Home သတင်း နိုင်ငံတကာ အမျိုးသမီးများ‌နေ့ ဒဗလျူအယ်လ်ဘီ ‌ကြေညာချက်ထုတ်ပြန်

နိုင်ငံတကာ အမျိုးသမီးများ‌နေ့ ဒဗလျူအယ်လ်ဘီ ‌ကြေညာချက်ထုတ်ပြန်

1816
မတ်လ ၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကမ္ဘာတဝှမ်းရှိ အမျိုးသမီးများ၏ဘဝ ဘက်စုံတိုးတက်မြင့်မား‌ရေးနှင့် အမျိုးသမီးများအ‌ပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံ၊ ဖိနှိပ်မှု များအားလုံး အဆုံးသတ်နိုင်‌ရေးတို့အတွက် ၂၀၁ဝခုနှစ်၊ မတ်လ ၈ရက်‌နေ့၌ ကျ‌ရောက်‌သော နိုင်ငံတကာအမျိုးသမီးများ‌နေ့တွင် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (ဒဗလျူအယ်လ်ဘီ)က ‌ကြေညာချက်တ‌စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်‌ကြေညာချက်နှင့် ပတ်သက်၍ ဒဗလျူအယ်လ်ဘီ၏ သဘာပတိအဖွဲ့ဝင် နန်းဒါးအဲ့ကလယ်က “ဒီက‌နေ့ ကမ္ဘာမှာ ကြည့်လိုက်ရင် အမျိုးသမီး‌တွေဟာ ဖိနှိပ်ချုပ်ချယ်မှု‌တွေ ‌နေရာအ‌တော်များများမှာ ရှိ‌နေတုန်းပဲ။ ဒါ‌ကြောင့် ဒီလို‌နေ့ အခါသမယမှာ နိုင်ငံတကာမှာရှိတဲ့ အမျိုးသမီး‌တွေအ‌ပေါ် အကြမ်းဖက်တာကို ရပ်တန့်ကြဖို့ မီး‌မောင်းထိုးပြချင်လို့နဲ့ အမျိုးသမီးအားလုံးကို ဂုဏ်ပြု တဲ့အ‌နေနဲ့ ဒီ‌ကြေညာချက်ကို ကျမတို့ ထုတ်ပြန်တာပါ”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

“စစ်အစိုးရအုပ်ချုပ်‌နေတဲ့ ကျမတို့နိုင်ငံမှာ‌တော့ ပြည်တွင်း‌ရော၊ နယ်စပ်မှာပါရှိတဲ့ အမျိုးသမီး‌တွေကို မတူကွဲပြားတဲ့ အကြမ်းဖက်မှု ခံ‌နေရဆဲပါ။ အထူးသဖြင့် စစ်အစိုးရတပ်ဖွဲ့ ထိုးစစ်ဆင်‌နေတဲ့ လူနည်းစု တိုင်းရင်းသား ‌နေရာ‌ဒေသနဲ့ နယ်စပ်‌ဒေသ‌တွေမှာဆိုရင် အမျိုးသမီး‌တွေဟာ စစ်တပ်အတွက် ရိက္ခာသယ်‌ပေး၊ စခန်း‌ဆောက်‌ပေး စတဲ့ အဓမ္မခိုင်း‌စေမှု‌တွေ ခံ‌နေရတဲ့အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနဲ့ သတ်ဖြတ်ခံရမှုလည်း ခံ‌နေရတယ်။ ဒီလို ရာဇဝတ်မှု ကျူးလွန်‌နေတဲ့ စစ်အစိုးရကို နိုင်ငံတကာခုံရုံး တင်နိုင်ရင် ‌ကောင်းတယ်”ဟု သူမက ဆက်လက် ‌ပြောဆိုသည်။

စစ်အစိုးရသည် ဥပ‌ဒေနှင့် မညီညွှတ်ဘဲ ‌နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ အယူခံလွှာ ကို ဗဟိုတရာရုံးမှ ပယ်ချလိုက်ခြင်း၊ ‌ဒေါ်‌အောင်ဆန်းစုကြည် လွတ်‌မြောက်‌ရေးအတွက် ‘အဂင်္ါ‌နေ့’ဆု‌တောင်းပွဲ ဦး‌ဆောင်သူ ‌နော် အုန်းလှ အပါအဝင် အမျိုးသမီးများကို မတရား‌ထောင်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းကျခံ‌နေရသူ ‌ဒေါ်ဝင်းမြမြပိုင် အထည်ဆိုင်ကို ‌လေ လံတင်‌ရောင်းချခဲ့ခြင်း၊ အခြား အထိန်းသိမ်းခံ နိုင်ငံ‌ရေးအကျဉ်းသူများကို မိသားစုနှင့်‌ဝေး‌သော အကျဉ်း‌ထောင်များသို့ ပို့‌ဆောင် ခြင်း စသည့်လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် ၎င်းတို့‌ရေးဆွဲထား‌သော ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းမည့် ၂၀၁ဝ ‌ရွေး‌ကောက် ပွဲသည် ဟန်ပြသက်သက်သာဖြစ်‌ကြောင်းလည်း ဒဗလျူအယ်လ်ဘီ၏ ထုတ်ပြန်ချက်တွင် ‌ရေးသားထားသည်။

ထို့အပြင် ယခုရက်ပိုင်းတွင် အလုပ်သမားများ ပုံမှန်လစာ အလုံအ‌လောက်ရှိ‌ရေး ရန်ကုန်တိုင်းရှိ စက်ရုံအလုပ်ရုံများမှ အမျိုးသမီး များ ဦး‌ဆောင်သည့် ဆန္ဒပြပွဲများတွင် စစ်အစိုးရ လုံထိန်းရဲများ သွား‌ရောက်‌စောင့်ဆိုင်းခြင်းမှာ အလုပ်ရှင်များ ဂုတ်‌သွေးစုပ် အ မြတ်ထုတ်မှုများ ပိုမိုဖြစ်‌ပေါ်‌အောင် အား‌ပေးရာ‌ရောက်ပြီး အမျိုးသမီးများအ‌နေဖြင့် မတရားအာဏာဟူသမျှ ဖီဆန်ကြရန် ‌ကြေညာ ချက်ထဲတွင် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် အထိမ်းအမှတ်လှုပ်ရှားမှုများကို ကျင်းပပြုလုပ်ခွင့် မရသည့်အပြင် စစ်အစိုးရအ‌နေဖြင့် အမျိုးသမီးအခွင့်အ‌ရေးများ ကို ကာကွယ်‌စောင့်‌ရှောက်၍ မြှင့်တက်‌ဆောင်ရွက်မည်ဟု သ‌ဘောတူ လက်မှတ်ထိုးထား‌သော နိုင်ငံတကာဥပ‌ဒေဖြစ်သည့် စီ‌ဒေါ စာချုပ်ကို ချိုး‌ဖောက်ကာ အကြမ်းဖက်မှုများကို နည်းမျိုးစုံဖြင့် ‌နေရာအနှံ့တွင် ကျူးလွန်လျှက်ရှိ‌ကြောင်းလည်း ‌ဖော်ပြထားသည်။

အမျိုးသမီးများအ‌ပေါ် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု ကျူးလွန်‌နေသည့် မြန်မာစစ်အစိုးရကို နိုင်ငံတကာ ခုံရုံးတင်အ‌ရေးယူသင့် ‌ကြောင်း မတ်လ ၄ရက်‌နေ့တွင် နိုဘဲလ်ငြိမ်းချမ်း‌ရေးဆုရှင် ရှီရင်းအီဘာဒင် (Shirin Ebadin)နှင့် ဂျိုဒီဝီလီယမ်စ် (Jody Williams) အပါအဝင် ဒဗလျူအယ်လ်ဘီ အမျိုးသမီးကိုယ်စားလှယ်များက ကုလသမဂ္ဂ အတွင်း‌ရေးမှူးချုပ် ဘန်ကီမွန်းနှင့် နယူး‌ယော့ခ်မြို့၌ ‌တွေ့ဆုံခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်က နိုင်ငံတကာ အမျိုးသမီးများ‌နေ့ကို ၁၉၇၅ ခုနှစ်၊ မတ်လ ၈ ရက်‌နေ့တွင် စတင်သတ်မှတ်ကာ ထို‌နေ့ ကို အစွဲပြု၍ ကမ္ဘာတဝှမ်းရှိ နိုင်ငံများက နှစ်စဉ် ဂုဏ်ပြုအခမ်းအနားများကို ယ‌နေ့အထိ ကျင်းပလာခဲ့ကြသည်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)သည် အမျိုးသမီးများ၏ အဆင့်အတန်းတိုးတက်မြင့်မားလာ‌ရေးနှင့် အရည်အချင်းပြည့်ဝ‌စေ ‌ရေးအတွက် ရည်ရွယ်၍ ၁၉၉၉ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်၌ ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် ဖွဲ့စည်းတည်‌ထောင်ခဲ့ပြီး လက်ရှိအ ချိန်တွင် အဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်း (၁၃)ဖွဲ့ရှိသည်။