Home ထိပ်တန်းသတင်း တိုင်းရင်းသားအဖွဲ့ ၅ဖွဲ့ စစ်‌ရေး၊ နိုင်ငံ‌ရေး ‌ဆွေး‌နွေးခဲ့

တိုင်းရင်းသားအဖွဲ့ ၅ဖွဲ့ စစ်‌ရေး၊ နိုင်ငံ‌ရေး ‌ဆွေး‌နွေးခဲ့

1630
‌မေလ ၃၁ရက်။ ‌ကေအိုင်စီ

စစ်အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေး ဖိအားများနှင့် သတ်မှတ်ရက်ကုန်ဆုံးပြီး‌နောက် စစ်‌ရေး၊ နိုင်ငံ‌ရေး အ‌ခြေ အ‌နေများကို တိုင်းရင်းသားအဖွဲ့ ၅ဖွဲ့က ‌မေလ ၂၂ရက်‌နေ့မှ ၂၃ရက်‌နေ့အထိ သုံးရက်ကြာ ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

စစ်အစိုးရကို ‌တော်လှန်တိုက်ခိုက်‌နေ‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (‌ကေ အဲန်ယူ)၊ ချင်းအမျိုးသားတပ်မ‌တော်(စီအဲန်အက်ဖ်)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(‌ကေအဲန်ပီပီ)နှင့် လက်ရှိ အပစ်ရပ် အဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီ၊ ကချင်ပြည်လွတ်‌မြောက်‌ရေးအဖွဲ့ (‌ကေအိုင်အို)တို့မှ စစ်‌ရေး၊ နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်များက ‌ဆွေး‌နွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ‌ဆွေး‌နွေးပွဲကို ၂၀၁ဝခုနှစ်တွင် ပထမဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နအဖ စစ်အစိုးရ၏ နယ်ခြား‌စောင့်တပ်ကိစ္စ ‌နောက်ပိုင်း တွင် ပြုလုပ်ခဲ့သည့် အစည်းအ‌ဝေးတစ်ရပ်ဖြစ်ပြီး စစ်‌ရေးအရ လုပ်‌ဆောင်မည်ဆိုပါက တပြိုင်နက်ဖြစ်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု အမည်မ‌ဖော်လိုသူ ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်တစ်ဦးက ‌ပြောသည်။

“ဒီ‌ဆွေး‌နွေးပွဲမှာ ကျ‌နော်တို့အားလုံးက နိုင်ငံ‌ရေးကို ငြိမ်းချမ်းစွာ အ‌ဖြေရှာဖို့ သ‌ဘောတူခဲ့ကြတယ်။ သို့‌ပေမဲ့ နအဖက တိုင်းရင်း သားနယ်‌မြေ‌တွေကို ထိုးစစ်ဆင်လာမယ်ဆိုရင် တက်ညီလက်ညီနဲ့ တပြိုင်နက်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်”ဟု ၎င်းက ဆိုသည်။

၎င်းအပြင် ‌ဆွေး‌နွေးပွဲတွင် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကိစ္စကိုလည်း ‌ဆွေး‌နွေးဖြစ်ခဲ့ကြ သည်ဟု အဆိုပါ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်က ဆက်‌ပြောသည်။ သူက “အခု လာတဲ့ ကိုယ်စားလှယ်‌တွေအားလုံးက ၂၀၀၈ခု နှစ် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို လက်မခံနိုင်တဲ့ သ‌ဘောတူညီမှု‌တွေ ရှိကြ‌ပေမဲ့ ‌ရွေး‌ကောက်ပွဲနဲ့ ပတ်သက်လို့ ‌ကေအိုင်အိုက သူတို့အထဲမှာ ဝင်သူ‌တွေရှိသလို၊ မပါဝင်သူ‌တွေလည်း ရှိ‌နေတယ်”ဟု ‌ပြောသည်။

‌ကေအိုင်အိုသည် နယ်ခြား‌စောင့်တပ်ကို လက်မခံ‌သော်လည်း ပင်လုံစာချုပ်မှ သ‌ဘောတူညီချက်အတိုင်း အသိအမှတ်ပြုပြီး ဤအ‌ခြေခံအ‌ပေါ် တိုင်းရင်းသားများအ‌ရေးကို ‌ဖြေရှင်းသွားရန် သ‌ဘောထားရှိ‌ကြောင်း နအဖထံ အ‌ကြောင်းပြန်ကြားထားပြီး ဖြစ်သည်။

‌ဆွေး‌နွေးပွဲတွင် ပြည်နယ်ကို အ‌ခြေခံသည့် တိုင်းရင်းသားအဖွဲ့များမှ ကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ကြ‌သော်လည်း ရှမ်း ပြည်‌တောင်ပိုင်းတပ်မ‌တော်(အက်စ်အက်စ်‌အေ) မတက်‌ရောက်နိုင်ခဲ့‌ပေ။