Home ထိပ်တန်းသတင်း ဖားအံမြို့တွင် ‌ရေပြတ်လပ်မှု နှင့်ရင်ဆိုင်‌နေရ

ဖားအံမြို့တွင် ‌ရေပြတ်လပ်မှု နှင့်ရင်ဆိုင်‌နေရ

1668
‌မေလ ၁၇ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

‌နွေရာသီတွင် နှစ်စဉ်နှစ်တိုင်း ‌ရေရှားပါးမှုပြသနာကို ကြုံ‌တွေ့‌နေရ‌သော်လည်း ယခုနှစ်သည် ယခင်နှစ်များထက် အပူရှိန်မြှင့်မား‌နေမှု‌ကြောင့် ဖားအံမြို့တွင် ‌ရေပြတ်လပ်မှုနှင့် ရင်ဆိုင်‌နေရပြီး လူထုမျျား ပိုမို‌ရေဝယ်ယူသုံးစွဲ‌နေရ‌ကြောင်း မြို့ခံများက ‌ပြောသည်။

̏̏̏အရင်နှစ်‌တွေကဆိုရင် ဒီ‌လောက်လဲ‌ရေမရှားဘူး။ အခု ကျမတို့ရပ်ကွက်ထဲက ‌ရေတွင်းတိုင်း ‌ရေ‌တွေခမ်းကုန်တယ်။ ‌နေကလည်း‌တော်‌တော်ပူတာ။ ခါတိုင်း သကြင်္န်ဆိုရင် မိုးရွာပြီ။ ဒီနှစ်က မိုးလည်း မရွာ၊ အိုက်ကလည်းအိုက်၊ ‌ရေကလည်းရှား။ ‌ရေဝယ်ရတာ ‌ဈေးကလဲကြီးနဲ့ ‌ရေသုံးရစွဲရတာလည်း အဆင်မ‌ပြေဘူး။ ‌ချွေတာပြီး‌တော့ သုံးရတာ။ ‌တော်‌တော် ဒုက္ခဖြစ်တယ်”ဟု ဖားအံမြို့ခံ အိမ်ရှင် မတစ်ဦးက‌ပြောသည်။
တစ်ချို့မြို့နှင့် အလှမ်း‌ဝေး‌သော ရပ်ကွက်များမှ ‌ရေဝယ်ယူရာတွင် အခက်အခဲများ ကြုံကြရပြီး ‌ဈေးကြီးကြီးဖြင့် ဝယ်ယူသုံးစွဲ ‌နေရသည်ဟု ဖားအံမြို့ အမှတ်(၉) ရပ်ကွက်တွင် ‌နေထိုင်သူတစ်ဦးက ‌ပြောသည်။

သူမက“တခါတ‌လေ ‌ရေဝယ်ရတာ အခတ်အခဲရှိတယ်။ တစ်ရက်‌လောက်ဖုန်းနဲ့ကြိုပြီး မှာရတာ။ သူတို့က ကားနဲ့လာပို့တယ် ‌လေ။ အရင်နှစ်‌တွေက တစ်တိုင်ကီကို ၅၀ဝကျပ်ပဲ။ အခု(၇၀၀)ကျပ်‌ပေးရတယ်။ ကားတစ်စီးစာယူရင်‌တော့ ‌ရေများရင် ၆၀၀ဝကျပ် ‌ရေနည်းရင် ၄၅၀ဝကျပ်‌တောင်းတယ်။ အဲဒါ‌တောင် တခါတ‌လေ ‌ရေမ‌လောက်လို့ ကျမတို့ဘက် မ‌ရောက်ဘူး။ အဲဒီအခါကျရင် တွန်းလှည်းနဲ့ သွားတွန်းရတယ်”ဟု ‌ပြောသည်။
‌ရေရှားပါးမှု‌ကြောင့် ‌ရေဝယ်ယူသုံးရာတွင် ‌ဈေးပိုကြီးလာသည့်အပြင် ‌ရေသန့်မသန့် ဂရုစိုက်ရ‌သေး‌ကြောင်း ၎င်းက ဆက် လက်‌ပြောဆိုသွားသည်။

ယခုအချိန်တွင် ‌ရေရှားပါ‌သော‌ကြောင့် ဖားအံမြို့တွင်ရှိ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားများဖြင့် ‌ရေရှား‌သောဇွဲကပင်ကုန်း ၁ ကုန်း၊ ၂ကုန်း၊ ၃ကုန်းသို့ ‌ရေးများသွား‌ရောက် ‌ပေး‌ဝေ‌နေ‌ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ရာသီဥတု ‌ဖောက်ပြန်မှုများ‌ကြောင့် ဧပြီလ လလယ်ခန့်မှ စ၍ အပူချိန် အဆမတန် မြှင့်မားလာမှု‌ကြောင့် ‌သောက်‌ရေပြတ်လပ်မှုအပြင် အပူရှိန်‌ကြောင့် ‌သေဆုံးသူများလည်း ရှိ‌နေ‌ကြောင်း သိရသည်။