Home ထိပ်တန်းသတင်း ဒုက္ခသည်စခန်းတွင် ဝမ်းနှင့် ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ ကူးစက်သူဦး‌ရေ များပြားလာ‌နေဆဲ

ဒုက္ခသည်စခန်းတွင် ဝမ်းနှင့် ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ ကူးစက်သူဦး‌ရေ များပြားလာ‌နေဆဲ

1565
ဇွန်လ ၁၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းအတွင်း၌ လက်ရှိအချိန်တွင် ‌သွေးလွန်တုပ်‌ကွေးနှင့် ဝမ်း‌ရောဂါ ဖြစ်ပွားသူဦး‌ရေ ပိုမို များပြားလာ‌နေဆဲဖြစ်သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

အဆိုပါ ကူးစက်‌ရောဂါ ဖြစ်ပွားသူများထဲတွင် များ‌သောအားဖြင့် အသက် ၅နှစ်မှ ၃ဝနှစ်အရွယ်များ ဖြစ်ကြပြီး ယခုလို အရှိန် ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားလာခြင်းနှင့် ပတ်သက်၍ စိုးရိမ်ရသည့် အ‌နေအထားတွင်ရှိ‌ကြောင်း မယ်လစခန်း Aide Medical International (AMI) ‌ဆေးရုံအုပ်ဖြစ်သူ ဆရာ‌စော‌နေစဲန်က ယခုလို ‌ပြောသည်။

“ဒီ‌ရောဂါနှစ်ခုစလုံးရဲ့ ကူးစက်မှုနှုန်းဟာ အင်မတန် မယုံနိုင်စရာပါ။ ဘာဖြစ်လို့လဲဆို‌တော့ ဝမ်း‌ရောဂါဆိုရင် ‌မေလ ၂၇ရက်က စလို့ ခုထိ ၈၇‌ယောက်‌တောင် ရှိသွားပြီ။ အဲဒီထဲက ၇၃‌ယောက်ကို ‌ရောဂါပိုး စစ်‌ဆေးတယ်။ ၅၁‌ယောက်က ‌ရောဂါလက္ခဏာ (positive)‌တွေ့တယ်။ အခု မယ်လ‌ဆေးရုံမှာ ဝမ်း‌ရောဂါနဲ့လာတဲ့ ပျမ်းမျှခြင်း လူနာဦး‌ရေဟာ တစ်ရက်ကို အနည်းဆုံး ၅ ‌ယောက်က‌နေ ၁၀‌ယောက် အများဆုံး ရှိတယ်။”ဟု ဆိုသည်။

၎င်းအပြင် သူက ဆက်လက်၍ “တုပ်‌ကွေး‌ရောဂါက‌တော့ ဟိုး ၂၀၀၉ ခုနှစ် ဩဂုတ်လက‌နေ စဖြစ်ခဲ့တာ။ ခုထိ အားလုံး‌ပေါင်း လူနာဦး‌ရေ ၂၇၁‌ယောက် ရှိသွားပြီ။ ဒီ ၂၀၁၀၊ ‌မေလ အထိဆိုရင်‌တော့ ၃၈၁‌ယောက်‌ပေါ့။ အခု ဒီဇွန်လမှာဆိုရင် ၁၁ရက်အ တွင်းမှာပဲ ၄၂‌ယောက်‌တောင်ရှိသွားပြီ။ ၄၂‌ယောက်စလုံး ‌ရောဂါပိုးရှိတယ်”ဟု သူက ‌ပြောသည်။

လက်ရှိ ‌ရောဂါကူးစက်ခံရသူများသည် မယ်လစခန်းအတွင်းရှိ ဇို(C-1A)၊ (C-3A)၊ (C-3B)၊ (C-1B)တို့ဖြစ်ပြီး ‌သွေးလွန်တုပ်‌ကွေး ဖြစ်ပွားချိန်သည် ဝမ်း‌ရောဂါ ဖြစ်ပွားသည့်ကာလထက် ကြာမြင့်ခဲ့‌သော်လည်း ‌သေဆုံးသူ မရှိ‌သေးဘဲ ဝမ်း‌ရောဂါဖြင့် စခန်းထဲမှ က‌လေး ၂ဦးနှင့် လူကြီး ၂ဦး ‌သေဆုံးသွားခဲ့ပြီး ဖြစ်သည်။

စခန်းအတွင်းရှိ ‌သွေးလွန်တုပ်‌ကွေး‌ဝေဒနာရှင်များသည် ကြွက်သား၊ အဆစ်၊ အ‌ကြောများ နာကျင်ကိုက်ခဲခြင်း၊ သွားဖုံး‌သွေးယို ခြင်း၊ နှာ‌ခေါင်း‌သွေးယိုခြင်း လက္ခဏာများ ဖြစ်‌ပေါ်ပြီး ဝမ်း‌ရောဂါဖြစ်ပွားသူများ၏ ဝမ်းသွားသည့်အ‌ရောင်မှာ ဆန်‌ဆေး‌ရေနှင့်တူ ခြင်း၊ ‌အော့အန်ခြင်း စသည့်လက္ခဏာများ ဖြစ်‌ပေါ်‌စေသည်ဟု သိရသည်။

မယ်လစခန်းတွင် ‌ရေ‌ပေး‌ဝေ‌နေသည့် ကျန်းမာ‌ရေးပညာ‌ပေးအဖွဲ့ (Solidarity) အဖွဲ့ဝင်တစ်ဦးက “‌သွေးလွန်တုပ်‌ကွေးက‌တော့ အခုလို မိုးဦးကျချိန်မှာ အဖြစ်များတတ်တာ ထုံးစံပဲ။ ဝမ်း‌ရောဂါဖြစ်တာက‌တော့ စခန်းအတွင်းကလူ‌တွေ ကျန်းမာ‌ရေး လိုက်စား မှု အားနည်း‌သေးလို့ပဲ။ လက်ကို ဘယ်လို‌ဆေးရမလဲ ပညာလိုက်‌ပေးတာ တချို့လူ‌တွေက လက်‌ဆေးတာ ခက်တာမှတ်လို့တဲ့။ ကျ‌နော် ‌ပြောချင်တာက‌တော့ လက်‌ဆေးတာ လွယ်‌ပေမယ့် နည်းမှန်လမ်းမှန်ဖြစ်ဖို့ လိုတာ‌ကြောင့် ကျန်းမာ‌ရေးနဲ့ ပတ်သက်လို့ အ‌သေးအဖွဲ‌လေးကအစ သူတို့ကို ကျ‌နော်တို့က သိရှိ‌စေချင်တယ်”ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် ‌သွေးလွန်တုပ်‌ကွေးနှင့် ဝမ်း‌ရောဂါဖြစ်ပွားများမှု များပြားလာသည့်အ‌ပေါ် စခန်းအတွင်း ကျန်းမာ‌ရေး ပညာ ‌ပေးမှု ပိုများလာ‌ကြောင်း မယ်လဒုက္ခသည်အမျိုးသမီးတစ်ဦးက ယခုလို ‌ပြောသည်။ “ကျန်းမာ‌ရေးပညာ‌ပေးမှု‌တွေက‌တော့ ခုတ ‌လော ‌နေ့တိုင်း ‌ပြောတာကြားတယ်။ ခြင်‌ထောင်‌တွေ လိုက်‌ဝေတယ်။ ခြင်မကပ်‌အောင် ဗွက်အိုင်ကို ‌မြေနဲ့ဖို့ဖို့ ‌ပြောတယ်။ ‌ရေဆို ရင်လည်း ကျိုချက်ပြီး ဆယ့်ငါးမိနစ်ထားပြီးမှ ‌သောက်ဖို့ စသဖြင့်‌ပေါ့”ဟု သူမက ‌ပြောသည်။

မယ်လစခန်းအတွင်း၌ ‌သွေးလွန်တုပ်‌ကွေးနှင့် ဝမ်း‌ရောဂါကူးစက်မှုနှုန်း မြင့်မားလာ‌သော်လည်း ‌ဆေးလုံ‌လောက်မှုရှိသည့်အ တွက် လူနာများကို မဲ‌ဆောက်မြို့‌ဆေးရုံသို့ ပို့‌ဆောင်ကုသရသည့်အထိ မရှိဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့‌မြောက်ဘက် (၄၅)ကီလိုမီတာ အကွာအ‌ဝေးရှိ မယ်လဒုက္ခသည်စခန်းတွင် မြန်မာဒုက္ခသည် (၅၀,၀၀၀) ငါး‌သောင်း‌နေထိုင်လျက်ရှိပြီး ပြီးခဲ့သည့် နှစ်များက ယခုလို ‌ရောဂါကူးစက်မှုနှုန်း များပြားခြင်း မရှိခဲ့‌ပေ။