Home ဆောင်းပါး ‌အောင်မြင်စွာ ‌ကျော်ဖြတ်မဲ့ ‌လှေငယ်ဟာ ပြင်ဆင်ပြီ

‌အောင်မြင်စွာ ‌ကျော်ဖြတ်မဲ့ ‌လှေငယ်ဟာ ပြင်ဆင်ပြီ

1703

M.ထက်‌ခေါင်
(၁)

ဤစာ‌စောင်တွင် အမျိုးသား‌ရေး၊ ဒီမိုက‌ရေစီ‌ရေး၊ ‌တော်လှန်‌ရေးနှင့် ရန်သူ ဟူ‌သော အခန်းဆက် ‌ဆောင်းပါးကို လအနည်းငယ် မျှ တင်ပြလာခဲ့ရာတွင် ယခုလမှာ ‌ဆောင်းပါးအမှတ်စဉ် (၄)ကို တင်ပြရမည့်လ ဖြစ်သည်။ သို့ရာတွင် ‌ရေးထားပြီးဖြစ်‌သော ‌ဆောင်းပါးအမှတ် (၄)နှင့် ပတ်သက်၍ ‌ကျေနပ်နှစ်သက်မှု မရှိ‌သေးသည့်အပြင် စာမူကြမ်း အချက်အလက် လျာထားချက်များ အရ ‌ဆောင်းပါးမှာ အမှတ်စဉ် (၅)အထိ တင်ပြမှ နိဂုံးချုပ်နိုင်မည်ဖြစ်ရာ လက်ရှိ အ‌ခြေအ‌နေတွင် ကြားဖြတ်တင်ပြလို‌သော အ‌ရေး‌ပေါ် အ‌ကြောင်းအရာတခု ရှိလာ‌သော‌ကြောင့် ‌ရေးလက်စ အခန်းဆက်‌ဆောင်းပါးကို ‌နောက်လကျမှ ဆက်လက် ‌ဖော်ပြ ရ‌တော့မည် ဖြစ်သည်။

‌လော‌လောဆယ် အ‌ရေးတကြီး တင်ပြလိုသည့် အ‌ကြောင်းအရာမှာ ဤစာ‌စောင်၌ ကြိမ်ဖန်များစွာ ‌ရေးသားခဲ့ဘူး‌သော မဲပြာ ပုဆိုးအ‌ကြောင်းအရာမျိုးသာ ဖြစ်သည်။ မုဆိုးနားနီး‌သောတံငါ တံငါနားနီး‌သောမုဆိုး၊ ဓားရိုးကို သူခိုးဆုပ်မိ‌ပေ‌တော့မည်၊ ကျွန် ‌ခေတ်၏ အ‌ငွေ့အသက်၊ မ‌နေ့ကရဲ့ မနက်ဖြန်…၊ ရှင်ခြင်း ဘယ်သို့ မြတ်နိုင်တို့ စသည်…စသည်ဖြင့်၊ ဖန်တရာ‌တေ‌အောင် အနည်းနည်းအဖုံဖုံ နှိုးဆွတိုက်တွန်း ‌ပြောဆို‌ရေးသားခဲ့ဘူး‌သော အ‌ကြောင်းအရာများလိုပင် ဖြစ်‌သော်လည်း ယခုလို အလွန် အမင်း အ‌ရေးကြီးသည့်အချိန်၌ အခါတရာမက ထပ်ခါထပ်ခါ နှိုး‌ဆော်ရန် အထူးလိုအပ်‌နေ‌သော‌ကြောင့် ထပ်မံတင်ပြရခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ကြားလာရသည့် သတင်း‌တွေက သိပ်မဟန်။ လက်နက်အားကိုးဖြင့် ဗမာတပြည်လုံး ကျွန်ဇာတ်သွင်းကာ ဗိုလ်ကျမင်းမူ‌နေသည်ကို နှစ်ကာလကြာရှည်စွာ ငြိမ်းချမ်း‌သောနည်းဖြင့် တိုက်ပွဲဝင်ခဲ့သည့်ရလဒ်၊ ‌တွေ့ဆုံ‌ဆွေး‌နွေးကာ နိုင်ငံ ‌ရေးနည်းဖြင့်သာ ‌ဖြေရှင်းလိုသည့် ရလဒ်အဖြစ်၊ ၎င်းတို့ အဓမ္မ ‌ရေးဆွဲထား‌သော ၂၀၀၈ဖွဲ့စည်းပုံကို ဇွတ်အတင်း အတည်ပြု လျက် နိုင်ငံ‌ရေးလမ်း‌ကြောင်း‌ပေါ်သို့ ‌ရွေး‌ကောက်ပွဲ အတုအ‌ယောင်ဖြင့် တရားဝင် ခုန်တက်ရန် မလိမ့်တပတ် ကြိုးစားလာ ‌သော စစ်အုပ်စုကို ပီပြင်စွာ ‌တွေ့လာရပြီး ဖြစ်‌လေသည်။ ထိုသို့ ရုပ်လုံး‌ပေါ်လာပြီဖြစ်‌သော စစ်အုပ်စုကို ပိုမိုအ‌ရောင်လက် ‌အောင် ဝိုင်းဝန်းပံ့ပိုး ‌ရွှေချ‌ပေးကြမည့် ပြည်သူ့အသားထဲက ‌လောက်များကလည်း အရှက်ကင်းမဲ့စွာ ‌ခေါင်းပြူလာကြပြီ ဖြစ် သည်။

‌တော်လှန်‌သော လူထုနှင့် သတင်းမီဒီယာများက အထပ်ထပ် အခါခါ ‌ပြော‌နေသည့်ကြားက မတရားမှန်း သိ‌ပေမဲ့ အခွင့်အ‌ရေး အတွက် ‌ရွေး‌ကောက်ပွဲ ဝင်ရမည်ဟု ဆိုသည့် အခွင့်အ‌ရေးသမား တိုင်းရင်းသားအဖွဲ့အချို့ရှိလာသလို ‌ဒေါ်‌အောင်ဆန်းစုကြည် အ‌ပေါ် မှတ်ပုံတင်ရန် သတ်မှတ်ရက်ချိန်း ‌နောက်ဆုံးအချိန်အထိ သစ္စာ‌စောင့်သိ‌နေမည်ဖြစ်ပြီး ထိုရက် ‌ကျော်လွန်သွားလျှင် ‌တော့ တာဝန်မယူနိုင်ဟု ‌ပြောလာသူ အဲန်အယ်လ်ဒီ ဗဟိုအလုပ်အမှု‌ဆောင် တ‌ယောက်နှစ်‌ယောက်လည်း ရှိသည်။ ထိုသူ‌တွေ မှာ ဦးသု‌ဝေတို့လို၊ ‌ဒေါက်တာခင်‌ဇော်ဝင်းတို့လို ရိုးသားမှုမရှိ‌သော အခွင့်အ‌ရေးသမားများသာ ဖြစ်၏။

စစ်အုပ်စု၏ ဆင်ကွက်ထဲသို့ မဝင်ဘဲ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေကို လက်မခံ၊ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ‌ကျောခိုင်း လျက် ပါတီမှတ်ပုံတင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အဲန်အယ်လ်ဒီပါတီအား လူထုက နှစ်သက်အား ရ ‌ကျေးဇူးတင်စွာ ‌ထောက်ခံ‌နေကြချိန်တွင် ကိုယ့်သိက္ခာကိုယ် မ‌စောင့်စည်းနိုင်‌သော အသားထဲက ‌လောက်များ ‌ပေါ်ထွက် လာခြင်းမှာ လူထုအကျိုးပြု လူမှုလုပ်ငန်းများ ဆက်လက်လုပ်‌ဆောင်သွားမည်ဖြစ်‌သော အဲန်အယ်လ်ဒီကို ပို၍ သန့်စင်သွား‌စေ မည် ဖြစ်သည်။

(၂)
မည်သည့်တိုင်းရင်းသား ပြည်သူလူထုကိုမျှ ကိုယ်စားမပြုဘဲ စစ်အုပ်စုအကြိုက် အဓမ္မ ‌ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အ ‌ခြေခံဥပ‌ဒေအား အ‌ကောင်အထည်‌ဖော်မည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပမည်ဆိုသည့်တိုင် လက်ခံနိုင်စရာ လုံးဝ မရှိ‌ကြောင်း လူထုအ‌တော်များများက နားလည်လာကြပြီ ဖြစ်သည်။ လက်မခံရုံသက်သက်ဖြင့် ရပ်တန့်မ ‌နေဘဲ ထိုအ‌ခြေခံဥပ‌ဒေနှင့်အတူ စစ်အုပ်စုတစုလုံး ပ‌ပျောက်သွား‌အောင် ကြိုးပမ်းကြမည့်သူ‌တွေလည်း ဟိုတကွက် ဒီတကွက် ရှိလာ‌နေပြီ ဖြစ်၏။
ဒီ‌ကေဘီ‌အေထဲမှ တပ်မှူးများမှာ ရန်သူတွန်းအား‌ပေးသည့် နယ်ခြား‌စောင့်တပ်ဖွဲ့စည်း‌ရေးအ‌ပေါ် သ‌ဘောထားကွဲမှုများ ရှိလာ သည်။ အချို့က မိမိတို့ မလိမ့်တပတ် ကျွန်ပြုခံရမည့်အဖြစ်ကို သိမြင်လာပြီး လက်မခံနိုင်ဟု ငြင်းဆိုလာကြ‌ကြောင်း ကြားသိရ သည်။ ‌ကေအဲန်ယူ ‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်‌ဌေး‌မောင်သည်လည်း နအဖ၏ အစီအစဉ် ကို လက်မခံ ဆန့်ကျင်ကာ ထို့‌ကော်ကိုးမှ‌နေ၍ နယ်စပ် မယ်လစခန်းအနီးသို့ ‌ပြောင်း‌ရွေ့လာခဲ့‌ကြောင်း ကြားသိရသည်။ မိမိတို့ အမျိုးသားလွတ်‌မြောက်‌ရေးအတွက် တိုက်ပွဲဝင်‌နေသည့် ရည်မှန်းချက်များ ‌ဖျောက်ဖျက်ခံရပြီး ရန်သူ၏ ကန့်သတ်ချုပ်ချယ်မှု အမျိုးမျိုး‌အောက် ထားရာ‌နေ၊ ‌စေရာသွား၊ ခိုင်းတာလုပ်ရမည့် နယ်ခြား‌စောင့်တပ်အဖြစ်ကို မွန်ကလည်း လက်မခံ၊ မိုင်းလား၊ ဝ နှင့် ကချင်တို့ကလည်း လက်မခံကြ။ ရှမ်းက‌တော့ ခွဲထွက်သူအချို့ရှိလာသည့်တိုင် ရန်သူကို ရင်ဆိုင်ရန် အင်အား‌ကောင်းစွာ ဖြင့် အသင့်ပြင်ဆင်ထား‌နေပြီ ဖြစ်သည်။

(၃)
ကိုလိုနီ‌ခေတ်က အစိုးရဆန့်ကျင်‌ရေး “ဘူး”အသင်းများ ‌ပေါ်ခဲ့သလိုမျိုး၊ ပြီးခဲ့‌သော မဲ‌ဆောက်သကြင်္န်၌ ဗမာပြည်စစ်အုပ်စု၏ အစီအစဉ်များကို ငြင်းပယ်သည့် “ဘူး” သကြင်္န်သံချပ်ပြိုင်ပွဲများကို ကျင်းပခဲ့‌ကြောင်း ကြားသိရသည်။ ဘူး လှုပ်ရှားမှုဟူ၍ လည်း ‌ပေါ်‌ပေါက်လာသည်။ လူထုတိုက်ပွဲ‌ကော်မတီဟူ၍ ဖွဲ့စည်းပြီး ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဝင်အများစု၏ သ‌ဘောထားကို ထင်ဟပ်‌ဖော်ပြထားသည့် ‌ကြွေး‌ကြော်သံများ ထုတ်ပြန်ထားသည်။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေကို လက်မခံဘူး၊ ပါတီမှတ်ပုံမတင်ဘူး၊ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို မဝင်ဘူး၊ မတရားတဲ့အမိန့်‌တွေကို လက်မခံဘူး စသဖြင့် ပိုစတာ ပုံစံ ‌ရေးထား‌သော နှိုး‌ဆော်စာကို ‌တွေ့ရသည်။ ဗမာပြည်ထဲ အချို့မြို့ရွာများ၌ ပိုစတာများလိုက်ကပ်သည့် သတင်းကိုလည်း ကြားရသည်။ စစ်အုပ်စုအား ဤကဲ့သို့ “ဘူး”ခံ ငြင်းပယ်၊ ဆန္ဒပြ‌နေမှုများမှာ မကြာမီ တိုင်းပြည်နှင့်တဝှမ်း တညီတညွှတ်တည်း စတင်‌ပေါ်‌ပေါက်လာ‌တော့မည့် ထိ‌ရောက်ပီပြင်‌သော လှုပ်ရှားမှုများ၏ ‌ရှေ့‌ပြေးအဖြစ် မှတ်ယူနိုင်မည် ဖြစ်သည်။

သို့ရာတွင် လူထုတိုက်ပွဲ ‌ဖော်‌ဆောင်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး တိုင်းပြည်အတွင်း ‌သွေးထွက်သံယိုများဖြင့် ပြုပြင်‌ပြောင်း လဲခြင်းမျိုး၊ လူထုနစ်နာမည့် အဖြစ်မျိုးများကို စိုးရိမ်‌ကြောက်လန့်ကာ အကြမ်းဖက်လုပ်ရပ်မှာ ‌ခေတ်မရှိ‌တော့‌ကြောင်း ‌ပြောဆို ကန့်ကွက်‌နေကြ‌သော ပညာရှိအ‌ရေခြုံ င‌ကြောက်‌တွေ အ‌တော်ပင်ရှိ‌နေသလို၊ လူထုဘက်သား တပ်မှူး‌တွေ၊ အရာရှိအရာခံ အကြပ်တပ်သား‌တွေကိုယ်တိုင်က ‌ပြောင်းလဲပြီး အာဏာရှင်ကို ‌တော်လှန်ဖြုတ်ချမှသာ ဖြစ်နိုင်မည်ဟု ဆိုသူ‌တွေလည်း ရှိ‌နေ သည်။

အကြမ်းဖက်သူကို အကြမ်းဖက်၍ တိုက်ပွဲဝင်လျှင် တဘက်ကလည်း ပိုမို၍ အကြမ်းဖက်ခြင်းဖြင့် အကြမ်းဖက်မှုများ မပြီးနိုင် မစီးနိုင် ဖြစ်ရလိမ့်မည်ဟု ဆိုသူကဆို၊ အကြမ်းဖက်တိုက်ပွဲဖြင့် ဒီမိုက‌ရေစီကို မရနိုင်ဟု ‌ပြောသူ‌တွေ‌ပြော၊ လူထုအတွက် ကိုယ် ကျိုးစွန့် တိုက်ပွဲဝင်မည့်သူများကို အား‌ပေးကူညီမှုမပြုဘဲ ကိုယ့်ကျိုးငဲ့ ‌ကြောက်ရွံ့စိတ်များဖြင့် အ‌တွေးအ‌ခေါ်‌တွေ တိမ်း‌စောင်း ‌နေကြသည်။

တကယ်‌တော့ စစ်အာဏာရှင်အား အကြမ်းဖက် ‌တော်လှန်သည်မှာ ဒီမိုက‌ရေစီရရှိရန်မဟုတ်။ စစ်အာဏာရှင်နှင့် ၎င်းတို့၏ လက်ငုတ်များကို အမြစ်မကျန် ဖြိုဖျက်ရန်သာ ဖြစ်သည်။ စစ်အာဏာရှင်ထံမှ ဒီမိုက‌ရေစီကိုှ ‌တောင်းရန်မလို။ မည်သည့်စစ် အာဏာရှင်ကမျှ ဒီမိုက‌ရေစီကိုမ‌ပေး။ ‌ပေးရန်လည်း ၎င်းတို့မှာမရှိ။ ဒီမိုက‌ရေစီမှာ လူထုအုပ်ချုပ်‌ရေးဖြစ်၍ စစ်အာဏာရှင်ကို ဖြုတ်ချပြီး‌နောက်ပိုင်း လူထုက ကိုယ့်ဟာကိုယ် လုပ်ယူရမည့်ကိစ္စ ဖြစ်သည်။

စစ်၏ ဆိုးကျိုးများ၊ အနိဌာရုံများကို ‌ကြောက်လန့်ပြီး စစ်ဖြစ်မည်ကို စိုးရိမ်‌နေလျှင် စစ်ကျွန်များအဖြစ် ဖိနှိပ်‌စော်ကား အနိုင် ကျင့် သတ်ဖြတ်ခံရမှုများနှင့် ပို၍ကြုံရဖို့သာ ရှိ‌လေသည်။

ဗမာပြည်စစ်အုပ်စုအား ‌တွေ့ဆုံ‌ဆွေး‌နွေး ‌စေ့စပ်ညှိနှိုင်း အ‌ဖြေရှာ၍ ရနိုင်မည်ဟု ထင်‌နေကြသူများအ‌နေဖြင့် နှစ်‌ပေါင်း ၂ဝ ‌ကျော် ဒီမိုက‌ရေစီ‌ရေး ‌တောင်းဆိုတိုက်ပွဲဝင်ခဲ့သူများ၊ နှစ်‌ပေါင်း ၆၀‌ကျော် အမျိုးသားလွတ်‌မြောက်‌ရေး လက်နက်ကိုင်တိုက်ပွဲ အတွင်း နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းအရ ‌ဖြေရှင်းရန် ကြိုးစားခဲ့ကြသူများ၏ အ‌တွေ့အကြုံ‌တွေကို ‌မေ့ထားဖို့ရန် မသင့်။

ရန်သူစစ်အုပ်စုအား အကြမ်းနည်းသုံး၍ မတိုက်ခိုက်နိုင်လျှင် တိုင်းပြည် ဘယ်‌သောအခါမျှ မလွတ်‌မြောက်၊ မငြိမ်းချမ်းနိုင်။
နိုဗယ်ငြိမ်းချမ်း‌ရေးဆုကို လက်ခံထားသည့် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ဆရာကြီးဦးဝင်းတင် အပါအဝင် အဲန်အယ်လ်ဒီပါတီ အ‌နေဖြင့်မှု အကြမ်းနည်းသုံးပြီး တိုက်ခိုက်ဖို့ရန် ဘယ်‌သောအခါမျှ ဦး‌ဆောင် နှိုး‌ဆော်လိမ့်မည်မဟုတ်။ အ‌ကောင်းဆုံးကို ‌မျှော် လင့်သလို အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ ဆို‌သောစကားနှင့် ထွက်‌ပေါက်ပိတ်‌နေတာကို ‌ဖောက်ထွက်ဖို့ ‌ပြောဆိုမှုများကို မိမိတို့က နားလည်ကြရမည် ဖြစ်သည်။ မိမိတို့လူထု၏ ‌တော်လှန်‌ပြောင်းလဲရန် ကြိုးပမ်းမှုများကိုလည်း အဲန်အယ်လ်ဒီက နား လည်‌ပေးနိုင်လိမ့်မည် ဖြစ်သည်။

ယခုအ‌ခြေအ‌နေတွင် ရန်သူသည် အရူးမီးဝိုင်း အ‌နေအထားသို့ ‌ရောက်ရှိ‌နေပြီ ဖြစ်၏။ အပစ်ရပ်တိုင်းရင်းသားအဖွဲ့များကို နယ် ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေး အဓမ္မ ဖိအား‌ပေး‌နေ‌သော်လည်း တိုင်းရင်းသား‌တွေဘက်က မလိုက်နာဘဲ ပြန်လည်တိုက်ပွဲ ဝင်ကြ‌တော့မည် ပြဿနာ၊ မြို့ကြီးအချို့မှ လုပ်ခလစာ လူ‌နေမှုစရိတ် မမျှတကြ‌သော အလုပ်သမားများ ဆန္ဒပြသည့် ပြဿ နာ၊ ၎င်းတို့လုပ်ရပ်များအတွက် အတိုက်အခံများနှင့် ကမ္ဘာ့နိုင်ငံကြီးများက စွဲချက်တင် ဖိအား‌ပေးလာသည့် ပြဿနာ၊ အစရှိ ‌သော ပြဿနာရပ်‌တွေ မျိုးစုံ ရှိ‌နေသည်။

စစ်အုပ်စုသည် မည်သည့် ပြဿနာတခုကိုမျှ ‌ပြေလည်‌အောင် မရှင်းနိုင်။ ဗမာပြည်တွင်း တ‌နေရာရာမှာ တိုက်ပွဲ‌တွေ စပြီဆို သည်နှင့် ယခင်ကလို မဟုတ်‌တော့ဘဲ စစ်‌ရေးမဟာမိတ်ချင်းကူညီကြရန် တိုင်းရင်းသားများဘက်က ပြင်ဆင်ထားပြီး ဖြစ်‌နေ သည်။ ‌ကြွေးတင်ကျွန်ဖြစ် ဘဝပျက်‌နေကြသည့် အလုပ်သမား၊ လယ်သမား လူထုကလည်း အုံကြွ‌တော်လှန်ကြ‌တော့မည့်ဆဲ ဆဲ အ‌ခြေအ‌နေ ရှိ‌နေသည်။

အခွင့်အ‌ရေးသမား‌တွေက စစ်အုပ်စုလုပ်သမျှ ‌ထောက်ခံကာ ဝင်‌ရောက်အမြတ်ထုတ်ရန် ပြင်ဆင်‌နေ‌သော်လည်း တိုင်းရင်း သားပြည်သူအများစုက စစ်အုပ်စုကို မ‌ထောက်ခံ။ ထို့အပြင်လည်း စစ်အုပ်စု‌ခေါင်း‌ဆောင်‌တွေချင်း တ‌ယောက်ကိုတ‌ယောက် မယုံကြည်မှုများဖြင့် သတိထား‌နေကြရပြီး တပ်တွင်းလုပ်ကြံမှု‌တွေ ‌ပေါ်လာမည့်အ‌ရေးကို ‌ကြောက်‌နေကြရသည်။ ပြီးခဲ့‌သော ရန်ကုန်သကြင်္န်ဗုံးမှာ ကမ္ဘာ‌အေးလှိုဏ်ဂူအနီး ဗုံးခွဲမှု၊ ဗိုလ်ချုပ်တင်ဦးအိမ် ဗုံးခွဲမှု၊ ဗိုလ်ချုပ်တင်ဦးနှင့် သူရစစ်‌မောင်တို့ အပါအ ဝင် အရာရှိများ ရဟတ်ယာဉ်ပျက်ကျ ‌သေဆုံးမှု စသည့် ၎င်းတို့ချင်း အတွင်းကြိတ်လုပ်ကြံမှုများ၏ အဆက် ဖြစ်၏။

တပ်မ‌တော်အတွင်း စစ်အုပ်စုဝင်အချင်းချင်း စားကျက်လုမှုများ၊ လူထုဘက်သားနှင့် စစ်အုပ်စုဘက်သားများ တစုနှင့်တစု ‌စောင့်ကြည့်မှုများ မည်သို့ပင် ရှိ‌နေ‌စေကာမူ လူထုဘက်က တစုံတရာ စတင်‌ဆောင်ရွက်မှု မပြုလာဘဲနှင့် မည်သည့်တပ်ကမျှ တပ်တွင်း အာဏာသိမ်းမှု၊ အာဏာရှင်၏ လက်ကိုင်တုတ်အုပ်စုနှင့် လူထုဘက်သားအုပ်စုတို့အကြား တိုက်ပွဲများ လုပ်‌ဆောင် လာနိုင်လိမ့်မည် မဟုတ်‌ချေ။ လူထု၏ ‌ထောက်ပံ့ကူညီမှု၊ ပူး‌ပေါင်းပါဝင်မှုများကို လူထုဘက်သားတပ်‌တွေက လိုအပ်သည်။ သို့ မှသာ လူထုထဲက ‌မွေးဖွားလာသည့် လူထုတပ်များအ‌နေဖြင့် တပ်အချင်းချင်း အတွင်းသိလည်းဖြစ်၊ လူထုကလည်း သိထား ပြီးဖြစ်သည့် မိမိတို့အ‌ပေါ် ဖိနှိပ်မှု၊ အဓမ္မမှု အမျိုးမျိုး ကျူးလွန်‌သော ‌ခေါင်း‌ဆောင်အဆင့်ဆင့်ကို ဖြုတ်ချနိုင်ကြမည် ဖြစ်သည်။

ယခုနှစ်အတွင်း ကျင်းပဖို့ရန် စီစဉ်‌နေသည့် ‌ရွေး‌ကောက်ပွဲကို တရားမျှတပြီး သက်ဆိုင်သူ‌တွေအားလုံး ပါဝင်နိုင်‌အောင် ဖန်တီး ‌ပေးရန် အာဆီယံ‌ခေါင်း‌ဆောင်များနှင့် ကမ္ဘာ့တိုင်းပြည်အသီးသီးက စစ်အစိုးရအား ‌တောင်းဆို‌နေချိန်တွင် အ‌မေရိကန် ပြည် ‌ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ ရီပတ်ဘလစ်ကင်ပါတီမှ ‌အောက်လွှတ်‌တော်အမတ် ‌ဒေနာရိုရတာကာ (Dana Rohra-bachar) က ကွန်ကရက်တွင် လက်ရှိအ‌ခြေအ‌နေနှင့် ကိုက်ညီပြီး အလွန်ပင် တန်ဖိုးရှိ‌သော စကားများကို ‌ပြောကြားလိုက်‌လေ သည်။

ဗမာပြည်သားများမှာ ဗမာပြည်၏ အချုပ်အခြာအာဏာ တိုင်းတပါးလက်ထဲ ‌ရောက်‌တော့မည့်အဖြစ်မျိုးနှင့် ရင်ဆိုင်‌နေကြရ ‌ကြောင်း၊ တရုတ်ပြည်သည် ဗမာပြည် သယံဇာတ‌တွေကို ခိုးယူ‌နေရုံမက ၎င်းတို့၏ လက်‌အောက်ခံ နိုင်ငံတနိုင်ငံဖြစ်ရန် ဗမာ ပြည် ပြည်လူလုထုလက်ထဲမှာ တဖြည်းဖြည်း လုယူ‌နေ‌ကြောင်း၊ တိုင်းပြည်အ‌ပေါ် သစ္စာ‌စောင့်သိဖို့ထက် မိမိအာဏာတည်မြဲ ‌ရေးကိုသာ ဦးစား‌ပေး‌နေကြ‌သော မြန်မာစစ်‌ခေါင်း‌ဆောင်တို့၏ ကူညီမှုဖြင့် မတရားသဖြင့် လုပ်‌ဆောင်‌နေခြင်း ဖြစ်‌ကြောင်း တိုင်းပြည်ကိုကယ်တင်လိုစိတ် ရှိသူများ တိုင်းတပါးလက်‌အောက်ခံ ဖြစ်သွားမည့်ကိစ္စကို မလိုလားသူများအ‌နေဖြင့် ဗမာပြည် ကို ကျွန်ဇာတ်သွင်း‌နေသည့် စစ်အာဏာရှင်အား တညီညွတ်တည်း တိုက်ထုတ်ကြရမည်ဖြစ်‌ကြောင်း တိုင်းပြည်ကို ဆယ်စုနှစ် ‌ပေါင်းများစွာ တင်းကြပ်စွာ အုပ်ချုပ်လာခဲ့သူများအား တိုက်ထုတ်ရန်၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ၊ ‌ဒေါ်‌အောင် ဆန်းစုကြည် ဦး‌ဆောင်‌သော ဒီမိုက‌ရေစီ အင်အားစုများနှင့် အခြား‌သော မျိုးချစ်ပုဂ္ဂိုလ်များ ပူး‌ပေါင်းလုပ်‌ဆောင်ရမှာဖြစ် ‌ကြောင်း မျိုးချစ်စိတ်ရှိ‌သော တပ်မ‌တော်တွင်းက အရာရှိအရာခံ အကြပ်တပ်သား‌တွေပါ ပြည်သူလူထုနှင့် ပူး‌ပေါင်းလျက် စစ် ‌ခေါင်း‌ဆောင်‌တွေကို ပုန်ကန်တိုက်ခိုက်ရန် တိုက်တွန်းလို‌ကြောင်း၊ အတိုက်အခံ အင်အားစု‌တွေကလည်း ဂုဏ်သ‌ရေပြည့်ဝပြီး ပြည်သူနှင့် တိုင်းပြည်အကျိုးကို ‌ရှေးရှုသည့် စည်းကမ်းရှိသည့် တပ်မ‌တော်ကို ထူ‌ထောင်လိုကြ‌သော တပ်မ‌တော်အတွင်းမှ မျိုးချစ်ရဲ‌ဘော်များနှင့်အတူ လက်တွဲလုပ်‌ဆောင်ကြဖို့ လိုအပ်‌ကြောင်း၊ စိတ်ထား‌စေတနာ မှန်ကန်‌သော တပ်မ‌တော်အတွင်းမှ ‌ခေါင်း‌ဆောင်များအ‌နေဖြင့်လည်း အမှန်တကယ် လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် ဗမာနိုင်ငံ‌တော်ကြီးဖြစ်လာ‌ရေး စစ်အာဏာ ရှင်ကို ‌တော်လှန်ပုန်ကန်ကြဖို့ အချိန်‌ကောင်း အခါ‌ကောင်း ကျ‌ရောက်‌နေပြီဖြစ်‌ကြောင်း ဤအခွင့်အ‌ရေးကို လက်လွှတ်ဆုံးရှုံး မခံကြဖို့နှင့် ကမ္ဘာ့မိသားစုများကလည်း ဗမာပြည်သားတို့၏ ‌တော်လှန်‌ရေးကို အား‌ပေး‌ထောက်ခံကြမှာဖြစ်‌ကြောင်း ‌ပြောကြား သွားသည်။

တရားမျှတမှုမရှိသည့်အပြင် ဗမာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည် ပါဝင်ခွင့်မရှိ‌အောင် တမင်လုပ်ကြံ‌ရေးဆွဲ ထားသည့် ‌ရွေး‌ကောက်ပွဲဥပ‌ဒေကို ဆန့်ကျင်ကန့်ကွက်သည့်အ‌နေဖြင့် စစ်အုပ်စုအ‌ပေါ် ပိုမိုပြင်းထန်သည့် ပိတ်ဆို့အ‌ရေးယူမှု များ ချမှတ်လုပ်‌ဆောင်‌ပေးဖို့ရန်လည်း အ‌မေရိကန် အထက်လွှတ်‌တော်အမတ် ၉‌ယောက်က သမတ အိုဘားမားထံ စာ‌ရေး ‌တောင်းဆိုခဲ့ကြ‌ကြောင်းလည်း ကြားသိရသည်။
ကမ္ဘာသည် ဗမာ့အ‌ရေးအတွက် စိတ်ပူစွာ ကူညီ‌ဆောင်ရွက်‌နေခဲ့သည်မှာ ကြာပြီဖြစ်၏။ ဗမာပြည်သားလူထုကြီး၏ တာဝန်သာ ကျန်ရှိ‌ပေ‌တော့သည်။
(၅)
Those who make peaceful revolution impossible
will make violent revolution inevitable.
John F. Kennedy (1917-1963)
တချိန်က အ‌မေရိကန်သမတဖြစ်‌သော ဂျွန်အက်ဖ်က‌နေဒီက “ဖြစ်နိုင်‌ချေမရှိ‌သော ငြိမ်းချမ်းစွာ ပြုပြင်‌ပြောင်းလဲ‌ရေး လုပ် ‌ဆောင်သူများမှာ အကြမ်းနည်းဖြင့် ‌တော်လှန်‌ပြောင်းလဲ‌ရေးကို မလွဲမ‌ရှောင်သာ လုပ်ရ‌တော့မည်ဖြစ်သည်”ဟု ဆိုသည်။

တိုင်းပြည်ကို ‌ထောက်ထားညှာတာမှုကင်းမဲ့စွာ အကြမ်းဖက်အုပ်ချုပ်‌နေ‌သော စစ်အုပ်စုအား အကြမ်းနည်းကို သုံးပြီး ဖယ်ရှား ခြင်းသာလျှင် စစ်ကျွန်ဘဝမှ လွတ်‌မြောက်‌ရေး တခုတည်း‌သော လမ်း‌ကြောင်း ဖြစ်‌လေသည်။

ဗမာပြည် စစ်ကျွန်ဘဝမှ လွတ်‌မြောက်‌ရေးအတွက် ဆု‌တောင်း၍ မရ၊ စီတန်းလှည့်လည် ‌မေတ္တာပို့၍ မရ။ မည်သည့်ဘုရားက မျှလည်း လူကိုမကယ်နိုင်။ လူကိုလူကသာ ကယ်နိုင်မည်ဖြစ်သည်။ အတ္တာဟိ အတ္ထ‌နော နာ‌ထော မိမိအစွမ်းကို မိမိယုံကြည် ကိုးစားကြရမည် ဖြစ်သည်။ စစ်အာဏာရှင် အုပ်စုဟူ‌သော လူနည်းစုက‌လေးကို တိုင်းရင်းသားပြည်သူလူထုကြီးနှင့် လူထု ဘက်သား တပ်မ‌တော်သားများ ပါဝင်‌သော လူများစုကြီးက ဘာ့‌ကြောင့် မတွန်းလှန် မဖယ်ရှားနိုင်ကြမည်နည်း။ မတရားလုပ် သူက တရားမျှတ‌ရေးအတွက် ကြိုးပမ်း‌နေသူများအား မတရားသင်းများအဖြစ် ‌ကြေညာမည်ကို အဘယ့်‌ကြောင့် မှုကြရမည် နည်း။

တိုင်းရင်းသားပြည်သူလူထုအ‌နေဖြင့် အသက် (၈၀)ပြည့်‌မြောက်‌သော‌မွေး‌နေ့တွင် ဘာလဲဟဲ့ လူ့ငရဲ စာအုပ်ကို ထုတ်‌ဝေကာ ပြည်သူလူထုသို့ စကားသဝဏ်လွှာပါးခဲ့‌သော ဆရာကြီး ဦးဝင်းတင်၏ စကားအတိုင်း ယခုလို အချိန်မျိုးတွင် လက်နက် (၃)မျိုး ကို ကိုင်စွဲရ‌တော့မည် ဖြစ်သည်။

မ‌ကြောက်တရားလက်နက်။ ပြည်သူလူထုအ‌နေဖြင့် ၎င်းတို့တပ်များကို အနည်းငယ်မျှ ‌ကြောက်ရွံ့ထိတ်လန့်စရာ မလို။ ၎င်းတို့ ခိုင်း‌စေသမျှ လိုက်လုပ်ကြ‌သော လက်ပါး‌စေတပ်များထဲတွင် သူခိုုး၊ ဓားပြ မုဒိန်းတန္တများ၊ အလုပ်မရှိ၊ အကိုင်မရှိ၊ ‌ပေါ့‌ပေါ့‌နေ ‌ပေါ့‌ပေါ့စား၊ အ‌ချောင်သမားများ၊ အတင်းအဓမ္မအကြပ်ကိုင်ကာ တပ်ထဲဆွဲသွင်းခံရသူများ၊ လိမ်ညာလှည့်ဖြား ခြိမ်း‌ခြောက်ခံရ ကာ တပ်ထဲ‌ရောက်လာခဲ့‌သော က‌လေးစစ်သားများနှင့် အထက်ဖား ‌အောက်ဖိ လုပ်တတ်သည့် ကိုယ်ကျိုးငဲ့ အခွင့်အ‌ရေး သမားများသာ ရှိသည်။ ၎င်းတို့၌ ရုရှ၊ တရုတ်နှင့် ‌မြောက်ကိုရီးယားတို့မှ ဝယ်ယူထား‌သော လက်နက်အချို့ရှိ‌နေ‌သော်လည်း လူထုအုံကြွမှုကို တွန်းလှန်နိုင်မည်မဟုတ်။ မကြာမတင်ပင် ထိုလက်နက်များမှာ လူထုဘက်သားတို့၏ လက်နက်များ ဖြစ်လာရ ‌ပေလိမ့်မည်။

‌သွေးစည်းညီညွတ်‌ရေးလက်နက်။ ဘုံရန်သူကို တိုက်ခိုက်‌ရေး ဦးတည်ချက်‌အောက်၌ တိုင်းရင်းသား လူမျိုးစုများ၊ နိုင်ငံ‌ရေးပါတီ အဖွဲ့အစည်းများ စစ်အာဏာရှင်လက်‌အောက်မှ ရုန်းထွက်လို‌သော မျိုးချစ်တပ်မ‌တော်သားများနှင့် ပြည်သူလူထုများ၊ အားလုံး ပင် ‌သွေးစည်းညီညွတ်ကြရမည်ဖြစ်သည်။ အချို့‌သော ပါတီနိုင်ငံ‌ရေးအဖွဲ့အစည်းများနှင့် အချို့‌သော လူမျိုးစု အဖွဲ့အစည်းဝင် တို့၏ ကိုယ်ကျိုးရှာ မသမာမှုများ၊ အချင်းချင်း အ‌ဝေမတည့်မှုများ၊ ဆရာ‌မွေး တပည့်‌မွေး၊ ဂိုဏ်းခွဲကာ တဦးနှင့်တဦး ပုတ်ခတ် ‌စော်ကားမှုများအားလုံး ရပ်တန်းကရပ်ပြီး၊ ဘုံရန်သူကို ဆန့်ကျင်‌ရေးတွင် မိမိတို့ ကျွမ်းကျင်ရာ ကဏ္ဍအသီးသီးမှ တညီတ ညွတ်တည်း ပါဝင်ရမည် ဖြစ်သည်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်‌ရေး ရည်မှန်းချက် ပန်းတိုင်တခုတည်း ချမှတ် ‌ရှေးရှု ရင်ဆိုင်ချီတက်‌ရေး လက်နက်။ စစ်အာဏာ ရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ရန်အတွက် မည်သို့မျှ လမ်းလွဲ‌တွေ‌ဝေ‌နေစရာ မရှိ။ စစ်အာဏာရှင်ကို တိုက်မည်ဟူသည့် ဆုံးဖြတ် ချက်ကို ပီပြင်စွာ ချမှတ်လျက်၊ စစ်အာဏာရှင် ပြိုပျက်‌ရေးကို ‌ရှေးရှုကာ ရဲရဲဝံ့ဝံ့ ရင်ဆိုင်တိုက်ခိုက်ရန် ဘက်‌ပေါင်းစုံမှ တညီတ ညွှတ်တည်း ပါဝင်ချီတက် တိုက်ခိုက်ကြရမည် ဖြစ်သည်။

လူထုအ‌နေဖြင့် စစ်အုပ်စုအား ဖြုတ်ချ‌ရေး တိုက်ပွဲဝင်ရာတွင် သတိထားရမည့်အချက်များ ရှိသည်။ ၈‌လေးလုံးတုန်းက အ‌တွေ့ အကြုံရရှိခဲ့သူများက လူငယ်လူရွယ်များကို ‌ဆောင်ရန် ‌ရှောင်ရန် ကိစ္စရပ်များ သတိ‌ပေး နှိုး‌ဆော်နိုင်သည်။ ရန်သူစစ်အုပ်စုက သူ့လူကိုယ့်လူ အ‌ရော‌ရော အ‌ထွေး‌ထွေး ဖြစ်‌အောင် သပ်လျှိုမှုများနှင့် ‌တောမီး‌လောင် ‌တော‌ကြောင် လက်ခ‌မောင်းခတ်ကြ မည့် သူခိုး၊ ဓားပြ အန္တရာယ်များကိုလည်း ကာကွယ်ဖို့ရန် လိုအပ်သည်။ လူထုတရပ်လုံး ကျီးလန့်စာစားအဖြစ်မျိုး မ‌ရောက်‌စေ ရန် အစီအစဉ်တကျ လုပ်ရမည် ဖြစ်၏။ ရန်သူ၏ သပ်လျှိုထိုးခွဲမှု‌ကြောင့် ဘာသာ‌ရေး ပဋိပက္ခ၊ လူမျိုး‌ရေး ပဋိပက္ခများအဖြစ် အသွင်‌ပြောင်းသွားတာမျိုး မဖြစ်‌စေဘဲ စစ်အုပ်စုပြုတ်ကျ‌ရေး ဦးတည်တိုက်ခိုက်သည့် လူထုတိုက်ပွဲကို ပီပြင်စွာ ‌ဖော်‌ဆောင်ရ မည် ဖြစ်သည်။

‌တော်လှန်‌ရေး ‌လှေငယ်က‌လေးမှာ စစ်အာဏာရှင် တိုက်ပွဲပင်လယ်ပြင်ကို ‌အောင်မြင်စွာ ‌ကျော်ဖြတ်နိုင်ဖို့ အားယူပြင်ဆင်‌နေပြီ ဖြစ်သည်။ သို့ရာတွင် ဦးတည်တိုက်ခိုက်‌နေသည့် မုန်တိုင်းကြမ်းထဲ ရန်သူ့သပ်လျှိုထိုးခွဲမှု ‌ရေလှိုင်း‌အောက်သို့ ‌လှေငယ်က‌လေး ‌ရောက်မသွား‌စေဖို့‌တော့ ဂရုပြုကြရမည် ဖြစ်‌လေသည်။

No man who is not willing to bear arms and to fight for
his rights can give a good reason why he should be entitled
to the privilege of living in a free community.
Theodore Roosevelt (1858-1919)

“လက်နက်ကို သယ်ပိုးပြီး သူ့အခွင့်အ‌ရေးအတွက် သူတိုက်ဖို့ ဆန္ဒမရှိသူဟာ လွတ်လပ်တဲ့ လူစုအတွင်း ‌နေထိုင်ရတဲ့ ထူးခြားတဲ့ အခွင့်အ‌ရေးကို ဘာ့‌ကြောင့် သူ ရသင့်တယ်ဆိုတဲ့ အ‌ကြောင်းပြချက်‌ကောင်းတခု ‌ပေးနိုင်မှာ မဟုတ်ဘူး”ဟု တချိန် က အ‌မေရိကန် သမတတဦးပင်ဖြစ်‌သော သီယိုဒိုရုစဘဲ့က ဆိုခဲ့သည်။

ဗမာနိုင်ငံ လွတ်‌မြောက်‌ရေး ဗမာပြည်သားတိုင်းမှာ တာဝန်ရှိ‌နေသည်။ ကိုယ့်နိုင်ငံကို စစ်ကျွန်ဘဝမှ ကယ်တင်နိုင် ‌ရေး မျိုးချစ်စိတ်ရှိသူတိုင်း၊ သူရဲ‌ဘော‌ကြောင်စွာ မျက်နှာလွဲ ပုန်း‌ရှောင်ထွက်‌ပြေးရမည်ကို ရှက်တတ်သူတိုင်း၊ အခြားနိုင်ငံများ နည်းတူ လူချင်းတူတူ သူချင်းမျှမျှ မိသားစုဘဝ လွတ်လပ်‌အေးချမ်းလုံခြုံစွာ၊ ကမ္ဘာ့အလယ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်လိုသူ တိုင်း ဗမာပြည် ကယ်တင်‌ရေး လက်နက်ကိုင်တိုက်ပွဲကို မဖြစ်မ‌နေ အ‌ကောင်အထည်‌ဖော်ရ‌ပေ‌တော့မည်။