Home ထိပ်တန်းသတင်း ဘုရားသုံးဆူမြို့အတွင်း ဗုံးခွဲသူနှစ်ဦး ဖမ်းဆီးရမိ

ဘုရားသုံးဆူမြို့အတွင်း ဗုံးခွဲသူနှစ်ဦး ဖမ်းဆီးရမိ

1580
‌မေလ ၁ဝရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် ဘုရာသုံးဆူမြို့၌ ယမန်‌နေ့ည ၉နာရီခန့်တွင် ကြံစည်ဗုံး‌ဖောက်ခွဲသူနှစ်ဦးကို လက်ဝယ်ပစ္စည်းများနှင့်တကွ နအဖ အာဏာပိုင်မှ ဖမ်းဆီးရမိ‌ကြောင်း ဘုရားသုံးဆူမြို့ခံများ၏ ‌ပြောပြ ချက်အရ သိရသည်။

အဆိုပါ ဗုံးခွဲသူနှစ်ဦးသည် ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၁)အတွင်းရှိ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံနယ်စပ် ချက်ပွိုင့်၌ တာဝန်ကျ လုံခြုံ‌ရေးများ၏ စစ်‌ဆေးမှုကိုမခံဘဲ ဆိုင်ကယ်ကို တန်း‌မောင်းသွားရာမှ ဗုံး‌ပေါက် ကွဲခဲ့သဖြင့် ၎င်းတို့အား ‌ဒေသခံအာဏာပိုင်များက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု မြို့ခံတဦးက ‌ပြောသည်။

ဘုရားသုံးဆူမြို့ရှိ နအဖ စစ်‌ဆေး‌ရေးဂိတ

၎င်းက “ ဂိတ်‌စောင့်တဲ့သူ‌တွေက လာသမျှယာဉ်‌တွေကို စစ်‌ဆေးမှု‌တွေလုပ်တဲ့အချိန်မှာ အဲဒီ ဆိုင်ကယ် က (ဗုံးခွဲသူ) အစစ်‌ဆေးမခံပဲ ဆိုင်ကယ်ကို တန်း‌မောင်းသွားရာမှ ဗုံး‌ပေါက်ကွဲသွားတာဖြစ်တယ်။ တ‌ယောက်က ဒဏ်ရာအပြင်းအထန်ရသွားတယ်‌ပေါ့‌နော်။ တ‌ယောက်က‌တော့ အနည်းငယ်ဒဏ်ရာရ တယ်။ ဖြစ်ဖြစ် ချင်းမှာပဲ ဂိတ်‌စောင့်တဲ့သူ‌တွေက သူတို့နှစ်ဦးကို ဖမ်းပြီး‌ခေါ်‌ဆောင်သွားတယ်” ဟု ‌ပြော သည်။

အဆိုပါ ဗုံး‌ဖောက်ခွဲသူနှစ်ဦးသည် ‌ကေအဲန်ယူ တပ်မဟာ (၆) ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ ‌တော်(‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း(၁၆)၏ ခိုင်း‌စေမှုဖြင့် ‌ဖောက်ခွဲရခြင်းဖြစ်သည်ဟု အာဏာပိုင်များ ထံသို့ ထွက်ဆိုခဲ့‌ကြောင်း ဘုရားသုံးဆူမြို့ရှိ ဒီ‌ကေဘီ‌အေ တပ်မှူးတဦးက ‌ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၁၆)မှ တပ်မှူးတဦးကို ‌ကေအိုင်စီက ဆက်သွယ် ‌မေးမြန်းရာမှာ“ဒီကိစ္စကို ကျ‌နော်တို့ ဘာမှမသိရဘူး‌နော်။ အထက်က လူကြီး‌တွေ ပြန်လာမှ ပြန်အ ‌ကြောင်းကြားခိုင်းမယ်‌နော်။ ” ဟု ‌ပြောသည်။

‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး (၁) ဗိုလ်မှူး‌စောလှ‌ငွေက“ ကျ‌နော်တို့က‌တော့ ‌ပေါ်လစီအရဆိုရင် ဘာမှ မပတ်သက်ဘူး။ ကျ‌နော်တို့ဘက်ကလည်း လူကြားသူကြားထဲမှာ ဗုံးခွဲပါလို့လည်း ဘာမှ မညွှန် ကြားထားဘူး။ တပ်ရင်း (၁၆)က သူ့လူဆိုရင် သူဝန်ခံမှာ‌ပေါ့။ မဟုတ်ရင် သူငြင်းမှာ‌ပေါ့ ” ဟု ‌ပြောသည်။

ယင်း‌ပေါက်ကွဲမှုတွင် သက်ဆိုင်ရာ အာဏာပိုင်များက လက်ပူးလက်ကြပ်ဖမ်းမိသည့်အတွက်‌ကြောင့် ဘု ရားသုံးဆူမြို့ခံများက ယခင်လို မည်သူမည်ဝါလက်ချက်ဖြစ်သည်ဟုု ထင်‌ကြေးမ‌ပေး‌တော့‌ကြောင်း မြို့ခံ များက ‌ပြောသည်။

ဘုရားသုံးဆူမြို့တွင် ယခင်က ဗုံး‌ပေါက်ကွဲမှုများ ဖြစ်ပွား‌လေ့ရှိ‌သော်လည်း တရားခံကို လက်ဝယ်ပစ္စည်း များနှင့်တကွ လက်ပူးလက်ကြပ် ဖမ်းဆီးရမိခြင်းသည် ယခုပထမဦးဆုံးအကြိမ်ဖြစ်သည်။