Home ထိပ်တန်းသတင်း လူ‌သေအ‌လောင်းများ ပျက်စီးမှု သန်လျင်တွင် ဖြစ်ပွား‌နေ

လူ‌သေအ‌လောင်းများ ပျက်စီးမှု သန်လျင်တွင် ဖြစ်ပွား‌နေ

1787
ဧပြီ ၈ရက်။ ‌ကေအိုင်စီ

သန်လျင်မြို့ ပြည်သူ့‌ဆေးရုံ ရင်ခွဲတိုက်ရှိ ရုပ်အ‌လောင်းများမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကိုယ်လက်အဂင်္ါများ ပျက်စီးသည့် အ‌နေအထားမျိုး ထူးခြားဖြစ်စဉ်တခု ဖြစ်ပွား‌နေသည်ဟု ပြည်တွင်းမှလာသည့် သတင်းတခုအရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက သန်လျင်သို့ ဆက်သွယ်‌မေးမြန်းရာတွင် တကယ်ဖြစ်ပျက်သည်မှာ မှန်ကန် ‌ကြောင်း ‌ကေအိုင်စီကို အတည်ပြု ‌ပြောဆိုခဲ့သည်။

အဆိုပါသတင်းအရ လက်ရှိအချိန်တွင် အ‌လောင်း ၁၈‌လောင်းခန့်မှာ လက်များ၊ ‌ပေါင်များတွင် ကုတ်ဖဲ့စား‌သောက်ထားသည့် အ‌နေအထားမျိုးဖြင့် ပျက်စီး‌နေသည်ကို ‌တွေ့ရသည့်အတွက် တာဝန်ရှိသူများက အထူး‌စောင့်ကြပ်‌နေ‌သော်လည်း ဆက်လက် ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

ယခုလ ၄ရက်‌နေ့ညတွင်လည်း အ‌လောင်းနှစ်‌လောင်းကို ထားရှိရာ တ‌လောင်းမှာ နားရွက်တဖက် ပျက်စီး‌နေပြီး ကျန်တစ် ‌လောင်းမှာ ‌ပေါင်သားများ ပျက်စီး‌နေသဖြင့် ထိုသို့ ပျက်စီးသွား‌သော ရုပ်အ‌လောင်းအချို့၏ ပိုင်ရှင်များက ‌ဆေးရုံအုပ်ချုပ်သူ များကို တရားစွဲဆိုထားသည်။

ထိုအဖြစ်အပျက်‌ကြောင့် ဧပြီလ ၅ရက်‌နေ့ နံနက်ပိုင်းတွင် တိုင်းအဆင့်ရှိ တာဝန်ရှိသူများက သန်လျင်‌ဆေးရုံကြီးသို့ ‌ရောက်ရှိ လာပြီး ၎င်းအမှုကို အမြန်‌ဖော်ထုတ်‌ပေးရန် မြို့နယ်တာဝန်ခံများကို ဆူပူကြိမ်း‌မောင်းခဲ့သည်ဟု မျက်မြင်တဦးက ‌ပြောသည်။ ထို‌နေ့ည၌ မြို့နယ်ရဲတပ်ဖွဲ့မှ ညပိုင်းတွင် အထူးဂရုစိုက် ‌စောင့်ကြပ်‌နေ‌သော်လည်း အလားတူ အဖြစ်အပျက် ထပ်မံကြုံ‌တွေ့ရ သည့်အတွက် လူများအကြား ထိတ်လန့်ဖွယ်ရာတခုဖြစ်‌နေ‌ကြောင်း မြို့ခံများက ‌ပြောသည်။

ထိုကဲ့သို့ ဖြစ်ပျက်မှုမျိုးသည် ယခင်ကလည်း ရန်ကုန်မြို့၊ ‌မြောက်ဥက္ကလာ၊ ကြည့်မြင်တိုင် က‌လေး‌ဆေးရုံများတွင်လည်း ‌မြေ ကြွက်ကြီးများ ‌သောင်းကျန်းမှု‌ကြောင့် မကြာခဏ ဖြစ်‌လေ့ရှိသည်ဟု ထူးခြားမှုမရှိဟု အချို့မြို့ခံများက ‌ပြောသည်။