Home ထိပ်တန်းသတင်း အုန်းဖျန်စခန်းတွင် လူ(၇)ဦး ဝမ်း‌ရောဂါဖြစ်

အုန်းဖျန်စခန်းတွင် လူ(၇)ဦး ဝမ်း‌ရောဂါဖြစ်

2001
‌မေလ ၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်း၌ ကြက်ဆီ‌ပေါင်း(ထိုင်းအ‌ခေါ် ‌ခေါက်မန်ကိုင်) စားမိ ‌သော‌ကြောင့် ဧပြီလ ၂၈ရက်‌နေ့တွင် လူ(၇)ဦး ဝမ်း‌ရောဂါဖြစ်ပြီး ‌ဆေးရုံတင်ခဲ့ရသည်ဟု စခန်းလူမှု‌ရေးတာဝန်ခံ ‌စောထူးက လယ်က ‌ကေအိုင်စီကို ‌ပြောသည်။

“အခု ‌ဆေးရုံတက်ရတဲ့သူ‌တွေထဲမှာ ‌ယောက်ျားက ၄‌ယောက်၊ မိန်းမက ၃‌ယောက်‌ပေါ့‌နော်။ အဲဒီထဲက နှစ်‌ယောက်‌တော့ ‌တော်‌တော်‌လေး အ‌ခြေအ‌နေဆိုးတယ်။ ‌အောက်ဆီဂျင်နဲ့‌တောင် အသက်ရှူရတယ်”ဟု သူက ‌ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ရက်မှ ၂၈ရက်အထိ Protection Sexual Abuse Exportation (ပီအက်စ်‌အေအီး)က အုန်းဖျန်စခန်း၌ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ချိုး‌ဖောက်မှုများ ရက်တိုပညာ‌ပေးသင်တန်းတခု ပြုလုပ်ခဲ့ပြီး သင်တန်း တက်‌ရောက်သူများအား ‌နေ့လည်စာအတွက် မဲ‌ဆောက်မြို့မှ ယူ‌ဆောင်လာသည့် အစားအစားများကို ‌ကျွေးမိပြီး‌နောက် ယခုလို ဝမ်း‌လျှောရခြင်းဖြစ်သည်ဟု ပီအက်စ်‌အေအီး တာဝန်ခံ ‌နော်လားက‌ပေါ်ခုက ‌ပြောသည်။

အမှန်တကယ် ဝမ်း‌လျှောသူများမှာ ၇ဦးထက်မနည်း ရှိ‌သော်လည်း အ‌ခြေအ‌နေပိုဆိုးသည့် ၇ဦးကိုသာ ‌ဆေးရုံပို့‌ဆောင်ခဲ့ပြီး အဆိုပါ အစားအစာကို ‌ရောင်းချ‌ပေးခဲ့သည့် မဲ‌ဆောက်ရှိ စား‌သောက်ဆိုင်ကို ထိုင်းကျန်းမာ‌ရေးဌာနက ပိတ်ခိုင်းထားသည် ဟု သူမက ဆက်‌ပြောသည်။

‌ဆေးရုံတက်ရသူများမှာ ‌သေဆုံးမှုမရှိဘဲ လက်ရှိ အ‌ခြေအ‌နေတွင် ‌ရောဂါသက်သာလာပြီဖြစ်‌ကြောင်း အုန်းဖျန်စခန်း (‌အေ အမ်အိုင်) ကျန်းမာ‌ရေးတာဝန်ခံသူတဦးက ‌ပြောဆိုသည်။

“အခု သူတို့အားလုံး သက်သာလာပါပြီ။ ‌ဆေးရုံတက်လာတုန်းက ‌မေ့‌မျောပြီး အသည်းအသန်ဖြစ်တဲ့ နှစ်‌ယောက်ကို ကျ‌နော်တို့ စစ်‌ဆေးကြည့်တာ တ‌ယောက်က‌တော့ Cholera ‌ရောဂါပိုး (positive)ဖြစ်တာကို ‌တွေ့ရတယ်”ဟု ‌ပြောသည်။

ယခုလို ဝမ်း‌ရောဂါ ဖြစ်ပွားအပြီး ယမန်‌နေ့တွင် အုန်းဖျန်းစခန်း တာဝန်ရှိ ‌ကော်မတီအဖွဲ့ဝင်များနှင့် ‌အေအမ်အိုင် တာဝန်ရှိ ကျန်းမာ‌ရေးလုပ်သားများ ‌တွေ့ဆုံကြပြီး မဲ‌ဆောက်မှလာသည့် အစားအစာများကို စခန်း‌နေထိုင်သူများအ‌နေဖြင့် မစားမိရန် သတိ‌ပေးထားသည်ဟု ‌စောထူးကလယ်က ‌ပြောသည်။

အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယခင်က အစားအစာ‌ကြောင့် ‌ရောဂါဖြစ်ပွားမှုမရှိခဲ့ဘဲ ယခုတကြိမ်သည် ပထမဦးဆုံးဖြစ်သည် ဟု သိရသည်။