ဟု စခန်း ‌ကေဒဗလျူအိုမှ ‌နော်ဟဲ‌လေထူးက ‌ပြောသည်။