Home ထိပ်တန်းသတင်း ထိုင်းနိုင်ငံမှ တရားမဝင်‌သောလမ်းဖြင့် ကုန်ပစ္စည်းများ သွင်းယူ‌သော ကုန်သည်များ တိမ်း‌ရှောင်‌နေရ

ထိုင်းနိုင်ငံမှ တရားမဝင်‌သောလမ်းဖြင့် ကုန်ပစ္စည်းများ သွင်းယူ‌သော ကုန်သည်များ တိမ်း‌ရှောင်‌နေရ

1342
ဇွန်လ ၂၃ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

ထိုင်းဘက်မှ မြန်မာနိုင်ငံသို့ တရားမဝင်လမ်းဖြင့် ကုန်ပစ္စည်းများ သွင်းယူ‌နေ‌သော ကုန်သည်များကို မြဝတီမြို့ရှိ သက်ဆိုင်ရာ အာဏာပိုင်များက လိုက်လံစုံစမ်းခြင်း‌ကြောင့် ကုန်သည်များ ယခုရက်ပိုင်းအတွင်း တိမ်း‌ရှောင်‌နေရ‌ကြောင်း ကုန်သည်အမျိုးသမီး တစ်ဦးက ‌ပြောသည်။

သူမက “သူတို့(အာဏာပိုင်)‌တွေက ဒီဘက်ကမ်းမှာ တရားမဝင်တဲ့လမ်းနဲ့ ‌ရောက်လာတဲ့ ကုန်ပစ္စည်း‌တွေကို‌ပေါ့‌နော်။ ဓာတ်ပုံ ‌တွေရိုက်၊ ပုံး‌ပေါ်မှာပါတဲ့ နာမည်‌တွေကို ဘယ်သူ‌တွေလဲ ဆိုပြီး‌တော့ လိုက်‌မေးတယ်။ ဂိတ်က ကျမသူငယ်ချင်းက ကျမဆီကို ဖုန်း ဆက်ပြီး အသိ‌ပေးတာ‌ပေါ့‌နော်။ လိုက်‌နေတယ်။ အ‌ခြေအ‌နေ မ‌ကောင်းဘူး။ ‌ရှောင်‌နေတာက အ‌ကောင်းဆုံးပဲလို့ သတင်း‌ပေး ‌တော့ ကျမလည်း အခုထိ ဘယ်မှမသွားရဲဘူး။ ‌ရှောင်‌နေရတယ်။”ဟု ‌ပြောသည်။

မြဝတီမြို့ရှိ ဦးပိုင်ဆီလုပ်ငန်းမှ ဆီများသည် ‌ရောင်းအားမရှိဘဲ ထိုင်းနိုင်ငံမှ သွင်းလာ‌သော ဆီများသာ ‌ရောင်းအား‌ကောင်း‌နေ ‌သော‌ကြောင့် ယခုလ ၁၈ရက်နှင့် ၁၉ရက်‌နေ့တို့တွင် ‌မော်လမြိုင်ရှိ ကုန်သည်များကို သက်ဆိုင်ရာ အာဏာပိုင်များက ‌ခေါ်‌တွေ့ခဲ့ ပြီး ထိုင်းနိုင်ငံမှ ဆီများ ကုန်သွယ်မှုကို မလုပ်ရန် အသိ‌ပေးခဲ့ပြီး‌နောက် ယခုလို စစ်‌ဆေး‌မေးမြန်းမှုများ လုပ်‌ဆောင်လာခြင်း ဖြစ် သည်။

ယခုကဲ့သို့ တရားမဝင်‌သောလမ်းဖြင့် သွင်းလာ‌သော ကုန်ပစ္စည်းများကို ကုန်သွယ်‌ရေး မပြုရန် ပိတ်ပင်ထားခြင်း‌ကြောင့် ထိုင်း-မြန်မာနယ်စပ်တွင် လက်လုပ်လက်စား ကူလီသမားများနှင့် ‌နေ့စား အလုပ်သမား မြန်မာနိုင်ငံသားများက အလုပ်လက်မဲ့ဖြစ်ကာ တချို့က ‌နေရပ်သို့ ပြန်သွားကြရ‌ကြောင်း ဆီအများဆုံး ကုန်သွယ်‌သော ကုန်သည်တစ်ဦးက ‌ပြောသည်။

သူမက “သူတို့‌တွေ ဒီလိုလုပ်တာ ကျမတို့ချည်း ဒုက္ခ‌ရောက်ရုံတင်မကဘူး။ ဒီနယ်စပ်မှာရှိတဲ့ ကူလီသမား‌တွေ‌ကော ‌နေ့စား အလုပ်သမား‌တွေပါ အလုပ်လက်မဲ့ ဖြစ်ကုန်တယ်။ သူတို့‌လေး‌တွေ ဘာလုပ်လို့ ဘာကိုင်ရမှန်း‌တောင် မသိဘူး ဖြစ်‌နေကြတယ်” ဟု ‌ပြောသည်။

ယခု ကူးသန်း‌ရောင်းဝယ်မှု ပိတ်ပင်ထားခြင်း‌ကြောင့် ကုန်သည်များအ‌နေဖြင့် တ‌နေ့ကို ဘတ်‌ငွေ သိန်းငါးဆယ်မှ တစ်ရာခန့်အထိ ဝင်‌ငွေ ထိခိုက်နစ်နာမှုများ ရှိနိုင်‌ကြောင်း ကားတန်း အတက်အဆင်းအ‌ပေါ်မူတည်ပြီး ဆုံးရှုံးမှုအား ပုံ‌သေတွက်၍ မရ‌ကြောင်း ထိုင်း-မြန်မာနယ်စပ် ကုန်သည်တစ်ဦးက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့တွင် နယ်စပ်စစ်‌ဆေး‌ရေးဂိတ်‌ပေါင်း ၂၀‌ကျော်ရှိသည့်အနက် အမှတ် ၁၇ဂိတ်၊ ၁ဂိတ်နှင့် (၉၉၉) ဒီ ‌ကေဘီ‌အေဂိတ်တို့က တရားမဝင် ကုန်ပစ္စည်း အများဆုံး တင်သွင်း‌သော ဂိတ်များ ဖြစ်သည်ဟု သိရသည်။

တရားမဝင် ကုန်ပစ္စည်းများအား ယခုကဲ့သို့ တားမြစ်မှုများသည် ယခင်နှစ်ကလည်း ဖြစ်ခဲ့ဖူး‌ကြောင်း ကုန်သည်များ၏ ‌ပြောပြချက် အရ သိရသည်။