Home ထိပ်တန်းသတင်း နအဖတပ် အင်အားဖြန့်‌သော်လည်း ဒီ‌ကေဘီ‌အေ အင်အားစုစည်း

နအဖတပ် အင်အားဖြန့်‌သော်လည်း ဒီ‌ကေဘီ‌အေ အင်အားစုစည်း

1619
‌မေလ ၅ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

+

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)လက်‌အောက်ခံ တပ်ရင်းများသည် တပ်အင်အား စုစည်းမှုများ လုပ်‌ဆောင်သလို နအဖ စကခ(၈)လက်‌အောက်ခံ တပ်ရင်းများကလည်း တပ်အင်အား ဖြန့်ကျက်ထားလျှက်ရှိ သည်ဟု စုံစမ်းသိရှိရသည်။

“ကျ‌နော်တို့ကို သတိဝီရိယ အမြဲတမ်းရှိဖို့ အထက်က ညွှန်ကြားထားပါတယ်။ လူကြီး(ဗိုလ်လားပွယ်)က‌တော့ သူ့လူ‌တွေကို ပြန် စုစည်းမှု‌တွေလုပ်‌နေပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ နအဖဘက်က တပ်ဖြန့် ထားတယ်‌လေ။ နအဖဘက်က ပစ်ခတ်မှု‌တွေ လုပ်လာရင်‌တော့ ကျ‌နော်တို့ အသင့်အ‌နေအထားမှာ ရှိဖို့လိုတယ်”ဟု ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ တပ်မှူးတဦးက ‌ပြော သည်။

ဗိုလ်မှူးချုပ်‌စောလားပွယ် (‌ခေါ်) ဗိုလ်နှုတ်ခမ်း‌မွှေး ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) လက်‌အောက်တွင် ကလိုထူး ‌ဘောဗျူဟာ(၁)နှင့် တပ်ရင်း (၅)ရင်း ရှိသည်။

ထို‌ဒေသတွင် လှုပ်ရှားသည့် ‌ကေအဲန်အယ်လ်‌အေ တပ်မှူးတဦးက “ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်တချို့က နယ်ခြား‌စောင့်တပ်ကိစ္စ ကို လက်မခံတဲ့အတွက် တပ်အင်အား‌တွေစုထားသလို နအဖဘက်က တပ်ဖြန့်ထားတာဟာ အမှန်တကယ်‌တော့ တပ်အင် အား ပြတာပါ။ စစ်ဖြစ်ဖို့‌တော့ မဟုတ်‌လောက်ပါဘူး”ဟု ဆိုသည်။

၁၅နှစ်‌မြောက် အခမ်းအနားတွင် စစ်‌ရေးပြ‌နေသည့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ

စစ်အစိုးရသည် အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့များကို ‌ရှေ့တိုး‌နောက်ဆုတ် ပုံစံမျိုးဖြင့် ကစားခြင်းသာဖြစ်ပြီး အမှန်တကယ် စစ် ဖြစ်ပါက တပ်မှူးတပ်သား‌မြောက်များစွာ ထွက်‌ပြေးကြလိမ့်မည်ဟုု ၎င်း‌ကေအဲန်အယ်လ်‌အေတပ်မှူးက သုံးသပ်‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့နယ်ရှိ ပူး‌ရေးရွာတွင် ယခင်ရှိထားသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့များက နယ်စပ်ရှိ မုလအိ‌တောင်ဘက်ကို ‌ရွှေ့ ‌ပြောင်းသွားကာ ၎င်းတို့‌နေရာတွင် နအဖတပ်များ ဝင်‌ရောက်‌နေရာယူထားကြသည်ဟု ရွာသားတဦးက ‌ပြောသည်။

ကြိတ်ရွာသားတဦးကလည်း “‌ပြောသံကြားတာက‌တော့ ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်‌နေ့တုန်းက နယ်စပ်(ထိုင်းနယ်စပ်)မှာရှိတဲ့ ဗိုလ် နှုတ်ခမ်း‌မွှေး တပ်ဖွဲ့ဝင်‌တွေကို မြိုင်ကြီးငူဘက် ပြန်သွားရမယ်လို့မှာတယ်။ ဗိုလ်နှုတ်ခမ်း‌မွှေးအဖွဲ့က ပြန်မဆင်းသွားတဲ့အပြင် သူတို့တပ်‌တွေကို နယ်စပ်ဘက်ကို ပြန်စုကြတယ်”ဟု ‌ပြောသည်။

အဆိုပါမြို့နယ် ‌ဝေါ်‌လေဂွင်ဘက်တွင်လည်း နအဖက အင်အား ၉ဝနီးပါး တိုးချဲ့လာသလို ‌ကေအဲန်ယူ တပ်မဟာ (၅)၌လည်း နအဖစစ်အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင်ကူး‌ပြောင်း‌ရေးကို လက်မခံကြသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်တချို့လည်း စစ်‌ရေး ပြင်ဆင်မှုများ ရှိသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

ကရင်ပြည်နယ်တခုလုံးတွင် နအဖစစ်တပ်မှ တပ်မ (၂၂)၊ (၄၄)နှင့် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၈)ခုမှ တပ်ရင်း‌ပေါင်း တစ် ရာ‌ကျော် ‌နေရာယူ လှုပ်ရှားလျှက်ရှိ‌ကြောင်း သျှမ်းသံ‌တော်ဆင့် သတင်းဌာနက ၎င်းတို့ရရှိသည့် စစ်‌ရေးအစီခံစာအရ ‌ရေးသား ‌ဖော်ပြထားသည်။