Home ထိပ်တန်းသတင်း မြန်မာစစ်အစိုးရကို ပိုမိုဖိအား‌ပေးသွားမည်ဟု ဘယ်လ်ဂျီယမ် လွှတ်‌တော်အမတ်‌ပြော

မြန်မာစစ်အစိုးရကို ပိုမိုဖိအား‌ပေးသွားမည်ဟု ဘယ်လ်ဂျီယမ် လွှတ်‌တော်အမတ်‌ပြော

2636
မတ် ၂၅ရက်၊ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

၂၀၁ဝ ‌ရွေး‌ကောက်ပွဲ မတိုင်ခင် မြန်မာစစ်အစိုးရကို ထိ‌ရောက်သည့် ဖိအား‌ပေးမှုများ ပိုမိုလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ထိုင်း-မြန်မာနယ်စပ်သို့ ‌ရောက်ရှိလာသည့် ဘယ်လ်ဂျီယံနိုင်ငံ ပါလီမန်လွှတ်‌တော်အမတ်များက ယ‌နေ့ ‌ပြောဆိုလိုက်သည်။

ဘယ်လ်ဂျီယမ် လွှတ်‌တော်အမတ် (Karin Lalieux (Socialist Party)နှင့် Julielte Boulet (Greens Party) တို့နှစ်ဦးသည် ပြည်‌ထောင်စု မြန်မာနိုင်ငံ အမျိုးသား‌ကောင်စီ(အဲန်စီယူဘီ)နှင့် ယ‌နေ့ ‌တွေ့ဆုံပြီး‌နောက် ထိုသို့ ‌ပြောကြားလိုက်ခြင်းဖြစ်သည်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဆိုရှယ်လစ်ပါတီ လွှတ်‌တော်အမတ်ဖြစ်သူ Karin Lalieux က “ကျမတို့အ‌နေနဲ့ မြန်မာစစ်အစိုးရကို ဒီ (Sanction) ပိုင်းမှာ‌ကော၊ Pressure ပိုင်း‌ကော ပိုပြီးကြိုးစားပါ့မယ်။ ပိုပြီးဖိအား‌ပေးမြှင့်တင်သွားမယ်။ အဲသလိုမျိုး လုပ်‌ဆောင် သွားမယ်ဆိုရင် ဒီ‌ရွေး‌ကောက်ပွဲမတိုင်ခင် အ‌ပြောင်းအလဲအတွက် အကျိုးဖြစ်လာနိုင်တယ်။ ဒါ‌ကြောင့် ကျမတို့အ‌နေနဲ့ ကြိုးပမ်း ‌ဆောင်ရွက်သွားမယ်”ဟု ထိုင်းအ‌ခြေစိုက် မြန်မာသတင်း‌ထောက်များကို ‌ပြောကြားသည်။

၎င်းအပြင် မြန်မာပြည်တွင်း၌ လှုပ်ရှား‌နေသည့် အတိုက်အခံ နိုင်ငံ‌ရေးသမားများအ‌နေဖြင့်လည်း အားငယ်စရာ မလို‌ကြောင်း ဘယ်လ်ဂျီယမ်အစိုးရက ၎င်းတို့ဘက်မှာ အမြဲတမ်းရပ်တည်‌ပေး‌နေ‌ကြောင်း အဆိုပါအမျိုးသမီး လွှတ်‌တော်အမတ်နှစ်ဦးက ‌ပြောသည်။

ယ‌နေ့ အဲန်စီယူဘီနှင့် ‌တွေ့ဆုံမှုတွင် နအဖစစ်အစိုးရအား လက်‌တွေ့ကျသည့် စီးပွား‌ရေး ပိတ်ဆို့မှုဖြင့် ‌ရွေး‌ကောက်ပွဲ မတိုင် ခင် အတိုက်အခံများနှင့် နအဖစစ်အစိုးရကြား ‌စေ့စပ်‌ဆွေး‌နွေးပွဲဖြစ်‌စေ‌ရေး ဘယ်လ်ဂျီယမ် အစိုးရအ‌နေဖြင့် လုပ်‌ဆောင်‌ပေး ရန် ‌တောင်းဆိုထားသည်ဟု (အဲန်စီယူဘီ) အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်က ‌ပြောသည်။

၎င်းက “ဖိအား‌ပေးဆိုရင် ဘယ်သူမှ ဖိအားမ‌ပေးဘူး၊ အ‌မေရိကန်ကလွဲရင်‌ပေါ့။ ဥ‌ရောပက‌နေပြီး‌တော့ (Sanction) ဆိုတာ ရှိ တယ်လို့ ‌ပြော‌ပေမယ့် အခုထက်ထိ ကုန်‌တွေသွား‌နေ‌သေးတယ်ဗျ။ ဆို‌တော့ သွင်းကုန်ထုတ်ကုန် သွား‌နေ‌သေးသ‌ရွေ့ ဖိအား ‌ပေးဖို့ ‌တောင်းဆိုတဲ့လူ‌တွေက နာမည်ပျက်ရုံသက်သက်ပဲ ရှိတယ်။ တကယ်ဖိအား‌ပေးတာက မရှိဘူး။ အီးယူဆုံးဖြတ်ချက်ထဲ မှာ ပါတယ်။ (Financial Survives) ‌ငွေ‌ရေး‌ကြေး‌ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်း‌တွေ ပိတ်ပင်မယ်ဆိုလို့ရင် ဒါမှ တကယ့် ဖိအား ‌ပေါ်လာမယ်ဆိုတဲ့ဟာမျိုး လုပ်ဖို့သင့်တယ်ဆိုတာ ကျ‌နော်က ‌ဆွေး‌နွေးလိုက်တယ်”ဟု ‌ပြောသည်။

လာမည့်နှစ်ကုန်ပိုင်းတွင် ဘယ်လ်ဂျီယမ်အစိုးရက အီးယူ ဥက္ကဌရာထူးကို တာဝန်ယူရမည်ဖြစ်‌သော‌ကြောင့် မြန်မာ့အ‌ရေးနှင့် ပတ်သက်ပြီး စီးပွား‌ရေးပိတ်ဆို့မှုနှင့် ဖိအား‌ပေးမှုများ ဆက်လက်လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ၎င်းလွှတ်‌တော်အမတ်နှစ် ဦးက ‌ပြောသည်။

ဘယ်လ်ဂျီယမ် လွှတ်‌တော်အမတ်နှစ်ဦး၊ ဘားမားကဲန်ပိန်းအဖွဲ့ (NCUB)နှင့် ‌တွေ့ဆုံစဉ် (ဓါတ်ပုံ-KIC)

ယ‌နေ့ အဲန်စီယူဘီနှင့် ‌တွေ့ဆုံရာတွင် အဆိုပါ ဘယ်လ်ဂျီယမ် လွှတ်‌တော်အမတ်နှစ်ဦး အပါအဝင် ဘားမားကဲန်ပိန်း-ဘယ်လ် ဂျီယမ် အဖွဲ့ဝင်တဦး၊ ဘားမားကမ်းပိန်း(ယူ‌ကေ) ဒါရိုက်တာ Mark Farmner နှင့် ဘားမားကဲန်ပိန်း-ယူ‌ကေ၏ နိုင်ငံတကာ စည်းရုံးလှုံ့‌ဆော်‌ရေး တာဝန်ခံ နမ့်ဇိုယာဖန်းတို့ ပါဝင်သည်။

အဆိုပါလွှတ်‌တော်အမတ်နှင့် အဖွဲ့သည် မတ်လ(၂၂)ရက်‌နေ့တွင် ထိုင်းနိုင်ငံသို့‌ရောက်ရှိခဲ့ပြီး မတ်လ(၂၃)ရက်‌နေ့တွင် ဖာပွန် ခရိုင် (ဘူးသိုမြို့နယ်) သံလွင်မြစ်ကမ်းနံ‌ဘေး အူးဝဲကလိုးရှိ ပြည်တွင်းဒုက္ခသည်များ၏ အ‌ခြေအ‌နေများကို သွား‌ရောက်ကြည့် ရှု ‌လေ့လာခဲ့သည်။

ပြည်တွင်း ကရင်စစ်‌ပြေးဒုက္ခသည်များနှင့် သွား‌ရောက်‌တွေ့ဆုံခဲ့ပြီး‌နောက် မြန်မာပြည်သူများ၏ လက်ရှိ ရင်ဆိုင်ကြုံ‌တွေ့‌နေရ သည့် ဒုက္ခအခက်အခဲများကို ပါတီစုံ‌ဆွေး‌နွေးပွဲသို့ ချပြသွားမည်ဖြစ်ပြီး နိုင်ငံတကာမိသားစုကိုလည်း အသိ‌ပေးနှိုး‌ဆော်မှုများ လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ထိုလွှတ်‌တော်အမတ်နှစ်ဦးက ‌ပြောသည်။