Home ထိပ်တန်းသတင်း ထိုင်းသစ်ကုန်သည်ကြီးများ ‌ငွေမချ‌ပေးသဖြင့် သစ်လုပ်ငန်းရှင်တချို့ အလုပ်ရပ်ဆိုင်းလိုက်ရပြီ

ထိုင်းသစ်ကုန်သည်ကြီးများ ‌ငွေမချ‌ပေးသဖြင့် သစ်လုပ်ငန်းရှင်တချို့ အလုပ်ရပ်ဆိုင်းလိုက်ရပြီ

1694
ဧပြီလ ၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်တဝိုက်မှ သစ်လုပ်ငန်းရှင်တချို့သည် ထိုင်းသစ်ကုန်သည်ကြီးက ‌ငွေမချ‌ပေးသဖြင့် သစ်ထုတ်လုပ်မှု ရပ်ဆိုင်း‌နေရသည်မှာ နှစ်လနီးပါးရှိ‌နေပြီဖြစ်‌ကြောင်း သစ်လုပ်ငန်းရှင်များက ‌ပြောသည်။
ဘုရားသုံးဆူမြို့ရှိ သစ်လုပ်ငန်းရှင်တဦးကလည်း “သူ‌ဌေးကြီးက ‌ငွေမချ‌ပေးတာ တလ နှစ်လနီးပါး‌လောက် ရှိပြီ။ အခုဆိုရင် သစ် လုပ်ငန်းရှင်ကြီး တ‌ယောက်နှစ်‌ယောက်‌လောက်ပဲ ကျန်မယ်။ လုပ်ငန်းရှင်အငယ်‌တွေဆို တစ်ကားနှစ်‌ကောင်း‌ရောင်းပြီး လုပ်ငန်းရပ် လိုက်ပြီ။ ဒီ‌ကေဘီ‌အေနဲ့ ‌ကေပီအက်ဖ်အဖွဲ့လည်း သူတို့ဖာသာ သူတို့ ထလုပ်ကြတယ်။ ‌ကေအဲန်ယူရဲ့ မိသားဝင်အချို့လည်း ကား နဲ့ ‌လေး၊ ငါး၊ ဆယ်စီးစာ ‌ရောင်းလို့ ဆီဖိုး၊ ဆားဖို့ရရင် သူတို့ နားလိုက်တယ်။ အဲလိုပဲ လုပ်‌နေကြတယ်”ဟု ‌ပြောသည်။၎င်းအပြင် ထို‌ဒေသရှိ သစ်‌တောကြိုးဝိုင်းထဲကို ကြာအင်းဆိပ်ကြီးမြို့ရှိ မြန်မာသစ်ကုန်သည်ကြီးများက ၎င်းတို့အစီအစဉ်ဖြင့် သွား ‌ရောက်လုပ်ကိုင်‌နေကြ‌သော်လည်း အခုချိန်တွင် အလုပ်ရပ်ဆိုင်းလိုက်ရပြီဟု အဆိုပါ သစ်လုပ်ငန်းရှင်က ‌ပြောသည်။

အလားတူ အမည်မ‌ဖော်လိုသူ တခြားသစ်လုပ်ငန်းရှင်တဦးကလည်း “ထိုင်းသူ‌ဌေးကြီး‌တွေက ‌ငွေမချ‌ပေးတဲ့အခါကျ‌တော့ သူ့အ ဆက်နဲ့ သူ့အဆက်နဲ့ ဘုရားသုံးဆူမှာရှိတဲ့ ပရိ‌ဘောဂဆိုင်‌တွေထဲမှာ နည်းနည်းပါးပါး လိုက်လည်‌နေရတာ‌ပေါ့”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဘုရားသုံးဆူမြို့၌ သစ်လာဝယ်‌သော (စီယာဟုတ်) ထိုင်းသစ်ကုမ္ပဏီကြီးသည် လွန်ခဲ့သည့် ၂လခန့်က ထိုင်းနယ်စပ် မဲ‌ဆောက်မြို့ တွင် ဒီ‌ကေဘီ‌အေ၏ အကျိုးတူစီးပွားဖက်တို့နှင့် သစ်လုပ်ငန်း တွဲလုပ်ရာမှ ‌ငွေ‌မြောက်များစွာ ရှုံးနိမ့်‌သော‌ကြောင့် ‌ငွေမချ‌ပေးနိုင် ခြင်းဖြစ်‌ကြောင်း ဘုရားသုံးဆူမှ သစ်လုပ်ငန်းရှင်ကြီးများက ‌ပြောသည်။

ဘုရားသုံးဆူနယ်‌မြေတွင် ပိ‌တောက်နှင့် ပျဉ်းကတိုးသစ်များကို သစ်လုပ်ငန်းရှင်တို့က အဓိက ထုတ်လုပ်‌ရောင်းဝယ်လျှက်ရှိပြီး ယခင်က သစ်မာတစ်တန်လျှင် ထိုင်းဘတ် တစ်‌သောင်း‌ကျော်ရှိခဲ့‌သော်လည်း လက်ရှိအချိန်တွင် ထိုင်းဘတ် (၉)‌ထောင်ခန့်သာ ရှိသည်ဟု သစ်လုပ်ငန်းရှင်များက ‌ပြောသည်။

လွန်ခဲ့သည့် ၂၀၀၉ခုနှစ် ဒီဇင်ဘာလတွင် ဘုရားသုံးဆူမြို့နယ်ခွဲ မဲ့ကသာဂွင်၌ သစ်ထုတ်လုပ်‌နေ‌သော သစ်လုပ်ငန်းရှင်များသည် နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့အချို့၏ အခွန်တိုး‌တောင်းလာမှုတို့‌ကြောင့် အမြတ်အစွန်းမရှိဘဲ ဖြစ်ခဲ့သည်။

ဘုရားသုံးဆူဂွင်တွင် လွန်ခဲ့သည့် နှစ်အ‌တော်များများကပင် သစ်လုပ်ငန်းနှင့် ရာဘာလုပ်ငန်းကို အဓိက စီးပွား‌ရေးလုပ်ငန်းအဖြစ် ‌ဒေသခံများနှင့် အခြား‌ဒေသမှ ကုမ္ပဏီအချို့က လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။