Home ထိပ်တန်းသတင်း စခန်းသစ်‌ဆောက်လုပ်ရန် ရွာသားများ လုပ်အားခိုင်းခံရ

စခန်းသစ်‌ဆောက်လုပ်ရန် ရွာသားများ လုပ်အားခိုင်းခံရ

1339
ဧပြီလ ၁၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ) တပ်မဟာ(၉၉၉) လက်‌အောက်ခံ တပ်ရင်း(၇) လှုပ်ရှားတပ်သည် ၎င်းတို့၏ ‌စေဖိုးလူတပ်စခန်းသစ် ‌ဆောက်လုပ်‌ရေးအတွက် ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ မယ်ကဲရွာသား များကို ယ‌နေ့ အတင်းအဓမ္မ လုပ်အား‌ပေးခိုင်း‌နေ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

အဆိုပါ ဒီ‌ကေဘီ‌အေ တပ်ရင်း(၇)မှ တပ်ခွဲမှူး ဗိုလ်ကြီး‌စော‌ကျော်‌ရွှေ ဦး‌ဆောင်၍ မယ်ကဲရွာမှ တအိမ်လျှင် အရှည် ၅‌တောင်ရှိ ဝါးအခြမ်း ၂၀ဝနှင့် အရှည် ၁၀‌တောင်ရှိ ဝါးလုံး ၅‌ချောင်းစီ ခုတ်ခိုင်းပြီး ယ‌နေ့ ည‌နေ ၄းဝဝနာရီတွင် ၎င်းတို့တပ်စခန်းသို့ အ‌ရောက်ပို့‌ပေးရမည်ဖြစ်‌ကြောင်း ထိုနယ်‌မြေအတွင်း လှုပ်ရှား‌နေသည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေ အဲန်အယ်လ်‌အေ) တပ်မှူးတဦးက ‌ပြောသည်။

‌ကေအဲန်အယ်လ်‌အေ အမှတ်(၂)ဂွင် ရုံးထိုင်မှူး ‌စော‌ဝေ့က “ဒီ‌ကေဘီ‌အေ‌တွေက‌တော့ ရွာသား‌တွေကို ဒီလိုမျိုး ခိုင်း‌နေကျပဲ ‌လေ။ ‌လော‌လောဆယ်‌တော့ ဝါးခုတ်ခိုင်းတာပဲ ရှိတယ်။ စခန်းကို‌တော့ ဘယ်အချိန်မှ ‌ဆောက်ခိုင်းဦးမလဲ‌တော့ မသိဘူး။ ရွာ သား‌တွေက သူတို့ ဒီလို အခိုင်းခံရတဲ့အတွက် သူတို့ကိုယ်ပိုင်အလုပ်‌တွေ အ‌တော်ထိခိုက်တယ်လို့ ကျ‌နော်တို့ သိရတယ်”ဟု ဆိုသည်။

၎င်းဒီ‌ကေဘီ‌အေ တပ်ဖွဲ့အ‌နေဖြင့် ‌စေဖိုးလူ တပ်စခန်းသစ်ကို ယခုလအတွင်း စတင် တည်‌ဆောက်သွားမည်ဟု သိရ‌သော် လည်း ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉) တပ်ရင်း(၇)မှ ဗိုလ်မှူးတဦးကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ တစုံတရာ မသိရ ‌ကြောင်း တုန့်ပြန်‌ပြောဆိုခဲ့သည်။

မယ်ကဲရွာသည် ပို‌ပေါ့‌လေး၊ မယ်လာ့အားခီး၊ မယ်လာ့အားထာ့ရွာများနှင့် နီးကပ်လျှက်ရှိပြီး အသစ်‌ဆောက်လုပ်မည့် ‌စေဖိုးလူ စခန်းနှင့် ‌ခြေလျင်ခရီးသွားလျှင် (၁)နာရီ‌ကျော် ကြာမြင့်သည်ဟု သိရသည်။

ပိုင်ကျုံမြို့နယ်၊ ဝါ့မီကလား‌ကျေးရွာအုပ်စုတွင် ပါဝင်သည့် အိမ်‌ခြေ ၃ဝခန့်ရှိ မယ်ကဲရွာသည် ပြီးခဲ့သည့် ၂၀၀၉ခုနှစ်၊ ဇွန်လ၌ နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်များက ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေ တပ်မဟာ(၇)ကို လာ‌ရောက်တိုက်ခိုက်ခဲ့စဉ်ကလည်း အလားတူ လုပ်ရပ်မျိုး ခိုင်း‌စေခံခဲ့ရသည်ဟု သိရသည်။

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း၌ ဒီ‌ကေဘီ‌အေ တပ်မဟာ(၃၃၃)၊ (၅၅၅)၊ (၉၉၉)၊ လက်‌အောက်ခံတပ်ရင်းများနှင့် ‌ကေအဲန်ယူ တပ်မဟာ(၇) လက်‌အောက်ခံတပ်ရင်းများအပြင် နအဖ စကခ(၁၉)နှင့် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် လက် ‌အောက်ခံတပ်ရင်းများ လှုပ်ရှားလျှက်ရှိသည်။