Home ထိပ်တန်းသတင်း မူးယစ်‌ဆေးဖြတ်လိုသူများအား သုံးလကြာ ကုသမှု DARE ပြုလုပ်

မူးယစ်‌ဆေးဖြတ်လိုသူများအား သုံးလကြာ ကုသမှု DARE ပြုလုပ်

2002
‌မေလ ၂၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ ကရင်ဒုက္ခသည်စခန်းအချို့၌ မူးယစ်‌ဆေးဝါး သုံးစွဲသူများအား ကုသ‌ပေးမည့် လုပ်ငန်းစဉ်တစ်ခု ကို Drug and Alcohol Recovery Education Network – DARE အဖွဲ့က ‌မေလကုန်မှစ၍ ပြုလုပ်သွားမည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

အဆိုပါ မူးယစ်‌ဆေးဖြတ် ကုသမှုကို အုန်းဖျန်စခန်းတွင် ‌မေလ ၃၁ရက်မှ ဩဂုတ်လကုန်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး မယ်လ စခန်းတွင်မူ ဇွန်လ ၆ရက်‌နေ့တွင် ပြုလုပ်သွားမည်ဟု မယ်လစခန်း DARE အဖွဲ့ဝင်တဦး၏ ‌ပြောပြချက်အရ သိရသည်။

မူးယစ်‌ဆေးဝါး ဖြတ်‌တောက်သူများမှာ အများအားဖြင့် အရက်စွဲသူ၊ ကွမ်းစွဲသူနှင့် ‌ဆေးလိပ်စွဲ‌နေကြသူများဖြစ်ပြီး ကုသ‌ရေး အစီ အစဉ်နှင့် ပတ်သက်၍ ကုသမှုအ‌ကြောင်း ပညာ‌ပေးခြင်း၊ နားရွက်အပ်စိုက်ခြင်း၊ ‌ဆေးတိုက်‌ကျွေးခြင်းနှင့် ‌ချွေး‌ပေါင်းခြင်း စသည့် အပိုင်း‌လေးပိုင်း ခွဲခြားထားသည်ဟု အုန်းဖျန်ဒုက္ခသည်စခန်းမှ DARE ရုံးနှင့် သင်တန်းတာဝန်ခံ ‌စောဘားဘက ‌ပြောသည်။

“အခု မူးယစ်‌ဆေးဖြတ်မဲ့သူ‌တွေက အသက် ၁၄နှစ်က ၇ဝအရွယ် အမျိုးသား‌တွေ ဖြစ်တယ်။ ဒီလိုကုသရာမှာ ‌ဆေးဖြတ်သူ လူဦး‌ရေ ၁၂ဦးက‌နေ ၁၅ဦးအထိ လက်ခံသွားမယ်”ဟု အုန်းဖျန်စခန်း DARE အဖွဲ့တာဝန်ခံ ‌စောချစ်လှိုင်က ‌ပြောသည်။

အဆိုပါ ကုသမှုမျိုးကို ၂၀၀၃ခုနှစ်တွင်သာ နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး မူးယစ်‌ဆေး အပြီးဖြတ်နိုင်‌ရေးအတွက် ရက်ရှည်ကုသမှုကို ယခု ၂၀၁ဝခုနှစ်မှ ထပ်မံ ပြုလုပ်ရခြင်းဖြစ်‌ကြောင်း ‌စောချစ်လှိုင်က ရှင်းပြသည်။

“မူးယစ်‌ဆေးဖြတ်သူ‌တွေ အပြီးဖြတ်နိုင်‌ရေးအတွက် ရည်ရွယ်ပြီး သုံးလကြာတဲ့ ကုသမှုကို ကျ‌နော်တို့ လုပ်တာပါ။ အချိန်သုံးလ ဆိုရင် ပိုမိုထိ‌ရောက်တဲ့အတွက် ဒီကုသမှုကို ရက်ရှည်ကုသမှုအ‌နေနဲ့လုပ်ဖို့ ကျ‌နော်တို့အဖွဲ့က ဒီလိုဆုံးဖြတ်လိုက်တာ ဖြစ်ပါ တယ်”ဟု သူက ဆိုသည်။

အုန်းဖျန်စခန်း‌နေ လူငယ်တဦးကလည်း “ဒီလို ရက်ကြာတဲ့ ကုသမှုမျိုး DARE က လုပ်‌ပေးတာ ‌ကောင်းတယ်။ ဘာဖြစ်လို့လဲဆို ‌တော့ ရက်တိုတိုနဲ့ ‌ဆေးဖြတ်သွားတဲ့သူ‌တွေဟာ သိပ်မပြတ်ဘူး‌လေ။ တချို့လူ‌တွေဆို ပြန်သုံးတာပဲ။ ဒီလို ရက်ရှည်ပုံစံနဲ့ ‌ပြောင်းလုပ်လိုက်‌တော့ ပို ထိ‌ရောက်တာ‌ပေါ့”ဟု ‌ပြောသည်။

ဒုက္ခသည်စခန်းများတွင် ‌နေထိုင်သူများသည် စခန်းအပြင်ထွက် အလုပ်လုပ်ခွင့်မရှိသဖြင့် အမျိုးသားအများစုမှာ မူးယစ်‌ဆေးဝါး သုံးစွဲမှုများလာခဲ့ကြရာ DARE အဖွဲ့က အဆိုပါ ‌ဆေးစွဲသူများကို မူးယစ်‌ဆေးသုံးစွဲမှုနှုန်း နည်းလာ‌အောင် ‌လျှော့ချသည့်အ‌နေ ဖြင့် ယခုလို ကုသမှုမျိုးကို ပြုလုပ်လာရခြင်းဖြစ်‌ကြောင်း မယ်လစခန်း DARE အဖွဲ့ဝင်တဦးက ‌ပြောသည်။

ယခင်က Community Addition Recovery Education – CARE အဖွဲ့မှ ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်‌နေ့မှစ၍ ‌ပြောင်းလဲ ‌ခေါ်‌ဝေါ်ခဲ့သည့် Drug and Alcohol Recovery Education Network – DARE အဖွဲ့သည် ဒုက္ခသည်စခန်းအတွင်းရှိ မူးယစ် ‌ဆေးစွဲသူများကို ကုသ‌ပေးရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၁ခုနှစ်တွင် CARE ဟူ၍ ဖွဲ့စည်းတည်‌ထောင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရပ်တည်‌နေသည့် DARE အဖွဲ့သည် မူးယစ်‌ဆေးဝါး ဖြတ်‌တောက်ကုသလိုသူ များကို ကုသချိန် ရက်သတ္တ ၆ပတ် လက်ခံလုပ်‌ဆောင်‌ပေးလျှက်ရှိသည်။