Home ထိပ်တန်းသတင်း မြို့နယ်‌ကော်မရှင်အဖွဲ့ခွဲများထံ ဖွဲ့စည်းတာဝန်‌ပေးအပ်ပြီ

မြို့နယ်‌ကော်မရှင်အဖွဲ့ခွဲများထံ ဖွဲ့စည်းတာဝန်‌ပေးအပ်ပြီ

1471
‌မေလ ၇ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

လာမည့် ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ခွင့် ရရှိ‌သော ပါတီများအား ၎င်းတို့ ‌ရှေ့လုပ်ငန်းစဉ်များ လှုပ်ရှား‌ဆောင်ရွက်နိုင် ရန် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ မြို့နယ်‌ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်‌ပေးအပ်ခြင်းဆိုင်ရာ ‌ကြေညာချက်များ ကို ‌မေလ ၆ရက်‌နေ့စွဲဖြင့် ထုတ်ပြန်‌ကြေညာလိုက်သည်။

‌ကြေညာချက်အမှတ် ၂၇/၂၀၁ဝ မှ ၄၀/၂၀၁ဝအထိ ထုတ်ပြန်ရာတွင် ကချင်ပြည်နယ်၌ မြို့နယ်‌ကော်မရှင်အဖွဲ့ခွဲ ၁၈ခု၊ ကယား ပြည်နယ်၌ ၇ခု၊ ကရင်ပြည်နယ်၌ ၇ခု၊ ချင်းပြည်နယ်၌ ၉ခု၊ စစ်ကိုင်းတိုင်း၌ ၃၇ခု၊ တနသင်္ာရီတိုင်း၌ ၁ဝခု၊ ပဲခူးတိုင်း၌ ၂၈ခု၊ မ‌ကွေးတိုင်း၌ ၂၅ခု၊ မန္တ‌လေးတိုင်း၌ ၃ဝခု၊ မွန်ပြည်နယ်၌ ၁ဝခု၊ ရခိုင်ပြည်နယ်၌ ၁၇ခု၊ ရန်ကုန်တိုင်း၌ ၄၅ခု၊ ရှမ်းပြည်နယ်၌ ၅ဝ ခုနှင့် ဧရာဝတီတိုင်း၌ ၂၆ခု ဖွဲ့စည်းရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို လုပ်ပိုင်ခွင့် တာဝန်များ ‌ပေးအပ်လိုက်သည်ဟု ယ‌နေ့ ထုတ် ‌ကြေးမုံသတင်းစာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် ပြည်‌ထောင်စု မြို့နယ်‌ကော်မရှင်အဖွဲ့ခွဲရုံးများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်‌ရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်မည်ဟု သိရသည်။

စစ်အစိုးရ၏ သတ်မှတ်ချက်အရ ကရင်ပြည်နယ်ရှိ ဖားအံ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ မြဝတီ၊ လှိုင်းဘွဲနှင့် သံ ‌တောင် စသည့်မြို့နယ် (၇)ခုတွင် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ မြို့နယ်‌ကော်မရှင် အဖွဲ့ခွဲတခုစီ ဖွဲ့စည်းရမည်ဖြစ်‌သော်လည်း ကရင်ပြည်နယ်တွင် ‌မေလ ၄ရက်‌နေ့က စည်းရုံးဖွဲ့စည်းခွင့် ရရှိခဲ့သည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ အပါအဝင် ပါတီမည်မျှ ဝင်‌ရောက်အ‌ရွေးခံမည်ကို ယခုချိန်ထိ မသိရှိရ‌သေးပါ။

ထိုကိစ္စနှင့်ပတ်သက်၍ ‌ကေအိုင်စီမှ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ဝင်တဦးထံ ဆက်သွယ်‌သော် လည်း ဖုန်းလိုင်းဖြတ်‌တောက်ခဲ့သည်။

‌မေလ ၆ရက်‌နေ့တွင် ‌နေပြည်‌တော် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ရုံး အစည်းအ‌ဝေးခမ်းမ၌ ကျင်းပသည့် ပြည်‌ထောင် စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ၂၇/၂၀၁ဝ အစည်းအ‌ဝေးသို့ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးနှင့် ‌ကော်မတီအဖွဲ့ဝင် များ တက်‌ရောက်ခဲ့ကြပြီး မြို့နယ်‌ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်း‌ရေးကိစ္စ၊ နိုင်ငံ‌ရေးပါတီ တည်‌ထောင်ခွင့် ‌လျှောက်ထားချက်များ အား စိစစ်ခြင်းကိစ္စများကို ညှိနှိုင်း‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန် နိုင်ငံ‌ရေးပါတီ တည်‌ထောင်ခွင့်‌လျှောက်ထားသည့် အဖွဲ့ ၃၁ဖွဲ့အနက် ၂၇ဖွဲ့ကို ‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်က နိုင်ငံ‌ရေးပါတီ တည်‌ထောင်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။