Home ထိပ်တန်းသတင်း ကမ္ဘာ့ဒုက္ခသည်များ‌နေ့ အခမ်း အနား ဩစ‌တြေးလျား ၌ ကျင်းပပြီးစီး

ကမ္ဘာ့ဒုက္ခသည်များ‌နေ့ အခမ်း အနား ဩစ‌တြေးလျား ၌ ကျင်းပပြီးစီး

1749
ဇွန်လ ၂၇ရက်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

ကမ္ဘာ့ဒုက္ခသည်များ‌နေ့ အခမ်းအနားကို ဩစ‌တြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ Villawood Senior Citizen Hall တွင် Australian Karen Organization (AKO) က ကြီးမှူးကျင်းပရာ ဧည့်ပရိဿတ်‌ပေါင်း ၂၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားကို ထို‌နေ့ ‌နေ့လည် ၁နာရီမှ ည‌နေ ၅နာရီအထိ ကျင်းပရာ ဘားမားကဲမ်ပိန်း(ဩစ‌တြေးလျား)မှ ကိုယ်စား လှယ်များ၊ ဩစ‌တြေးလျား ယဉ်‌ကျေးမှုနှင့် ပြန်လည်‌နေရာချထား‌ရေးရာ ပါလီမန်ကိုယ်စားလှယ်၊ နိုင်ငံခြား‌ရေးရာ ပါလီမန် အမတ်များ၊ ‌ရွှေ့‌ပြောင်းနိုင်ငံခြားသားများ၊ နိုင်ငံ‌ရေးအဖွဲ့အစည်းများ၊ ဘာသာ‌ရေးအဖွဲ့အစည်းများနှင့် ဩစ‌တြေးလျား ‌ရောက် မြန်မာဒုက္ခသည်များ တက်‌ရောက်ခဲ့ကြသည်။

ဩစ‌တြေးလျား ကရင်အမျိုးသားအဖွဲ့အစည်း(‌အေ‌ကေအို) ဥက္ကဌ ‌စောလွင်ဦးက “ဒုက္ခသည်များအ‌ရေးဟာ မြန်မာ့နိုင်ငံ ‌ရေးနဲ့ ဆက်နွယ်‌နေပါတယ်။ အထူးသဖြင့် လူမျိုးစု မျိုးတုန်း‌ရေး‌ပေါ် အ‌ခြေခံထားတဲ့ နအဖရဲ့ စနစ်ဆိုး‌တွေ‌ကြောင့် မြန်မာ ပြည်အ‌ရှေ့ဖက်ခြမ်းက ကရင်တိုင်းရင်းသားဒုက္ခသည်‌တွေဟာ ဌာ‌နေမဲ့ ဘဝများ‌ရောက်‌နေကြပါတယ်။ နိုင်ငံတကာ အစိုးရ အ‌နေနဲ့လည်း နိုင်ငံ‌ရေးအရ နအဖကို ဒီမိုက‌ရေစီ အသွင်‌ဆောင်လာဖို့ တိုက်တွန်းဖိအား‌ပေးဖို့ လိုအပ်ပါတယ်။ နအဖမှ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများကို ကမ္ဘာ့ကုလသမဂ္ဂမှ စုံစမ်းစစ်‌ဆေး‌ရေး‌ကော်မရှင် အမြန်ဖွဲ့ပြီး စုံစမ်းအ‌ရေးယူ‌ပေးဖို့ လိုအပ်ပါတယ်။ နအဖရဲ့ လူသားချင်း မစာနာမှုများ၊ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို ကုလသမဂ္ဂလုံခြုံ‌ရေး‌ကောင်စီ စုံ စမ်းစစ်‌ဆေး အ‌ရေးယူမှု‌တွေကို နိုင်ငံတကာမှ ဝိုင်းဝန်း‌ထောက်ခံဖို့ လိုအပ်ပါတယ်”ဟု အခမ်းအနား အဖွင့်မိန့်ခွန်း ‌ပြောဆို ခဲ့သည်။

“ဒီနှစ်မှာ ဒုက္ခသည်က‌ရောက်လာတဲ့ လူသစ်‌တွေကို‌တွေ့ရ‌တော့ အများကြီး ဝမ်းသာမိပါတယ်။ နယ်စပ်မှာလည်း ဒုက္ခသည် ‌တွေ အများကြီး ကျန်‌သေးတယ်။ ဩစ‌တြေးလျား အစိုးရကလည်း အဲဒီဒုက္ခ‌ရောက်‌နေသူ‌တွေကို အမြန်ဆုံး ‌ခေါ်ယူလာနိုင် ပါ‌စေ”ဟု ဒုက္ခသည်များ‌နေ့ အခမ်းအနားကို တက်‌ရောက်ခဲ့သူ မွန်အမျိုးသမီး ယုယုက ‌ကေအိုင်စီကို ‌ပြောသည်။

မြန်မာနိုင်ငံတွင် ဖိနှိပ်အနိုင်ကျင့်မှုများ၊ စစ်မက်‌ရေးရာများ၊ ပြည်တွင်းစစ်များ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ‌ကြောင့် အတိဒုက္ခ ‌ရောက်‌နေကြ‌သော မြန်မာပြည် အ‌ရှေ့ဖက်အခြမ်းရှိ ရွာပုန်းရွာ‌ရှောင် အိုးအိမ်မဲ့ပြည်တွင်းဒုက္ခသည်များကို ဩစ‌တြေးလျား အစိုးရ၏ ဒုက္ခသည်များပြန်လည်‌နေရာချထား‌ရေးရာ အစီအစဉ်နှင့် (IHSS)‌ခေါ် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ‌ထောက်ထား‌ရေးအဖွဲ့အ‌နေဖြင့် ဩစ‌တြေးလျားနိုင်ငံသို့ ပိုမို‌ခေါ်‌ဆောင်လာနိုင်ရန်နှင့် နယ်စပ်ဖြတ်‌ကျော်ကူညီမှုများ ပိုမို‌ပေး လာနိုင်ရန် ရည်ရွယ်၍ အခမ်းအနားကို ကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။

အခမ်းအနားတွင် ပြည်တွင်းအိုးအိမ်မဲ့(အိုင်ဒီပီ)များအတွက် ‌စေတနာရှင်များ၏ ကူညီ‌ငွေများ၊ ‌ဈေး‌ရောင်းပွဲမှ ရရှိလာသည့် ရန်ပုံ‌ငွေများကို နယ်စပ်ရှိ အိုင်ဒီပီ ဒုက္ခသည်ကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့သို့ ‌ပေးအပ်သွားမည် ဖြစ်သည်။

MP – Parliamentary Secretary for Multicultural Affairs and Settlement Services)မှ ‌လော်ရီဖာဂူဆန်(Mr.Laurie Ferguson) ဩစ‌တြေးလျားအစိုးရအ‌နေနှင့် မြန်မာပြည် အ‌ရှေ့ဖက်ခြမ်းက ဒုက္ခသည်များကို အဓိကထားဦးစား‌ပေးပြီး ‌စောင့်‌ရှောက်ကူညီ ‌ခေါ်ယူမည်ဖြစ်‌ကြောင်း အသိ‌ပေးစကား ‌ပြောဆိုခဲ့သည်။

ဩစ‌တြေးလျားနိုင်ငံတွင် ‌အေ‌ကေအိုမှ ကြီးမှူး၍ ကမ္ဘာ့ဒုက္ခသည်များ‌နေ့ အခမ်းအနားကို ၂၀၀၈ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပ လာခဲ့ရာ ယခုဆိုလျှင် သုံးကြိမ်ရှိပြီး ဖြစ်သည်။