Home ထိပ်တန်းသတင်း မယ်လစခန်းတွင် ဝမ်း‌ရောဂါ‌ကြောင့် ဒုက္ခသည် ၂၀‌ကျော် ‌ဆေးရုံတင်ထားရ

မယ်လစခန်းတွင် ဝမ်း‌ရောဂါ‌ကြောင့် ဒုက္ခသည် ၂၀‌ကျော် ‌ဆေးရုံတင်ထားရ

1862
‌မေလ ၃၁ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

ထိုင်းမြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည် ၂၀‌ကျော်တို့သည် ဝမ်း‌ရောဂါ‌ကြောင့် စခန်းတွင်းရှိ ‌အေအမ်အိုင်‌ဆေးရုံနှင့် ကာလဝမ်း ‌ရောဂါတိုက်ဖျက်‌ရေး စီတီစီသို့ ပို့‌ဆောင်ကုသထားရ‌ကြောင်း သိရသည်။

မယ်လစခန်း ‌အေအမ်အိုင်‌ဆေးရုံအုပ် ဆရာ‌စော‌နေစဲန်က “ကျ‌နော်တို့ ‌ဆေးရုံမှာ ဝမ်း‌လျှော‌ရောဂါနဲ့ လူနာ ၂၀‌ကျော် ‌ရောက်‌နေတယ်။ အဲဒီ်အ ထဲမှာ ၉‌ယောက်က ကာလဝမ်း‌ရောဂါ positive ပြပြီး ကျန်တဲ့သူ‌တွေက‌တော့ negative အ‌ဖြေထွက်တယ်။ လူနာ‌တွေကို‌တော့ မယ်လ‌ဆေးရုံ ကြီးနဲ့ စီတီစီမှာ ထားထားပြီး ကျ‌နော်တို့ အတတ်နိုင်ဆုံး ‌ကောင်း‌ကောင်းမွန်မွန် လုပ်‌ပေးထား‌တော့ သူတို့ရဲ့အ‌ခြေအ‌နေက ‌ကောင်းပါတယ်”ဟု ‌ပြောသည်။

‌ရောဂါဖြစ်ပွားသူများမှာ ဝမ်းကို သုံးကြိမ်မကသွားသူများဖြစ်ပြီး ‌အော့အန်ခြင်း၊ ‌ခေါင်းမူးခြင်း၊ ဗိုက်‌အောင့်ခြင်း၊ ‌မောပမ်းခြင်း ‌ဝေဒနာများ ခံစားရသဖြင့် ၎င်းတို့ကို အပိုင်းသုံးပိုင်းခွဲကာ ကုသ‌ပေးလျှက်ရှိသည်ဟုလည်း ဆရာ‌စော‌နေစဲန်က ဆက်လက်၍ ‌ပြောဆိုသည်။

“ဝမ်း‌ရောဂါဖြစ်သူ‌တွေရဲ့ ‌ဝေဒနာကိုကြည့်ပြီး ဒီလူနာ‌တွေကို ကျ‌နော်တို့က plan-A၊ plan-B၊ plan-C ဆိုပြီး‌တော့ သုံးပိုင်းခွဲထားတယ်။ plan C က အာဟာရ အပြည့်အဝရှိတယ်၊ plan B က ဝမ်းသွားတယ်။ ‌ရေနဲ့ ဓာတ်ဆားရည် ‌သောက်လို့ရ‌သေးတယ်။ မအန်‌တော့ဘူး။ plan A က ‌ဆေး ‌ပေးပြီး ကျ‌နော်တို့ အိမ်ပြန်ခိုင်းလိုက်တယ်”ဟု ‌ပြောသည်။

ယခုအချိန်တွင် မယ်လဒုက္ခသည် စခန်း၌ ၎င်းဝမ်း‌ရောဂါ‌ကြောင့် ယင်နား‌သောအစားအစာနှင့် အမှည့်လွန် အသီးအနှံများ မစားရန် ‌ကြေညာ ချက်ထုတ်ပြန်ထား‌ကြောင်း မယ်လဒုက္ခသည်တစ်ဦးက ယခုလို အတည်ပြု ‌ပြောဆိုသည်။ “ဟုတ်တယ် ‌ကြေညာထားတယ်။ အသီးအနှံ‌တွေကို မ‌ရောင်းဖို့နဲ့ ယင်နားစာ‌တွေကို မ‌ရောင်းဖို့။ အမှည့်လွန်တဲ့ ဒူးရင်းသီး၊ ကြက်‌မောက်သီး‌တွေနဲ့ မုန့်ဟင်းခါး၊ အသုပ်။ အဲဒါ‌တွေကို မ‌ရောင်းဖို့ ပိတ် ထားတယ်”ဟု ‌ပြောသည်။

ယခုလသည် ဝမ်း‌လျှော‌ရောဂါအများဆုံး ဖြစ်ပွား‌သောလဖြစ်ပြီး မသန့်ရှင်း‌သော‌ရေများကို ‌သောက်သုံးမိခြင်း၊ မသန့်ရှင်းသည့် အစားအစာကို စားမိခြင်း‌ကြောင့် ဝမ်း‌လျှော‌ရောဂါ ဖြစ်ပွားရခြင်းဖြစ်သည်ဟု စခန်းကျန်းမာ‌ရေးဝန်ထမ်းများက ‌ပြောသည်။

ယ‌နေ့မနက် ၁ဝနာရီတွင် စခန်း‌ကော်မတီနှင့် အခြား‌သော အဖွဲ့အစည်းများ စု‌ပေါင်း၍ စခန်းတွင်း‌နေထိုင်ကြသူများ ဝမ်း‌ရောဂါမဖြစ်‌အောင် ကြို တင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်နှင့် နှစ်ပတ် သုံးပတ်အတွင်း ဝမ်း‌ရောဂါ ပ‌ပျောက်‌အောင် ထိန်းသိမ်းနိုင်‌ရေးအတွက် ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိ ရသည်။

ပြီးခဲ့သည့် ၂၀၀၇ခုနှစ်က မယ်လစခန်းတွင် ယခုလို ဝမ်း‌လျှော‌ရောဂါမျိုး‌ကြောင့် ဒုက္ခသည် ၂၀၀‌ကျော် ‌ရောဂါဖြစ်ပွားခဲ့‌သော်လည်း အချိန်မီ ကာ ကွယ်နိုင်ခြင်း‌ကြောင့် ‌သေဆုံးမှုမရှိခဲ့‌ကြောင်း သိရသည်။