Home ကဗျာ ချစ်‌သော‌ကော်သူး‌လေနှင့်အတူ

ချစ်‌သော‌ကော်သူး‌လေနှင့်အတူ

1743
(လကင်္ာဒီပ)

အားမ‌လျော့စတမ်း
ဇွဲစခန်း၊လမ်းမှာ
ကြမ်းတမ်း‌လောကဓံ၊ မျိုးချစ်မာန်စုစုနဲ့
အံတု‌တော်လှန်လာခဲ့‌ပေ
အို…..‌ကော်သူး‌လေ‌ရေ.။

ငိုချင်းရှည်၊ လွမ်းချင်းရှည်‌တွေနဲ့
‌ပျော်ပါး‌တွေ‌ဝေ
‌ငေးမ‌နေသင့်‌တော့တဲ့အချိန်
‌လှောင်အိမ်စံဘဝ‌တွေအတွက်
ငဲ့ကွက်တာဝန်‌တွေယူကြ‌လေ။

အို…..‌ကော်သူး‌လေ‌ရေ……
သင့်ရဲ့ကြီးမားသမိုင်း
တစက်မရိုင်း‌စေ‌ရေး
‌ကော်သူး‌လေ ချစ်သူ‌တွေ
‌ပေးဆပ်စွန့်လွှတ်‌နေကြ‌ပေ။

အို…..‌ကော်သူး‌လေ‌ရေ……
ချစ်‌သော တို့မျိုး‌ဆွေ‌တွေ
ပြစ်‌ပြောထိုး‌ကျွေးမ‌နေဘဲ
စစ်‌သောမှန်တရား ‌တော်လှန်‌ရေးမှာ
ပြန်လာကာ ရဲရင့်ကြ‌ရေး
‌နွေး‌ထွေးလက်များကမ်းလို့
ဝမ်းပမ်းတသာ ကြိုဆို‌နေကြ‌ပေ။

အို…..‌ကော်သူး‌လေ‌ရေ……
ကိုးဒီ‌သွေးများစွာ
ကမ္ဘာမှာရှိ‌နေသ‌ရွေ့‌လေ
‌ကေအဲန်ယူဆိုတာ
ကြယ်တာယာ၊ လများထက်
ဝင်းလက်လို့ထွန်း‌နေမယ်‌လေ။

အို…..‌ကော်သူး‌လေ‌ရေ……
‌ကော်သူး‌လေဆိုတာ
“မိမိလူမျိုးကိုချစ်ပြီး သူတပါးကို ‌လေးစားသူ”
“ဒူးမ‌ထောက်တတ်သူ”
“အညံ့မခံတတ်သူ”
“အမှန်တရားအတွက် ရဲရင့်ကြသူ”
“အမှားကိုမြင် ဝန်ခံတတ်သူ”
“မျက်ကန်းမျိုးချစ် မဟုတ်သူ”
“မဟာလူမျိုးကြီးဝါဒ မထားသူ”
ဂုဏ်ပုဒ်ဖြူအလီလီနဲ့
တည်ကြည်တဲ့သ‌ဘော‌ဆောင်သည်
ညီ‌နောင် ‌ကော်သူး‌လေများ သိကြ‌စေ။ ။

မှတ်ချက်။ ။ ကမ္ဘာအရပ်ရပ် ‌ရှေ့‌နောက်‌တောင်‌မြောက် ဘယ်လိုပင် ‌ဝေးကွာ‌နေကြ‌ပေမဲ့ မိမိတမျိုးသားလုံးတို့၏ ‌ရှေ့‌ရေးကို အတူတ ကွ လာ‌ရောက် ‌ဆွေး‌နွေးတိုင်ပင်ကြပြီး ‌ရှေ့လုပ်ငန်းစဉ်များ ချမှတ်လုပ်‌ဆောင်တတ်‌သော ‌ကော်သူး‌လေမျိုးချစ်များကို ‌လေးစားသမှု ထား အပ်ပါသည်။ ကိုးဒီ‌သွေးများ ပြန်လည်ဆုံဆည်းခဲ့‌သော ‌မေလ(၁၇)မှ ‌မေလ(၂၁)ရက်‌နေ့အထိ ကျင်းပခဲ့‌သော(၇)ကြိမ်‌မြောက် ကရင်အ မျိုးသား စည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲကို ဤကဗျာ‌လေးဖြင့် ဂုဏ်ပြုအပ်ပါသည်။