Home ထိပ်တန်းသတင်း မြဝတီ နယ်စပ်ကုန်သွယ်‌ရေး ပုံမှန်ပြန်မဖြစ်‌သေး

မြဝတီ နယ်စပ်ကုန်သွယ်‌ရေး ပုံမှန်ပြန်မဖြစ်‌သေး

2603
‌မေလ ၁၄ရက်။ ‌အောင်‌လေး (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ဧပြီလ(သကြင်္န်ကာလ)မှစ၍ နှစ်နိုင်ငံ ကုန်သွယ်‌ရေးအ‌ခြေအ‌နေ ‌အေးသွားရာမှ ယခုလလယ် ပိုင်းအထိ ပုံမှန်အ‌နေအထားသို့ ပြန်မဖြစ်‌သေး‌ကြောင်း မြို့ခံများနှင့် ကုန်သည်များ၏ ‌ပြောပြချက်အရ သိရသည်။

သကြင်္န်ကာလ‌နောက်ပိုင်း မြဝတီမြို့တွင် ကုန်သည်ကားများ ယခင်ကထက် အဝင်အထွက်နည်းလာသဖြင့် ကုန်ပစ္စည်း ‌ရောင်း ဝယ်အားမှာလည်း ယခင်ကထက် ကျဆင်းသွားသည်ဟု ထိုင်းနိုင်ငံမှ ဆိုင်ကယ်နှင့် ကား‌ရောင်းဝယ်သည့် ကုန်သည်တဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူက “အရင်က မြဝတီမှာ ဆိုင်ကယ်‌တွေ လာတက်ဝယ်ကြတဲ့ ဆိုင်ကယ်အဝယ်သမား‌တွေက သကြင်္န်ပြီး‌နောက်ပိုင်းမှာ ၉၀% ‌လောက် ‌လျှော့နည်းသွားသည်။ ဘာဖြစ်လို့လဲဆို‌တော့ သကြင်္န်တုန်းက ဒီနယ်စပ်မှာ‌နေတဲ့ လူတချို့က သူတို့‌နေရပ်ဖြစ်တဲ့ ‌မော် လမြိုင်တို့ ဘာတို့မှာ ဆိုင်ကယ်‌တွေဝယ်သွားပြီး‌တော့ ပြန်‌ရောင်းချတာ‌တွေရှိတယ်။ သူတို့က လမ်းစရိတ်လည်း သက်သာ၊ ‌ဈေး နှုန်းလည်းကိုက်ဆို‌တော့ နယ်စပ်ကို မတတ်လာ‌တော့ဘဲ ‌ရောင်းဝယ်ကြတယ်။ ပြီး‌တော့ အခုတ‌လော နယ်စပ်မှာ စစ်တပ်ဂိတ်‌တွေ က ပိုမိုတင်းကြပ်လာတာ‌ကြောင့် ကုန်သည်‌တွေ အလာနည်းတာလည်း ဖြစ်တယ်”ဟု ‌ပြောသည်။

ထို့အပြင် ယခုနှစ်တွင် စစ်အစိုးရက ‌ရွေး‌ကောက်ပွဲပြုလုပ်မည်ဖြစ်သဖြင့် အ‌ခြေအ‌နေတစုံတရာ ‌ပြောင်းလဲသွားမည်ကို ကြို‌တွေးပြီး ကားကုန်သည်များက ကားတင်ပို့‌ရောင်းချမှုများကို ရပ်တန့်ထားရာ ကား‌ဈေးကွက်မှာလည်း မရှိသ‌လောက်ဖြစ်‌နေသည်။

ထိုင်းဘက်မှ တင်သွင်းယူသည့် အချိုရည်များ

စစ်အစိုးရသည် ၎င်းတို့နှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်းမည့် ‌နောက်ဆုံးသတ်မှတ်ရက် ဧပြီလ (၂၈)ရက်‌နေ့‌နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်‌လျှောက်တွင် သတင်းအမျိုးမျိုး ထွက်‌ပေါ်လာပြီး စစ်တပ်၏ လှုပ်ရှားလာမှုများအ‌ပေါ် ‌အောက်နယ်(ဖားအံ၊ ပဲခူး၊ ‌မော်လမြိုင်)မှ ကုန်သည်ကားများ အလာကျဲလာသဖြင့် နယ်စပ် ကုန်သွယ်‌ရေး ကျဆင်း‌နေ‌ကြောင်း ‌ငွေလွဲလုပ်ငန်းလုပ်သူ မြဝတီမြို့ခံ အမျိုးသမီးတဦးက ‌ပြောသည်။

သူမက “အရင်ကဆိုရင် ပုံမှန်တရက်ကို ‌ငွေကျပ်သိန်း (၁၀)‌ကျော် ကျမတို့ လွဲလို့ရတယ်။ ဒီ‌ကေဘီ‌အေကို နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်းဖို့ ‌နောက်ဆုံးသတ်မှတ်ကာလ ‌နောက်ပိုင်းကစပြီး သတင်းကလည်း အမျိုးမျိုး ထွက်‌နေ‌တော့ တခုခုဖြစ်မလား‌ပေါ့၊ အ‌ခြေအ‌နေက လှုပ်လှုပ် လှုပ်လှုပ်နဲ့။ လူ‌တွေက စိုးရိမ်ကြတယ်။ အဲဒီအ‌ခြေအ‌နေ‌တွေ‌ကြောင့် ‌ငွေလွဲလုပ်ငန်းလည်း ကျသွား တယ်။ ခုဆို တရက်ကို ကျပ်(၁)သိန်း‌ကျော် ‌ကျော်‌လောက်ပဲ လွဲရတယ်”ဟု ‌ပြောသည်။

ထိုင်းဘက်မှ တင်သွင်းယူသည့် ပုဇွန်တံဆိပ် စားဆီများ

အထူးသဖြင့် ထိုင်းဘက်မှ စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းကို အဓိက ‌ရောင်းဝယ်‌နေသည့် ကုန်သည်များ လာ‌ရောက်မှုနည်းလာ သည့်အပြင် သကြင်္န်အပြီးတွင် ‌မော်လမြိုင်၌ ည ၆နာရီ‌နောက်ပိုင်း ကားမဆွဲရ၊ အပြင်မထွက်ရ စသည့် မာရှယ်‌လော ညွှန်ကြား ချက်များ‌ကြောင့် ကုန်သည်များ မြဝတီဘက်သို့ အလာကျဲသွားခြင်းဖြစ်သည်ဟု ‌မော်လမြိုင်မြို့မှ ကုန်သည်တဦးက ဆိုသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပုံမှန် တင်ပို့‌နေသည့် ပစ္စည်းများမှာ ဘိလပ်‌မြေ၊ သံပြား၊ သံလုံး၊ သံပိုက်လုံးများအပြင် ဂျပန်နိုင်ငံမှလာ သည့် တပတ်ရစ်ကားများ၊ စက်ဘီး၊ ‌ရေခဲ‌သေတ္တာ၊ ကွန်ပြူတာများဖြစ်ပြီး စားသုံးကုန်များဖြစ်သည့် ငါး‌သေတ္တာ၊ မုန့်မျိုးစုံ၊ အချို ရည်မျိုးစုံနှင့် အသီးအနှံ စည်သွပ်ဗူးများ ဖြစ်သည်။

အဆိုပါကုန်ပစ္စည်းများကို တရားမဝင်ဂိတ်များမှ ယူသွင်း‌နေသည့် ကုန်သည်တစ်ဦးက “အရင်က ထိုင်းဘက်က ပစ္စည်း‌တွေက ‌နေ့ တိုင်း ဝင်လာလို့ ‌နေ့‌ရော ညပါ အလုပ်သမား‌တွေနဲ့ မနားတမ်း သယ်‌နေရတယ်။ အခု‌တော့ ဝင်ထားပြီးသား ပစ္စည်း‌ဟောင်း‌တွေကို ပဲ သယ်ရတယ်။ လူက အနားရ‌ပေမဲ့ အလုပ်မဖြစ်ဘူး‌ပေါ့”ဟု ဆိုသည်။

ယခုလပိုင်းအတွင်း နအဖ စစ်တပ်များသည် မြဝတီမြို့သို့ တပ်ရင်းအင်အား အလုံးအရင်းဖြင့် ဝင်‌ရောက်လာသည့်အတွက်လည်း နယ်စပ်စီးပွား‌ရေးမှာ တည်ငြိမ်မှုမရှိဟုလည်း ကုန်သည်အများစုက ဆိုကြသည်။

မြဝတီနယ်စပ်တွင် ကုန်တင်ကုန်ချ‌နေသူများ

ပဲခူး၊ ‌မော်လမြိုင်၊ ကျိုက်ထို၊ သထုံနှင့် မန္တ‌လေးမြို့တို့မှ ကုန်သည်များ ‌ရောင်းဝယ်‌ဖောက်ကား‌နေသည့် မြဝတီမြို့တွင် ယခုအချိန် ၌ ကုန်သွယ်‌ရေး ပုံမှန် အ‌နေအထား ပြန်မ‌ရောက်‌သေး‌သော်လည်း သစ်လုပ်ငန်း အဓိကလုပ်ကိုင်သည့် အခြားနယ်စပ်မြို့ဖြစ် သည့် ဘုရားသုံးဆူတွင်မူ နယ်စပ်ကုန်သွယ်‌ရေးမှာ ပုံမှန်ပင် ဖြစ်သည်။