Home ထိပ်တန်းသတင်း ကယားပြည်နယ်တွင် ‌ကေပီပီ အ‌ရွေးခံရန် ‌ကေအဲန်ပီပီ ကန့်ကွက်

ကယားပြည်နယ်တွင် ‌ကေပီပီ အ‌ရွေးခံရန် ‌ကေအဲန်ပီပီ ကန့်ကွက်

1644
‌မေလ ၁၃ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်သူ့ပါတီ(‌ကေပီပီ)က ကယားပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်‌မြေ (၂)ခုတွင် ပါဝင်ယှဉ်ပြိုင် အ‌ရွေးခံသွားမည်ကို လက်ခံမည် မဟုတ်ဟု ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(‌ကေအဲန်ပီပီ)က ‌မေလ ၁၁ရက်‌နေ့တွင် ‌ကြေညာချက်အမှတ် ဝ၁/၂၀၁ဝဖြင့် သ‌ဘောထား ထုတ်ပြန်ခဲ့သည်။

‌ကေပီပီသည် လူမျိုး‌ရေးကို အ‌ခြေခံ၍ ဖွဲ့စည်းထားသည့် နိုင်ငံ‌ရေးပါတီဖြစ်‌သော‌ကြောင့် ကယားပြည်နယ်၊ မဲဆန္ဒနယ်‌မြေ တွင် ပါဝင်ယှဉ်ပြိုင်ပါက ပြည်သူလူထုအတွင်း အမြင်သ‌ဘောထား ကွဲလွဲမည်ကို စိုးရိမ်သည့်အတွက် ယခုလို ‌ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ‌ကေအဲန်ပီပီ အတွင်း‌ရေးမှူး(၁) ခူးဦးရယ်က ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောသည်။

“လူထု‌တွေ အမြင်မကြည်လင်မှု အသွင်သဏ္ဍာန်‌ဆောင်မယ့် ကိစ္စ‌တွေကို ‌ရှောင်ရှားတဲ့အ‌နေနဲ့ ကျ‌နော်တို့ သ‌ဘောမတူဘူး ဆိုတာ ဆုံးဖြတ်ခဲ့ရတာပါ။ တကယ်လို့များ နိုင်ငံ‌ရေးရည်ရွယ်ချက် တခုတည်းသက်သက်နဲ့ သွားတယ်ဆိုရင် ‌ပြောစရာ ‌တော့ မရှိဘူး‌ပေါ့ဗျာ။ ဒါ‌ပေမယ့် ‌ကေပီပီကျ‌တော့ ကရင်လူမျိုးကို အ‌ခြေခံတဲ့အတွက်‌ကြောင့် လူမျိုး‌ရေးအရ ‌ရေရှည်မှာ ပြဿနာဖြစ်လာမှာကို ကြိုတင်တားဆီးတဲ့အ‌နေနဲ့ ကန့်ကွက်ရတာပါ”ဟု ‌ပြောသည်။

‌ကေပီပီအ‌နေဖြင့် ကယားပြည်နယ်အတွင်း မည်သည့် မဲဆန္ဒနယ်‌မြေတွင်မဆို ပါဝင်ယှဉ်ပြိုင်သွားခြင်းကို လက်ခံမည် မ ဟုတ်‌ကြောင်းနှင့် ‌ကေပီပီ ဝင်‌ရောက်ပြိုင်မည့် မဲဆန္ဒနယ်‌မြေရှိ မဲဆန္ဒရှင်များမှ မဲမထည့်ကြရန် ‌ကေအဲန်ပီပီ၏ ‌ကြေညာ ချက်တွင် အသိ‌ပေးထားသည်။

သို့‌သော် ‌ကေပီပီက ၎င်းတို့ ဝင်‌ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်‌မြေကို အတိအကျ ‌ဖော်ပြထားခြင်း မရှိ‌သေးသည့်အတွက် မည်သည့်နယ်‌မြေဖြစ်သည်ကိုမူ မ‌ပြောနိုင်‌သေး‌ကြောင်း ‌ကေအဲန်ပီပီက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ‌ကေအိုင်စီက ‌ကေပီပီ ဥက္ကဌ အငြိမ်းစား ဒုဗိုလ်မှူးကြီး‌စောထွန်း‌အောင်မြင့်ကို ‌မေးမြန်းရန် တယ်လီဖုန်းဖြင့် ယ‌နေ့ ကြိုးစားဆက်သွယ်ခဲ့‌သော်လည်း ဖုန်းကိုင်‌ဖြေဆိုသူ မရှိ‌ပေ။

စစ်အစိုးရက နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်းနှင့် ‌ရွေး‌ကောက်ပွဲဆိုင်ရာ ဥပ‌ဒေများကို မတ်လ ၈ရက်‌နေ့တွင် ထုတ်ပြန်ခဲ့ပြီး ‌နောက် ကရင်ပြည်သူ့ပါတီ(‌ကေပီပီ)သည် မတ်လ ၃၁ရက်‌နေ့တွင် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ ပါတီမှတ်ပုံ တင်‌လျှောက်ခဲ့သည်။

ကရင်အမျိုးသားတိုးတက်‌ရေးပါတီ(‌ကေအဲန်ပီပီ)သည် ၁၉၅၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်ထိ စစ်အစိုးရကို ‌တော်လှန်တိုက်ခိုက်‌နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။