Home ရင်ဖွင့်သံများ တရားဥပ‌ဒေ မစိုးမိုးသည့် မြဝတီ

တရားဥပ‌ဒေ မစိုးမိုးသည့် မြဝတီ

1983

ကရင်ပြည်နယ်မြဝတီမြို့တွင် တရားဥပ‌ဒေစိုးမိုးမှုမရှိ‌တော့ဘဲ ဖြစ်ချင်တိုင်းဖြစ်ပျက်‌နေမှုများကို သိ‌စေလိုပါသည်။ ၂၂-၆-၁ဝ ရက်‌နေ့က မြဝတီတွင်ဖြစ်ပွားခဲ့သည့် ‌ရွှေဆိုင်ဓားပြတိုက်မှုကို အာဏာပိုင်‌တွေက ဒီ‌နေ့အထိ ဖမ်းဆီး နိုင်ခြင်းမရှိတဲ့အပြင် မြဝတီမှာရှိတဲ့‌ရွှေဆိုင်ပိုင်ရှင်‌တွေကို‌ခေါ်ပြီး ကိုယ့်ဆိုင်လုံခြုံ‌ရေးကိုယ်ယူဘို့နဲ့ အခင်းဖြစ်ရင် သူတို့ဆီကို ချက်ချင်းအ‌ကြောင်းကြားဘို့ အာဏာပိုင်‌တွေက စည်း‌ဝေး‌ခေါ်ပြီး‌ပြောပါတယ်။ အဲဒီဓားပြတိုက်မှုမှာ လည်း ဓားပြ‌တွေပြန်ပြီး အ‌တော်ကြာမှ ရဲ၊ စစ်တပ်နဲ့ အာဏာပိုင်‌တွေ ‌ရောက်လာတာဖြစ်တယ်။

မြဝတီမှာရှိတဲ့‌ရွှေဆိုင်‌တွေဟာ တနှစ်အတွက်တဆိုင်ကိုအခွန် အ‌ကောက် အနည်းဆုံး (၁၀)သိန်းအထက်မှာ ‌ပေး ရပါတယ်။ အခုလိုဖြစ်‌တော့ သူတို့ဖက်က ဘာမှမလုပ်‌ပေးနိုင်ဘူး ‌နေ့ခင်းလူစည်ကားချိန် မြို့ထဲဓားပြဝင်တိုက်တာ ကိုလည်း ဒီ‌နေ့အထိ မမိ‌သေးဘူး။ ဒီကိစ္စက သူတို့အတွက် ရ‌ပေါက်မရှိလို့ မလိုက်‌ပေးတာ ဖြစ်တယ်။ ဒီလထဲမှာပဲ မြဝတီမြို့လယ်က ရဲစခန်း‌ရှေ့မှာတကြိမ်၊ စည်ပင်ရုံး‌ရှေ့မှာတကြိမ် ကားတိုက်မှုနှစ်ခါဖြစ်တယ်။ ကားပိုင်ရှင်က အမှုမဖြစ်ရ‌အောင် ရဲကို တမှု သိန်း(၅၀)နှုန်းစီနဲ့ နှစ်မှုအတွက် သိန်း(၁၀၀)‌ပေးပြီး အမှုပိတ်လိုက်တယ်။ အဲဒီ‌ငွေ ‌တွေကို မြဝတီခရိုင် အ‌ခြေချဗျူဟာမှူးဗိုလ်မှူးကြီးခင်‌မောင်‌ဌေး၊ ခရိုင် ဥက္ကဌဦးထွန်းထွန်းဝင်းနဲ့ ခွန်နပဲလို့ ‌ခေါ်တဲ့ရဲ ‌တွေ ‌ဝေစားမျှစားလုပ်လိုက်ကြတယ်။ ဒီကိစ္စကို ဘယ်သူမှ ပါးစပ်မဟပ်ရဲဘူး။ သက်ဆိုင်ရာအဖွဲ့‌တွေကလည်း လည်သူ စားစတမ်း လုပ်‌နေကြတယ်။

မြဝတီခရိုင်မှာတာဝန်ကျတဲ့ အ‌ရှေ့‌တောင်တိုင်းက ဗျူဟာမှူးဗိုလ်မှူးကြီးခင်‌မောင်‌ဌေးဆိုရင် ‌ရွှေဆိုင်ဓားပြတိုက်တဲ့ အမှုကို အ‌လေးမထားဘဲ သူ့အတွက်လာဘ်‌ငွေရမဲ့ ကိစ္စ‌တွေဖြစ်တဲ့ လိုင်စင်မဲ့ကား၊ ‌မော်‌တော်ဆိုင်ကယ် သယ် ‌ဆောင်ခွင့်နဲ့ ကုန်သည်‌တွေဆီက နည်းမျိုးစုံနဲ့‌ငွေညှစ်ဘို့ဘဲ လိုက်လုပ်‌နေတယ်။ မြဝတီက အာဏာပိုင်‌တွေဟာ သူတို့ခွင့်ပြုချက်နဲ့ဖွင့်ထားတဲ့ အနှိပ်ခန်း‌တွေ၊ ကာရာအို‌ကေခန်းမ‌တွေ၊ ပြည့်တန်ဆာရုံ‌တွေက‌နေ လစဉ်‌ကြေး‌တွေ လည်း သိန်းချီပြီး ရ‌နေကြပါတယ်။

မြဝတီမှာဖွင့်ထားတဲ့ ‌ရွှေပိုးစား‌သောက်ဆိုင်မှာဆိုရင် ဗျူဟာမှူးခင်‌မောင်‌ဌေးအတွက် သီးသန့် အခန်းတခု ထား ‌ပေးရပြီး အဲဒီအခန်းမှာ မ‌အေးမင်းသူ ဆိုတဲ့မိန်းက‌လေးနဲ့ ဗျူဟာမှူးတို့ မကြာခဏလာပြီး ‌ပျော်ပါးကြပါတယ်။ သူတို့ဟာ မြဝတီခရိုင်မှာ ဖြစ်ပျက်‌နေတာ‌တွေကို ဖုံးကွယ်ထားပြီး ‌နေပြည်‌တော်ကို မမှန်သတင်း‌တွေ အစီရင်ခံပြီး သူတို့ကိုယ်ကျိုးအတွက် လုပ်‌နေကြပါတယ်။

‌တောတွင်းလက်နက်ကိုင်အဖွဲ့အခုက‌နေ မြဝတီမှာရှိတဲ့ ကုန်သွယ်‌ရေးဇုံအတွက် ဆက်‌ကြေး ‌ငွေကျပ်သိန်း (၅) ‌ထောင် ‌တောင်းတယ်။ အဲဒီ‌ငွေမ‌ပေးရင် ကုန်သွယ်‌ရေးဇုံ ပြဿနာတက်ပြီး သူတို့ ဒုက္ခ‌ရောက်မှာကို ‌ကြောက်တဲ့ အတွက် မြဝတီနယ်စပ်ကုန်သွယ်‌ရေး(နကသ)တာဝန်ခံ ဗိုလ်မှူး‌အောင်စိုးသိန်းက ကြားလူက‌နေတဆင့် အဲဒီ ‌တောတွင်းလက်နက်ကိုင်အဖွဲ့ဆီကို ကျပ်‌ငွေသိန်း(၁၅၀၀)‌ပေးပြီး ‌ဖြေရှင်းလိုက်တယ်။ အဲဒီ‌ငွေ‌တွေကို ကုန်သည် ‌တွေဆီက‌နေ အချိုးကျ‌ကောက်ယူပြီး‌တော့ ‌ပေးလိုက်တာဖြစ်တယ်။ ကုန်သည်‌တွေက မ‌ပေးချင်‌ပေမဲ့လည်း ဘာမှ မတတ်နိုင်ဘူး။ နီးရာဓားကို ‌ကြောက်‌နေရတယ်။

မြဝတီခရိုင်မှာရှိတဲ့ အာဏာပိုင်‌တွေဟာ သူတို့ကိုယ်ကျိုးအတွက် လုပ်ချင်သလိုလုပ်‌နေတဲ့အတွက် တိုင်းပြည်နဲ့ လူထု နစ်နာသလို မြဝတီခရိုင်မှာရှိတဲ့ လူ‌တွေလည်း နင်းပြား‌တွေဖြစ်‌နေရပါပြီ။ တရားဥပ‌ဒေစိုးမိုးမှုမရှိတဲ့အရပ်မှာ ‌နေထိုင်ရတာ ဘာအာမခံချက်မှမရှိတဲ့အတွက် မြို့ခံများ ကိုယ်စားတင်ပြလိုက်ရပါတယ်။

အမြင်မ‌တော်သူပြည်သူ