Home ထိပ်တန်းသတင်း ဝါရင့် ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မန်း‌အောင်သန်း‌လေး ကွယ်လွန်

ဝါရင့် ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မန်း‌အောင်သန်း‌လေး ကွယ်လွန်

1850
‌မေလ ၃၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(‌ကေအဲန်ပီပီ)၌ လက်ရှိတာဝန်ထမ်း‌ဆောင်‌နေသည့် ဗဟိုအမြဲတမ်း‌ကော်မတီဝင် ဝါရင့် ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မန်း‌အောင်သန်း‌လေးသည် ထိုင်းနိုင်ငံ၊ မဲ‌ဟောင်‌ဆောင်မြို့၊ Srisanwarn ‌ဆေးရုံ၌ ယ‌နေ့ မနက် ၅နာရီခွဲတွင် လူကြီး‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

အသက် ၈၁နှစ်အရွယ်ရှိ ဗိုလ်ချုပ်မန်း‌အောင်သန်း‌လေးသည် ‌မောပမ်းသည့်ဒဏ်ကို တစ်လအကြာ ခံစားခဲ့ရပြီး‌နောက် ယခုလို ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းကွယ်လွန်သွားခြင်းသည် ကရင်နီအမျိုးသားအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်‌ကြောင်း ‌ကေ အဲန်ပီပီ အတွင်း‌ရေးမှူး(၁) ခူဦးရယ်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“၆၂နှစ်‌သော ကရင်နီ ခုခံ‌တော်လှန်‌ရေးကာလတ‌လျှောက်မှာ ရှားရှားပါးပါး ပါဝင်လာခဲ့တဲ့ သူလို‌ခေါင်း‌ဆောင်တဦး ဆုံးရှုံးသွား တာဟာ ကျ‌နော်တို့ ကရင်နီတမျိုးသားလုံးအတွက် ကြီးမားတဲ့ နစ်နာမှုတခုပါ။ ဒါ့အပြင် မြန်မာပြည်ပြဿနာ ‌ပြေလည်ဖို့ ကြိုး ပမ်းတဲ့‌နေရာမှာ သူဟာ အဓိက ပါဝင်ခဲ့တဲ့ ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်တဲ့အတွက် မြန်မာပြည်သူအားလုံးအတွက်လည်း ဆုံးရှုံးမှု တစ်ရပ်ဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

ဆက်လက်၍ ခူဦးရယ်က သူသည် ကရင်နီ‌တော်လှန်‌ရေး၌ ဦး‌ဆောင်ဦးရွက်အခန်းကဏ္ဍတွင် လူမျိုး‌ရေး ခွဲခြားမှုမရှိဘဲ မြန်မာ နိုင်ငံ ဖယ်ဒရယ်ပြည်‌ထောင်စု ‌ပေါ်‌ပေါက်‌ရေးအတွက် ယုံကြည်ချက် ခိုင်ခိုင်မာမာထားပြီး တိုင်းရင်းသား ‌တော်လှန်‌ရေး မဟာ မိတ်အဖွဲ့အစည်းများနှင့် လက်‌တွေ့ကြိုးပမ်းလုပ်‌ဆောင်ခဲ့သူတဦးလည်း ဖြစ်သည်ဟု ရှင်းပြသည်။

ဗိုလ်ချုပ်မန်း‌အောင်သန်း‌လေးနှင့် ‌တော်လှန်‌ရေးလုပ်‌ဖော်ကိုင်ဖက်ဖြစ်သူ ပအိုဝ်းပြည်သူ့လွတ်‌မြောက်‌ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ် မှူးကြီးခွန်ဥက္ကာက “ဗိုလ်ချုပ်ဟာ ရန်သူ(စစ်အစိုးရ)အ‌ပေါ် အင်မတန် သ‌ဘောထားပြတ်သားတယ်။ ဇွဲ‌ကောင်းတာ၊ လက်နက် ချ အညံ့ခံတာ၊ ရန်သူနဲ့ ‌စေ့စပ်‌ရေးလုပ်တာ မကြိုက်ဘူး။ အထူးသဖြင့် တိုင်းရင်းသား‌တွေရဲ့ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အ‌ပေါ်မှာ‌တော့ သူ ပိုပြီး အ‌လေးထားတယ်။ ‌နောက် ကရင်နီပြည်ကို ဖယ်ဒရယ်ပြည်နယ်အဖြစ် ‌ပေါ်လစီ‌ပြောင်းဖို့ ဆုံးဖြတ်ခဲ့ တာလည်း သူပါ။ သူ ဒီလိုကွယ်လွန်သွားတာ ကျ‌နော်တို့ ‌တော်လှန်‌ရေးအတွက် ဆုံးရှုံးမှုကြီးတခု‌ပေါ့”ဟု ဆိုသည်။

မန်း‌အောင်သန်း‌လေးသည် ကရင်နီပြည်‌ထောင်စုအစိုးရ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၉၂-၁၉၉၆ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၀၁-၂၀၀၅ခု နှစ်တွင်တစ်ကြိမ် စုစု‌ပေါင်း နှစ်ကြိမ် တာဝန်ထမ်း‌ဆောင်ခဲ့ပြီး ၂၀၀၁-၂၀၀၅ခုနှစ်အထိ (‌ကေအဲန်ပီပီ) ဥက္ကဌအဖြစ် တာဝန်ထမ်း ‌ဆောင်ခဲ့သည်။

အဖ ‌စောဒီး၏ သားဖြစ်သူ ဗိုလ်ချုပ်မန်း‌အောင်သန်း‌လေးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ‌ယောင်‌တော‌ကျေးရွာတွင် ၁၉၁၉ခု နှစ်က ဖွားမြင်ခဲ့ပြီး ၎င်းကွယ်လွန်ချိန်တွင် ဇနီး‌နော်ကိုးရီးနှင့် သားသမီး ၈ဦး ကျန်ရစ်ခဲ့သည်။

လာမည့် ဇွန်လ ၃ရက်‌နေ့တွင် ဗိုလ်ချုပ်မန်း‌အောင်သန်း‌လေး၏ ဈာပနကို ကရင်နီဒုက္ခသည် အမှတ်(၂)စခန်း၌ ပြုလုပ်သွားမည် ဟု သိရသည်။