Home ကဗျာ တိုက်ပွဲ‌ခေါ်သံ

တိုက်ပွဲ‌ခေါ်သံ

1624
လကင်္ာဒီပ

ရဲ‌ဘော်……..
ဇွဲ‌ကောင်းလိုက်ကြတာ
မွန်ဂို သဲ‌ချောင်းက လာကြတယ်
နယ်‌မြေ‌တွေ ‌ရေကြည်ရာမြက်နုရာ
ရှာ‌ဖွေလာ လမ်းတ‌လျှောက်
သံ‌ပေါက်ကဗျာများ ထားခဲ့ကြတယ်
ဇွဲကပင်‌တောင်က သက်‌သေ‌ပေါ့ကွယ်။

ရဲ‌ဘော်……..
ကိုးမြစ်ဝှမ်းဆင်း၊ သံလွင်မင်းအပြင်
တနသင်္ာ၊ ဧရာ
ဥဿာပဲခူး(ဂိုး)၊ ဒီစည်းရိုးဟာ
ကိုးဒီ‌သွေးများကမ္ဘာ
ဒီ‌မြေ‌နေရာ တို့သာသခင်
အမှန်မြင်တတ်ကြ‌စေ။

ရဲ‌ဘော်……..
မတရားတဲ့ ပ‌ဒေသရာဇ်
မတရားတဲ့ အ‌ခြေအမြစ်မဲ့‌တွေ
မတရားတဲ့ မဟာရူး‌တွေ‌ကြောင့်
သမိုင်း‌နှောင့် သမိုင်း‌ပျောက်
မီး‌တောက်‌တွေ ‌ဝေ‌နေကြတုန်း ။

ရဲ‌ဘော်……..
ငါတို့မရိုင်းဘူး မရိုင်းဘူး
သမိုင်းအရ ‌ပြောတာပါ။
‌ခေတ်အဆက်ဆက် တုံ့မပြန်ခဲ့
‌ခေတ်အဆက်ဆက် ငုံ့ခံခဲ့ကြတာ
စာနာမှု ‌ရှေ့တန်းတင်
ညှာတာမှု ‌ရှေ့တန်းတင်
ညီအစ်ကိုပင် သ‌ဘောထားခဲ့ကြလည်း ။

ရဲ‌ဘော်……..
စုတ်‌လေ စုတ်‌လေ ငတ်မ‌ပြေ
ဖုတ်တ‌စ္ဆေ အာဏာရူးများ
လူပါးဝ နအဖ ငမိုက်င‌ပေ
အမြင်မှန်‌တွေ ဆိုက်‌စေဖို့
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။