Home ထိပ်တန်းသတင်း ဝင်း‌ရေးမြို့နယ်မှ ‌ဒေသခံရွာသား (၃၀၀)‌ကျော် ဆု‌တောင်းပွဲပြုလုပ်

ဝင်း‌ရေးမြို့နယ်မှ ‌ဒေသခံရွာသား (၃၀၀)‌ကျော် ဆု‌တောင်းပွဲပြုလုပ်

2399
မတ်လ ၁၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာနိုင်ငံအတွင်း နအဖ စစ်တပ်တို့၏ ဖိနှိပ်မှုကို ခံ‌နေရ‌သော တိုင်းရင်းသားများအားလုံး လွတ်‌မြောက်‌ရေးအတွက် ရည်စူး၍ ကရင်ပြည်နယ်၊ ဝင်း‌ရေးမြို့နယ်ရှိ ‌ကျေးရွာ(၁၀)ရွာမှ ‌ဒေသခံရွာသား‌ပေါင်း (၃၀၀)‌ကျော်စု‌ပေါင်းပြီး ယ‌နေ့ည‌နေ ၇းဝဝနာရီအ ချိန်တွင် ဆု‌တောင်းပွဲတရပ် ပြုလုပ်ခဲ့သည်ဟု ‌ကေအိုင်စီက သတင်းရရှိသည်။

ဆု‌တောင်းပွဲတွင် ပါဝင်‌သော ‌ဒေသခံရွာသားတဦးက “စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံ‌နေရတဲ့ ရွာသား‌တွေဟာ နအဖ စစ် တပ်ရဲ့ ဖိနှိပ်မှုကို ခံရလို့ ‌တောထဲ‌တောင်ထဲ ထွက်‌ပြေးလိုက်၊ ပုန်း‌ရှောင်လိုက်နဲ့ နှစ်‌ပေါင်းကလည်း ကြာလာပါပြီ။ အဲသလိုပဲ စစ် အာဏာရှင်ရဲ့လက်‌အောက်မှာ ကျ‌နော်တို့လိုပဲ ဘဝတူ တိုင်းရင်းသား‌တွေအားလုံး ငြိမ်းချမ်းမှု‌တွေ ရရှိပါ‌စေဆိုပြီး‌တော့ ဆု ‌တောင်းပွဲကို ကျင်းပရတာပါ”ဟု ‌ပြောသည်။

“အခုထိ ကျ‌နော်တို့‌တွေ နအဖ စစ်တပ်ရဲ့ ဖိနှိပ်မှု‌အောက်က‌နေ မလွတ်‌မြောက်‌သေးပါဘူး။ နအဖက ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ ကျင်းပမယ်လို့ ကျ‌နော်တို့ ကြားရတယ်။ ဒီ‌ရွေး‌ကောက်ပွဲဟာလည်း ကျ‌နော်တို့အတွက် ဘာမှ ထူးလာမှာ မဟုတ်ဘူး။ စစ်ကို ကျ‌နော်တို့ မလိုလားဘူး။ ‌အေး‌အေး‌ဆေး‌ဆေးပဲ လုပ်ကိုင်စား‌သောက်ချင်တယ်”ဟု သူက ဆက်လက်‌ပြောဆိုသည်။

ဆု‌တောင်းပွဲသို့ လာ‌ရောက်ကြသည့် ‌ကျေးရွာ‌ဒေသခံများသည် မီးထွန်းညှိထားသည့် ဖ‌ယောင်းတိုင်များကို ကိုယ်စီကိုင်‌ဆောင် ကာ မိမိယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် စသည့် ဘာသာအလိုက် ဆု‌တောင်းခဲ့ကြသည်ဟု အဆိုပါ ‌ဒေသခံရွာ သားက ‌ပြောသည်။

ကရင်ပြည်နယ်၊ ဝင်း‌ရေးမြို့နယ်အတွင်းတွင် ‌ကျေးရွာသူ၊ ရွာသားများစု‌ပေါင်း၍ ယခုလို ဆု‌တောင်းပွဲမျိုးကို ကျင်းပပြုလုပ်သည် မှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။