Home ထိပ်တန်းသတင်း သစ်ထုတ်လုပ်‌ရောင်းချမှု ‌ကေအဲန်ယူ တားမြစ်ပိတ်ပင်

သစ်ထုတ်လုပ်‌ရောင်းချမှု ‌ကေအဲန်ယူ တားမြစ်ပိတ်ပင်

1829
‌မေလ ၂၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ)က ၎င်းထိန်းချုပ်ထားသည့် တပ်မဟာ(၇)ခုအတွင်း ‌ဒေသခံ သစ်လုပ်ငန်းရှင်များအား သစ် ထုတ်လုပ်‌ရောင်းချမှုကို ယခုလ အ‌စောပိုင်းမှစ၍ တရားဝင် တားမြစ်ပိတ်ပင်လိုက်သည်ဟု သိရသည်။

‌ကေအဲန်ယူ ဗဟို သစ်‌တောတာဝန်ခံ ပဒို‌စောအားတိုးက “(၁၄)ကြိမ်‌မြောက် ကွန်ဂရက်ပြီးတဲ့‌နောက် ပထမအကြိမ် ဗဟို‌ကော်မတီ အ စည်းအ‌ဝေးမှာ ကျ‌နော်တို့ ခရိုင်(၇)ခုအတွင်းမှာ သစ်ကို အဆမတန် ထုတ်လုပ်‌ရောင်းချတာနဲ့ ပတ်သက်ပြီး‌တော့ ဆုံးဖြတ်ချက် ချခဲ့ တယ်။ အ‌ကြောင်းက ကျ‌နော်တို့နယ်‌မြေမှာ သစ်၊ ဝါး‌တွေ အင်မတန်မှ နည်းလာတဲ့အခါကျ‌တော့ ‌ရေရှားပါးမှု‌တွေ လက်‌တွေ့ကြုံ‌နေရ တယ်။ အဲဒါ‌ကြောင့် ဒါကို ကျ‌နော်တို့ ‌ကေအဲန်ယူအ‌နေနဲ့ တားမြစ်ဖို့ လိုအပ်တယ်လို့ အစည်းအ‌ဝေးမှာ ဆုံးဖြတ်တာပါ”ဟု ‌ပြောသည်။

တဆက်တည်းတွင် ယခုလ ၄ရက်‌နေ့မှ ၁၃ရက်‌နေ့အထိ ‌ကေအဲန်ယူ ထိန်းချုပ်ရာနယ်‌မြေတ‌နေရာ၌ ကျင်းပပြုလုပ်သည့် ခရိုင်(၇)ခုမှ သစ်‌တောဌာနဆိုင်ရာအစည်းအ‌ဝေးတွင် ကရင်ပြည်နယ်အတွင်း သစ်၊ ဝါးများ ပြန်လည်စိုက်ပျိုးခြင်း၊ ‌တောရိုင်းတိရစ္ဆာန်များ ကာကွယ် ‌စောင့်‌ရှောက်ခြင်း စသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမို ‌ကောင်းမွန်‌အောင် လုပ်‌ဆောင်သွားရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် ယခုလ (၁၅)ရက်‌နေ့၌ ‌ကေအဲန်ယူ တပ်မဟာ(၆)မှ သစ်ထုတ်လုပ်‌ရောင်းချမှုများ တားမြစ်ပိတ်ပင်သည့် အမိန့်ထုတ်ပြန်စာ ကို ဘုရားသုံးဆူမြို့အပြင် အခြားလက်နက်ကိုင်တပ်ဖွဲ့များ အ‌ခြေစိုက်ရာ‌နေရာများနှင့် ‌ကျေးလက်‌ဒေသများတွင် လိုက်လံဖြန့်‌ဝေခဲ့ သည်ဟု ဘုရားသုံးဆူ‌ဒေသခံများက ‌ပြောသည်။

“သူတို့က စာရွက်စာတမ်း‌တွေနဲ့ ထုတ်ပြန်ပြီး‌တော့ ပိတ်ပင်တယ်ဆို‌တော့ ကျ‌နော်တို့လည်း ဘာမှ‌ပြောစရာ မရှိပါဘူး။ ဒါ‌ပေမယ့် လမ်း ကလည်း မပျက်စီး‌သေးဘူး‌လေ။ ဒီလို‌စော‌စောစီးစီးပိတ်ပစ်‌တော့ ‌တောထဲမှာ ကျ‌နော်တို့သစ်‌တွေ နည်းနည်းပါးပါး ကျန်ရစ်သွားတာ ‌ပေါ့။ ကြီးကြီးမားမား ထိခိုက်တာ‌တော့ မရှိပါဘူး”ဟု ဘုရားသုံးဆူမှ သစ်လုပ်ငန်းရှင်ကြီးတဦးက ‌ပြောသည်။

အလားတူ အခြားခရိုင်များတွင်လည်း သစ်ထုတ်လုပ်‌ရောင်းချမှုများ တားမြစ်‌ကြောင်းကို ဌာနဆိုင်ရာ အသီးသီးသို့ ယခုလ အ‌စောပိုင်း မှစ၍ အသိ‌ပေးအ‌ကြောင်းကြားထားပြီး ချွင်းချက်အ‌နေဖြင့် ‌ဒေသခံလူထုများ လိုအပ်လာသည့်အ‌ပေါ် သစ်ခုတ်လိုပါက ဗဟိုသို့ အသိ ‌ပေးအ‌ကြောင်းကြားရမည်ဟု သိရသည်။

ထိုကဲ့သို့ ‌ကေအဲန်ယူက ‌ဒေသခံရွာသားများနှင့် သစ်လုပ်ငန်းရှင်များ သစ်ထုတ်‌ရောင်းချမှုကို တားမြစ်ပိတ်ပင်လိုက်ခြင်းသည် ‌ကောင်း သည့်လုပ်ရပ်ဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ တပ်မှူးတဦးက ‌ထောက်ခံ‌ပြောဆိုသည်။

သူက “သစ်ကလည်း ‌ဈေးမရှိ‌တော့‌ပေမယ့် ‌ဒေသခံ‌တွေက ‌ဈေး‌ပေါ‌ပေါနဲ့ ထိုင်းသစ်ကုန်သည်‌တွေဆီကို ‌ရောင်းချတယ်။ ‌နောက်တခု က ရွာသား‌တွေဟာ တခြားအလုပ်‌တွေ မလုပ်ချင်ကြ‌တော့ဘူး။ ဒီသစ်အလုပ်ကို သူတို့ အားစိုက်ပြီး‌တော့ လုပ်တယ်။ ကြာလာ‌တော့ သစ်‌တွေ ကုန်‌ရော‌ပေါ့။ ဒီလို ပိတ်လိုက်တာ အလွန်‌ကောင်းတဲ့ ဆုံးဖြတ်ချက်တခုဖြစ်တယ်”ဟု ‌ပြောသည်။

သစ်လုပ်ငန်းကို အဓိက လုပ်ကိုင်‌သော ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ယခင်က သစ်မာ ၁တန်လျှင် ထိုင်းဘတ် ၁၂,၀၀ဝမှ ၁၃,၀၀ဝအထိ ‌ဈေးရှိ‌သော်လည်း ၂၀၁ဝခုနှစ် ‌ဖေ‌ဖော်ဝါရီလဆန်းပိုင်းမှစ၍ သစ်မာ ၁တန်လျှင် ထိုင်းဘတ် ၇,၀၀ဝမှ ၈,၀၀ဝ ‌ဈေးနှုန်း ဖြင့်သာ နယ်‌မြေခံ သစ်လုပ်ငန်းရှင်များက ထိုင်းကုန်သည်ကြီးများထံ ‌ရောင်းချခဲ့ရသည်။