Home ထိပ်တန်းသတင်း အလုပ်သမားအခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရသည့် ကရင်နယ်‌မြေတွင် ‌မေ‌ဒေး‌နေ့ ကျင်းပ

အလုပ်သမားအခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရသည့် ကရင်နယ်‌မြေတွင် ‌မေ‌ဒေး‌နေ့ ကျင်းပ

1387
‌မေလ ၁ရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းရှိ ခရိုင်သုံးခုတွင် ‌ကော်သူး‌လေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(အက်ဖ်တီယူ‌ကေ)မှ ကြီးမှူး၍ ကမ္ဘာ့ အလုပ်သမား‌နေ့(‌မေ‌ဒေး) အခမ်းအနားကို ‌ဒေသခံများနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

‌မေ‌ဒေး‌နေ့ ကျင်းပပုံနှင့် ပတ်သက်၍ အက်ဖ်တီယူ‌ကေ စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးတာဝန်ခံ ‌စော‌လေ‌စေးက “ကျ‌နော်တို့ ‌မေ‌ဒေး‌နေ့ကို သထုံ၊ ဖာပွန်နဲ့ ဒူးပလာယာခရိုင်‌တွေမှာ ကျင်းပပြုလုပ်တာပါ။ အစီအစဉ်က‌တော့ ပထမပိုင်းမှာ ‌ကြွေး‌ကြော်သံ ‌တွေနဲ့ချီတက်ကြပြီး ‌ဟော‌ပြောပွဲလုပ်တယ်။ ဒုတိယပိုင်းမှာ‌တော့ အလုပ်သမားအခွင့်အ‌ရေး‌တွေ ချိုး‌ဖောက်ခံရမှု ရပ်တန့်‌စေဖို့ ဘာသာ‌ပေါင်းစုံ ဆု‌တောင်းပွဲ လုပ်ကြတာဖြစ်တယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်တွင် ကျင်းပသည့် အခမ်းအနားတွင် ‌ဒေသခံ ၃၀၀‌ကျော်က အဓမ္မလုပ်အားခိုင်း‌စေမှု၊ တိုင်းရင်း သားပြည်သူများအား တိုက်ခိုက်သတ်ဖြတ်မှုများနှင့် အဓမ္မ ‌မြေယာသိမ်းပိုက်မှု ရပ်တန့်‌ရေး၊ အလုပ်သမားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်ရှိ‌ရေးနှင့် အလုပ်သမားအခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုများကို မြန်မာပြည်အ‌ခြေစိုက် အိုင်အယ်လ်အိုသို့ တိုင် ကြားခွင့်ရှိရန် ‌ကြွေး‌ကြော်ခဲ့ကြသည်။

‌ညောင်‌လေးပင်ခရိုင်အတွင်း လမ်း‌ဖောက်လုပ်‌ရေး အဓမ္မလုပ်အားခိုင်း‌စေမှု (ဓါတ်ပုံ - FTUK)

အဆိုပါလူ‌သောမြို့နယ်တွင် ၁၉၉၇ခုနှစ်ကတည်းက ‌ဒေသခံများ၏ လယ်‌မြေများကို စစ်တပ်က တဖြည်းဖြည်း သိမ်းပိုက်လာခဲ့ ခြင်း‌ကြောင့် ‌ဒေသခံရွာသားများ၏ လယ်ယာဧက ၂၀၀၀‌ကျော် သိမ်းပိုက်ခံခဲ့ရပြီး ယခုအချိန်ထိ ပြန်လည်မရရှိ‌သေးဟုလည်း လယ်ယာဆုံးရှုံးခဲ့သူ စိုက်ပျိုး‌ရေးလုပ်သားသမဂ္ဂအဖွဲ့ဝင် ထီး‌ဘောခီးရွာသား ‌စော‌ဝေထူး ၄၇နှစ်က ယခုလို ‌ကေအိုင်စီကို ‌ပြော သည်။

“ကျ‌နော်တို့‌ဒေသမှာ လယ်ယာ‌မြေ‌တွေကို စစ်တပ်က အတင်းသိမ်းပိုက်ယူလိုက်တာ ဧက ၂၀၀၀‌ကျော်သွားပြီ။ သူတို့(စစ်တပ်) က အဲလိုသိမ်းယူထားတဲ့ လယ်‌မြေ‌တွေကို ဘာမှမလုပ်ဘဲ ကျ‌နော်တို့‌တွေ လယ်မလုပ်နိုင်‌အောင် ဗုံး‌တွေ‌ထောင်ထားတယ်။ အခုချိန်ထိ ကျ‌နော်တို့ လယ်‌တွေကို ပြန်မရ‌သေးဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့‌ဒေသခံ‌တွေဟာ လယ်‌မြေ‌တွေ ဆုံးရှုံးခံရတဲ့အပြင် စားဝတ်‌နေ‌ရေး အခက်အခဲ‌တွေကို ကြုံ‌တွေ့‌နေရတယ်”ဟု ဆိုသည်။

ဧပြီလ ၂၇ရက်‌နေ့က ထီး‌ဘောခီးရွာသားတဦးသည် ၎င်း၏လယ်ယာ‌မြေသို့ ပြန်သွားရာ နအဖတပ်များ ‌ထောင်ထားသည့် ဗုံးကို နင်းမိကာ ပွဲချင်းပြီး ‌သေဆုံးသွားခဲ့သည်။

ယခုနှစ်အတွင်း ကရင်ပြည်နယ်၊ ‌တောင်ငူခရိုင်အတွင်း စစ်တပ်၏ လုပ်အားခိုင်း‌စေမှုမှာ အများဆုံးဖြစ်ပြီး ထိုသို့ခိုင်း‌စေခံရသူ များထဲတွင် အက်ဖ်တီယူ‌ကေအဖွဲ့ဝင် ရွာသားများလည်း ပါဝင်သည်ဟု ‌စော‌လေ‌စေးက ‌ပြောသည်။

သူက “ကျ‌နော်တို့ သိရှိသ‌လောက်ဆို ‌တောင်ငူခရိုင်မှာက လုပ်အား‌ပေးဒဏ်ခံရတာ အများဆုံးပဲ။ တပ်ရိက္ခာသယ်ရတာ၊ တပ် စခန်း ‌ဆောက်လုပ်တာ၊ ကင်း‌စောင့်ခိုင်းတာ‌တွေ ရှိတယ်။ ဒါ့အပြင် စစ်တပ်က တရက်ကို ရွာသား ၂‌ယောက်စီ ‌ခေါ်ထားပြီး ထင်းခုတ်၊ ဝါးခုတ်၊ ထမင်းချက် စတာ‌တွေ လုပ်ခိုင်းတယ်”ဟု ဆိုသည်။

ထိုသို့ အလုပ်သမားအခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရမှုများကို မြန်မာနိုင်ငံတွင်းရှိ အိုင်အယ်လ်အိုရုံးသို့ တိုင်ကြားရန်အတွက် သွား လာ‌ရေးခက်ခဲခြင်း၊ စစ်တပ်၏ ချုပ်ချယ်ကန့်သတ်မှုများ‌ကြောင့် လွတ်လပ်စွာ တိုင်ကြားခွင့်ပါ ဆုံးရှုံး‌နေရသည်ဟုလည်း အက်ဖ် တီယူ‌ကေက ‌ပြောသည်။

ဖာပွန်ခရိုင်တွင် ‌မေ‌ဒေး‌နေ့ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ၁ဝကြိမ်‌မြောက် ရှိသွားပြီဖြစ်ပြီး အလားတူ အခမ်းအနားကို ‌ကေ အဲန်ယူ တပ်မဟာ(၆)နယ်‌မြေ ဒူးပလာယာခရိုင်နှင့် သထုံခရိုင်၊ ဘီးလင်းမြို့နယ်တို့တွင်လည်း တချိန်တည်း ပြုလုပ်ခဲ့ကြသည် ဟု သိရသည်။

၁၉၉၈ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် အက်ဖ်တီယူ‌ကေအဖွဲ့သည် စိုက်ပျိုး‌ရေး၊ ပညာ‌ရေးနှင့် ကျန်းမာ‌ရေးလုပ်သားများသမဂ္ဂဟူ၍ သမဂ္ဂအဖွဲ့ငယ်သုံးဖွဲ့ခွဲကာ ကရင်ပြည်နယ်အတွင်း အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းကာ ဒီမိုက‌ရေစီစနစ်ကို ဦးတည်သည့် အ လုပ်သမားအ‌ရေးဆိုင်ရာ စည်းရုံး‌ရေးနှင့် ပညာ‌ပေး‌ရေးလုပ်ငန်းများကို လုပ်‌ဆောင်လျှက်ရှိပြီး မြန်မာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(အက်ဖ်တီယူဘီ)နှင့် ပူး‌ပေါင်းလုပ်‌ဆောင်သည့် အဖွဲ့တခုဖြစ်သည်။