Home ထိပ်တန်းသတင်း ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဩစ‌တြေးလျား‌ရောက် မြန်မာဒီမိုက‌ရေစီအင်အားစု ကန့်ကွက်ဆန္ဒပြ

၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဩစ‌တြေးလျား‌ရောက် မြန်မာဒီမိုက‌ရေစီအင်အားစု ကန့်ကွက်ဆန္ဒပြ

1709
မတ်လ ၃၁ရက်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်သည့်အ‌နေဖြင့် ဩစ‌တြေးလျား‌ရောက် ဒီမိုက‌ရေစီအင်အားစုများ၊ တိုင်းရင်းသားများနှင့် ABSDF ‌ကျောင်းသားရဲ‌ဘော်များ စု‌ပေါင်းပြီး ယ‌နေ့ ‌နေ့လည် ၁၂နာရီမှ မွန်းလွဲ ၂နာရီခွဲအထိ Camberra မြို့ရှိ မြန်မာသံရုံး ‌ရှေ့၌ အပြင်းအထန် ဆန္ဒပြခဲ့ကြသည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(လွတ်‌မြောက်နယ်‌မြေ)၊ ကရင်အမျိုးသားအစည်းအရုံး၊ မွန်တိုင်းရင်းသားအဖွဲ့၊ ရှစ်‌လေးလုံး ‌ကျောင်းသား‌ဟောင်းများအဖွဲ့၊ ဒီမိုကရက်တစ်‌ကျောင်းသားတပ်‌ပေါင်းစု (ABSDF) ရဲ‌ဘော်များ၊ မြန်မာလူမျိုးစုမြန်မာ့အသံနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်များ စုစု‌ပေါင်း ၄၀‌ကျော် လာ‌ရောက်ဆန္ဒပြခဲ့ကြပြီး နအဖ စစ်အုပ်စု၏ တဖက်သတ် ‌ရေးဆွဲထား ‌သော ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် ပြုလုပ်မည့် အတုအ‌ယောင် ၂၀၁၀‌ရွေး‌ကောက်ပွဲကို ချက်ချင်း ရပ်ဆိုင်း‌ပေးရန် ‌တောင်းဆိုထားသည်။

ဆန္ဒပြပွဲတွင် ပါဝင်သည့် မန္တ‌လေးတိုင်း၊ အ‌ရှေ့‌မြောက်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ လွှတ်‌တော်အမတ် ဦး‌မောင်‌မောင်‌အေး က “၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို မပါဝင်‌ရေး၊ မှတ်ပုံမတင်‌ရေး ဆုံးဖြတ်ချက်များ ချမှတ်ထားပြီး ‌ရွှေဂုံတိုင်‌ကြေညာစာတမ်းကို လက်ကိုင်ထားတဲ့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ရဲ့ သ‌ဘောထားအတိုင်း ဩစ‌တြေးလျား‌ရောက် အင်အားစု‌တွေကလည်း ရပ် တည်သွားကြမယ်။ ‌ရှေ့ဆက်ပြီး‌တော့ နအဖရဲ့လုပ်သမျှကို ‌ခေါင်းငုံ့ခံ‌တော့မှာ မဟုတ်‌တော့ပါဘူး။ နအဖကို နည်းလမ်း‌ပေါင်းစုံ နဲ့ ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားမယ်။ နအဖရဲ့‌ဖောက်ပြန်တဲ့ ‌ရွေး‌ကောက်ပွဲကိုလည်း ရှုတ်ချပါတယ်”ဟု မြန်မာသံရုံး‌ရှေ့ တွင် ‌ပြောကြားသွားခဲ့သည်။

ယ‌နေ့ ဆန္ဒပြပွဲတွင် ၂၀၀၈ အ‌ခြေခံဥပ‌ဒေနှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲဥပ‌ဒေကို သပိတ်‌မှောက်‌ကြောင်း၊ ‌ရွှေဂုံတိုင်‌ကြေညာစာ တမ်းကို ‌လေးစားသင့်‌ကြောင်း စသည့်စာတမ်းပိုစတာ ကိုင်‌ဆောင်ကာ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်‌ရေးတို့အတွက် ‌တောင်းဆိုခဲ့ကြသည်။

၎င်းအပြင် ရှစ်‌လေးလုံး ‌ကျောင်းသား‌ဟောင်းများအဖွဲ့မှ ကိုတင်‌မောင်ဝင်းကလည်း မြန်မာသံရုံးဝန်ထမ်းများအား ပြည်သူ့ဝန် ထမ်းများ ဖြစ်သည့်အတွက် ပြည်သူကို ငဲ့ညှာစာနာသည့်အ‌နေဖြင့် အရာရာကို ရိုးသားပွင့်လင်းစွာ ပြုလုပ်သင့်‌ကြောင်း ‌ပြော ကြားခဲ့သည်။

“တိုင်းရင်းသားအင်အားစု‌တွေကလည်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ရဲ့နည်းတူ အခု နအဖ ကျင်းပမဲ့ ‌ရွေး‌ကောက်ပွဲကို ဆန့် ကျင်‌နေမယ်ဆိုတာကို ‌ပြောချင်တယ်။ ဒီ‌ရွေး‌ကောက်ပွဲဟာ စစ်အစိုးရသက်ဆိုးရှည်မဲ့အပြင် တိုင်းရင်းသားအားလုံးကို ထာဝရ ကျွန်ပြုမဲ့ ‌ရွေး‌ကောက်ပွဲဖြစ်တဲ့အတွက်‌ကြောင့် တိုင်းရင်းသားတိုင်း နားလည်စာနာသ‌ဘော‌ပေါက်ပြီး ‌ရွေး‌ကောက်ပွဲကို မပါဝင် ကြဖို့နဲ့ သမိုင်းတရားခံ‌တွေမဖြစ်ကြဖို့‌ပြောချင်ပါတယ်”ဟု ဆန္ဒပြပွဲလာ‌ရောက်သူ ‌စောဒါးဒါးက ‌ပြောသည်။

‌ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် မဟုတ်သည့်အတွက် ယ‌နေ့ပြုလုပ်သည့် ဆန္ဒပြပွဲသို့ လာ‌ရောက်ပါဝင်ဆင်နွဲသူ နည်းပါးသည်ဟု သိရသည်။