Home ထိပ်တန်းသတင်း မြန်မာ့အ‌ရေး ‌ထောက်ခံသည့် ဗြိတိန်နိုင်ငံဖွား သရုပ်‌ဆောင် မင်းသမီး မဲ‌ဆောက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

မြန်မာ့အ‌ရေး ‌ထောက်ခံသည့် ဗြိတိန်နိုင်ငံဖွား သရုပ်‌ဆောင် မင်းသမီး မဲ‌ဆောက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

1824
‌မေလ ၁၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်အ‌ခြေ‌နေများကို လာ‌ရောက်‌လေ့လာသူ ဗြိတိန်နိုင်ငံ နာမည်ကြီး သရုပ်‌ဆောင်အဆို ‌တော် ဂျိမ်းဘာ‌ကေန် (Jane Birkin)သည် ယ‌နေ့မွန်းလွဲ (၁)နာရီ်၌ မဲ‌ဆောက်မြို့တွင် သတင်းစာရှင်းလင်းပွဲတခု ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို မြန်မာ့အ‌ရေး ပူး‌ပေါင်း‌ဆောင်ရွက်သူများ(Burma Partnership) နှင့် ပြင်သစ်နိုင်ငံ အ‌ခြေ စိုက် Info Birmanie အဖွဲ့အစည်းတို့မှ ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ့အ‌ရေးနှင့် ပတ်သက်၍ အတတ်နိုင်ဆုံး ကြိုးပမ်းကူညီ သွားမည်ဟု ဂျိမ်းဘာ‌ကေန်က ‌ပြောသည်။

သူမက “ကျမ ဒီကို ‌ရောက်လာတာ မြန်မာပြည်သူ‌တွေရဲ့ အ‌ခြေအ‌နေကို ‌လေ့လာခွင့် အများကြီး ရခဲ့ပါတယ်။ ဥ‌ရောပသမဂ္ဂ မှာ မြန်မာပြည်ကိစ္စကို ညီညီညွတ်ညွတ်နဲ့ ဒီထက်ပိုပြီးလုပ်‌ဆောင်နိုင်ဖို့ တိုက်တွန်းသွားမယ်။ ပြင်သစ်ကို ပြန်‌ရောက်ရင် ဒီမှာ လက်ရှိဖြစ်‌နေတဲ့ မြန်မာပြည်သူ‌တွေရဲ့ ဒုက္ခအခက်အခဲကို ဥ‌ရောပနဲ့ ပြင်သစ်မှာရှိတဲ့သူ‌တွေ ‌မေ့‌လျော့မသွား‌အောင် ပြင်သစ် တီဗွီနဲ့ သတင်းဌာန‌တွေမှာ အတတ်နိုင်ဆုံး ကြိုးစားတင်ပြသွားမယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် သူမက မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြဿနာနှင့် ‌ဒေါ်‌အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်‌ရေးကို စစ်အစိုးရ မ‌ဖြေရှင်း‌ပေးသ‌ရွေ့ မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးအ‌ခြေအ‌နေသည် တိုးတက်‌ပြောင်းလဲသွားနိုင် မည် မဟုတ်‌ကြောင်း ဆက်လက် ‌ပြောဆိုသွားသည်။

ပြင်သစ်နိုင်ငံတွင် ‌နေထိုင်ပြီး ဗြိတိန်နိုင်ငံဖွား ဂျိမ်းဘာ‌ကေန်က သူမ၏ ထိုင်း-မြန်မာနယ်စပ် ၄ရက်တာ ခရီးစဉ်တွင် ထိုင်း-မြန်မာနယ်စပ်တွင်ရှိ မယ်လဒုက္ခသည်စခန်း၊ မယ်‌တော်‌ဆေးခန်း၊ အတိုက်အခံ နိုင်ငံ‌ရေးအင်အားစု အဖွဲ့အစည်းအချို့နှင့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား က‌လေးငယ်များ ‌ကျောင်းအချို့သို့ သွား‌ရောက်‌လေ့လာ မှတ်တမ်းယူခဲ့သည်ဟု သိရသည်။

ပြင်သစ်နိုင်ငံအ‌ခြေစိုက် မြန်မာ့အ‌ရေး လှုပ်ရှား‌ဆောင်ရွက်‌နေသည့် Info Birmanie အဖွဲ့၏ Coordinator Isabelle ကလည်း ပြင်သစ်နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်း စစ်အစိုးရ၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု များကို စုံစမ်းစစ်‌ဆေးရန် စစ်‌ဆေး‌ရေးအဖွဲ့တခု ဖွဲ့စည်း‌ပေး‌ရေး၊ အမျိုးသားပြန်လည်ရင်ကြား‌စေ့‌ရေးအတွက် စစ်အစိုးရအား တိုက်တွန်း‌ပေး‌ရေးနှင့် စစ်အစိုးရ၏ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲသည် တရားမျှတမှုမရှိသည့်အတွက် ဝိုင်းဝန်းဆန့်ကျင်‌ရေးတို့ကို ပြင်သစ်အစိုးရအား တိုက်တွန်းသွားမည်ဟု ‌ပြောဆိုသွားခဲ့သည်။

ဂျိမ်းဘာ‌ကေန်၏ ယခု ထိုင်း-မြန်မာနယ်စပ် ခရီးစဉ်သည် ပထမအကြိမ်ဖြစ်သည်။ သူမသည် မြန်မာ့အ‌ရေးကို ၁၉၉ဝခုနှစ် ‌နောက်ပိုင်းတွင် စတင် စိတ်ဝင်စားလာခဲ့သူဖြစ်ပြီး ၁၉၉၉ ခုနှစ်၌ မြန်မာနိုင်ငံသို့ သွား‌ရောက်လည်ပတ်စဉ် မြန်မာ့ဒီမိုက‌ရေစီ ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ‌တွေ့ဆုံခွင့်ရရှိခဲ့သည်။