Home ထိပ်တန်းသတင်း တိုက်ပွဲ‌ကြောင့် ပျက်စီးခဲ့သည့် ရာဘာပင်များ အသစ်စိုက်ပျိုးရန် ခက်ခဲ‌နေ

တိုက်ပွဲ‌ကြောင့် ပျက်စီးခဲ့သည့် ရာဘာပင်များ အသစ်စိုက်ပျိုးရန် ခက်ခဲ‌နေ

1749
‌မေလ ၃၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဝင်း‌ရေးမြို့နယ်တွင် နအဖနှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)တို့အကြား တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ပျက်စီးသွားခဲ့သည့် ရာဘာပင်များကို လက်ရှိအချိန်တွင် အသစ် ပြန်လည်စိုက်ပျိုးရန် အခက်အခဲ ကြုံ‌နေရ သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ရက်‌နေ့က အနန်းကွင်း‌ကျေးရွာအ‌ခြေစိုက် နအဖစစ်တပ် စကခ(၈)လက်‌အောက်ခံ စစ်ဗျူဟာအမှတ်(၁)မှ ခမရ (၄၀၁)နှင့် ‌ကေအဲန်အဲလ်‌အေ တပ်ရင်း(၁၆)တို့ကြား (ဖားရ)‌ကျေးရွာရှိ ရာဘာခြံတစ်ခြံအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက် ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှု‌ကြောင့် ရာဘာပင် ၃,၀၀၀‌ကျော် မီး‌လောင်ပျက်စီးသွားခဲ့ရသည်ဟု သိရသည်။

မီး‌လောင်ခံလိုက်ရသည့် ရာဘာခင်းတ‌နေရာ (ဓါတ်ပုံ - KHRG)

အဆိုပါ မီး‌လောင်ပျက်စီးသွား‌သော ရာဘာပင်များကို ပြန်လည်စိုက်ပျိုးရန်အတွက် အနည်းဆုံး ‌လေးငါးနှစ်ခန့် အပင်ငယ်များ ပြန် လည်ပြုစုပျိုး‌ထောင်‌ပေးရခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ‌ငွေ‌ကြေးပြဿနာများ‌ကြောင့် အခက်အခဲကြုံရခြင်းဖြစ်‌ကြောင်း ‌ဒေသခံတဦးက ယခုလို ‌ပြောသည်။

၎င်းက “ရာဘာခြံတစ်ခြံ စိုက်ဖို့ဆိုတာ အနည်းဆုံး ၄-၅နှစ်‌လောက် အချိန်ယူရတယ်။ အခု မီး‌လောင်ခံရတဲ့ ရာဘာပင်‌တွေဟာ နည်းနည်းအရွယ်‌ရောက်‌နေတဲ့ အပင်‌တွေဖြစ်ကြပါတယ်။ ဆုံးရှုံးသွားတဲ့ အပင်‌တွေကို ဘတ်‌ငွေနဲ့ တွက်မယ်ဆိုရင် ၁ဝသိန်း ‌လောက် ရှိမယ်။ ပြန်လည်စိုက်ပျိုးဖို့ အကြီးမားဆုံး အခက်အခဲက ရင်းနှီးမြှုပ်နှံမှုနဲ့ ‌ငွေ‌ကြေးပြဿနာပါပဲ”ဟု ‌ပြောသည်။

အဆိုပါပစ်ခတ်မှု‌ကြောင့် ရာဘာပင် ‌မြောက်များစွာ မီး‌လောင်ကျွမ်းသွားခဲ့သည့်အပြင် ရာဘာခြံရှိ တဲများကိုလည်း နအဖက အကုန် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ထိုပျက်စီးဆုံးရှုံးသွား‌သော ရာဘာပင်များအစား ပြန်လည်စိုက်ပျိုးရန်အတွက် ပိုင်ရှင်များက ပြန်လည်ရှင်းလင်းမှုများ လုပ်‌ဆောင်‌နေ ပြီဖြစ်‌ကြောင်း ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆)မှ အရာခံဗိုလ် ‌စောကလူထူးက ယခုလို ‌ပြောသည်။

“‌လော‌လောဆယ် ပျက်စီးသွားခဲ့တဲ့ ရာဘာပင်‌တွေကို ပိုင်ရှင်က ခုတ်ထွင်ရှင်းလင်းတာ‌တွေ လုပ်‌ဆောင်‌နေပါတယ်။ ကျ‌နော်တို့ ဘက်ကလည်း ကူညီပံ့ပိုးမှု တစုံတရာ ဘာမှ မလုပ်‌ပေးနိုင်ဘူး ဖြစ်‌နေတယ်”ဟု သူက ‌ပြောသည်။

ကရင်ပြည်နယ်တွင် ဖားအံ၊ လှိုင်းဘွဲနှင့် ‌ကော့ကရိတ် စသည့်မြို့နယ်များအတွင်း ရာဘာစိုက်ပျိုး‌ရေးကို လုပ်ကိုင်‌နေကြသလို ဝင်း ‌ရေး(ကြာအင်းဆိပ်ကြီးမြို့နယ်)၌လည်း ရာဘာခြံ စုစု‌ပေါင်း (၁)သိန်းနီးပါး စိုက်ပျိုးကြသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရ သည်။