Home ထိပ်တန်းသတင်း ‌ဆေး‌ခြောက်‌ရောင်းသူတဦး စခန်းလုံခြုံ‌ရေး ဖမ်းမိ

‌ဆေး‌ခြောက်‌ရောင်းသူတဦး စခန်းလုံခြုံ‌ရေး ဖမ်းမိ

1716
‌မေလ ၁၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ‌ဆေး‌ခြောက်‌ရောင်းသူတဦးအား ဖမ်းဆီးမိထားသည်ဟု အုန်းဖျန်စခန်းလုံခြုံ ‌ရေးမှူး ‌စောထွန်း‌နောင်က ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောသည်။

သူက “ဒီလူ ‌ဆေး‌ခြောက်‌ရောင်းတာ‌တော့ ကြာပြီ။ ဒါ‌ပေမယ့် ကျ‌နော်တို့ မသိဘူး။ သူက ဒီအနီးအနားမှာရှိတဲ့ ‌မျော့ရွာမှာ ‌ဆေး ‌ခြောက်‌တွေသွားဝယ်ပြီး စခန်းထဲမှာ ယူလာပြီး‌တော့ အထုပ်‌လေး‌တွေထုပ်ပြီး ပြန်‌ရောင်းတယ်‌လေ။ ‌ဆေး‌ခြောက်‌ရောင်းသူနဲ့ ပတ်သက်ပြီး အခြားဘယ်သူ‌တွေ ရှိ‌သေးလဲဆိုတာ ကျ‌နော်တို့ သိချင်တဲ့အတွက် သူ့ကို ဆက်ပြီး စစ်‌ဆေး‌နေတာပါ”ဟု ‌ပြော သည်။

စခန်းလုံခြုံ‌ရေးများက ပြီးခဲ့သည့် ‌မေလ ၇ရက်‌နေ့တွင် ရပ်ကွက်(၁၄)၌ အဆိုပါ ‌ဆေး‌ခြောက်‌ရောင်းသူကို ထိုင်းဘတ်‌ငွေ ၂ဝ တန် ‌ဆေး‌ခြောက် ၂၅ထုပ်နှင့်အတူ လက်ဝယ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အုန်းဖျန်စခန်းမှ ဒုက္ခသည်အမျိုးသမီးတဦးက “စခန်းအတွင်းမှာ ဒီလို ‌ဆေး‌ခြောက် ‌ရောင်းဝယ်တာ‌ရော၊ သုံးစွဲသူ‌ရော ကျမတို့ အမြဲ ကြားကြား‌နေရတာပဲ။ သုံးစွဲသူ‌တွေထဲမှာ လူလတ်ပိုင်းနဲ့ ဆယ်‌ကျော်သက် ‌ယောက်ျား‌လေး‌တွေ ပါတယ်လို့ ကြားတယ်။ စခန်းထဲမှာ အလုပ်အကိုင်‌တွေ မရှိ‌တော့ အခုလို ဝင်‌ငွေ‌ကောင်းတဲ့ အလုပ်ကို လုပ်တယ်လို့ပဲ မြင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုံခြုံ‌ရေးအဖွဲ့ ဒီလိုဟာမျိုးကို ကိုယ်တွယ်‌ဖြေရှင်းနိုင်မှာပါ”ဟု ‌ပြောဆိုသည်။

အုန်းဖျန်ဒုက္ခသည်စခန်းတွင် ‌ဆေး‌ခြောက်‌ရောင်းသူများနှင့် သုံးစွဲသူများကို မကြာခဏ ဖမ်းဆီးရမိခဲ့ပြီး လွန်ခဲ့သည့် ဧပြီလက လည်း အုန်းဖျန်စခန်းအတွင်းရှိ လုံခြုံ‌ရေးအဖွဲ့များက ‌ဆေး‌ခြောက်ထက် အဆင့်မြင့်သည့် စိတ်ကြွ‌ဆေးပြား(ရာဘာ့) ‌ရောင်းသူ နှစ်ဦးကို ဖမ်းဆီးကာ ထိုင်းအာဏာပိုင်ထံသို့ လွဲအပ်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် ‌မေလ ၅ရက်‌နေ့၌ ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင်လည်း စိတ်ကြွ‌ဆေးပြား(ရာဘာ့) ‌ရောင်းဝယ်သုံးစွဲသူ ၃ဦးကို စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။