Home ထိပ်တန်းသတင်း ‌ရွေး‌ကောက်ပွဲကို သာမန်ပြည်သူများ စိတ်မဝင်စား

‌ရွေး‌ကောက်ပွဲကို သာမန်ပြည်သူများ စိတ်မဝင်စား

1779
မတ်လ ၁၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

နအဖစစ်အစိုးရ ကျင်းပမည့် ၂၀၁၀‌ရွေး‌ကောက်ပွဲအတွက် နအဖက ‌ရွေး‌ကောက်ပွဲဥပ‌ဒေများ ထုတ်ပြန် ထားပြီး‌သော်လည်း ကရင်ပြည်နယ်အတွင်းရှိ သာမန်ပြည်သူများသည် ‌ရွေး‌ကောက်ပွဲထက် စားဝတ်‌နေ ‌ရေး‌လောက် စိတ်ပါဝင်စားမှုမရှိသည့် အ‌ခြေအ‌နေတွင် ရှိ‌နေသည်။

ကရင်ပြည်နယ်မှ ဖားအံ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး စသည့်မြို့နယ်များတွင် ‌ရွေး‌ကောက် ပွဲအ‌ကြောင်းအရာနှင့်ပတ်သက်ပြီး လုံးဝကို နားလည် သ‌ဘော‌ပေါက်မှုမရှိသည့်အပြင် စိတ်ဝင်စားမှု လုံးဝ မရှိ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

‌ကော့ကရိတ်မြို့နယ်မှ ကရင်ပြည်သူတဦးက “‌ရွေး‌ကောက်ပွဲလား၊ ဘာလား၊ ကျ‌နော်တို့ ဘာမှမသိဘူး။ ကျ‌နော်တို့သိတာက ထမင်းနပ်မှန်ဖို့အတွက်ပဲ။ အစိုးရက ဘာပဲလုပ်လုပ် ကြိုတင်အ‌ကြောင်းကြားတာ ဘာမှမရှိဘူး။ လွန်ခဲ့တဲ့ အ‌ခေါက်ကလည်း မဲထည့်လိုက်တာပဲ။ ဘာအတွက် ထည့်မှန်း‌တောင် အခုထက် ထိ ကျ‌နော်မသိဘူး”ဟု ‌ပြောသည်။

အလားတူ ဖားအံမြို့ခံတဦးကလည်း “ဒီ‌ရွေး‌ကောက်ပွဲကို စိတ်ဝင်စားတဲ့ လူက ခပ်ရှားရှားပဲ။ ဖားအံမှာဆို အစိုးရဝန်ထမ်းတို့၊ ‌ကျောင်းဆရာတို့ အငြိမ်းစားယူထားတဲ့လူ‌တွေပဲ စိတ်ဝင်စားကြတယ်။ သာမန်ပြည်သူ ‌တွေဆို ကိုယ်ဝမ်းစာအတွက်နဲ့ ဘာမှ စိတ်ဝင်းကြတာမဟုတ်ဘူး”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

လက်ရှိအချိန်တွင် ဖားအံမြို့အတွင်း သက်ဆိုင်ရာ ရပ်ကွက်လူကြီးများက ရှင်းလင်းချက် တစုံတရာ မရှိ ဘဲ သက်ဆိုင်ရာ ရပ်ကွက်အလိုက် အိမ်‌ထောင်စုစာရင်းများ လိုက်လံ‌ကောက်ခံ‌နေသည်ဟု ဖားအံမြို့ခံ များ၏ ‌ပြောပြချက်အရ သိရသည်။

ကရင်ပြည်သူများ ‌ရွေး‌ကောက်ပွဲကို စိတ်ဝင်စားမှုနည်းရခြင်းနှင့်ပတ်သက်၍ ‌ကေအဲန်ယူ ကရင်‌ခေါင်း ‌ဆောင်တဦးက “အခုချိန်မှာ စားဝတ်‌နေ‌ရေးထက် ပိုအ‌ရေးကြီးတာ ဘာမှမရှိဘူး။ ထိုနည်းတူစွာ ပြည်သူ ‌တွေလည်း အစိုးရက ဘာပဲလုပ်လုပ် သူတို့ဘာမှ စိတ်ဝင်စားမှာမဟုတ်ဘူး။ ဒီ‌ရွေး‌ကောက်ပွဲဟာ နအဖ စစ်အစိုးရ သက်ဆိုးရှည်ဖို့အတွက်ပဲ ဖြစ်တယ်ဆိုတာ ကရင်တိုင်းရင်းသားသာမက တခြားတိုင်းရင်းသား ‌တွေလည်း ကြိုသိတယ်။ ဒါ‌ကြောင့် သူတို့ ဂရုမစိုက်တာဖြစ်တယ်”ဟု ‌ပြောသည်။

နအဖ စစ်အစိုးရသည် မတ်လအတွင်း ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥပ‌ဒေကို ထုတ်ပြန်‌ကြေညာရာတွင် နိုင်ငံ ‌ရေးပါတီများ မှတ်ပုံတင်ခွင့်ကို ရက်‌ပေါင်း ၆ဝ သတ်မှတ်‌ပေးထားခဲ့သည့်အတွက် ‌ဒေါက်တာစိုင်မွန်သာ ပါဝင်သည့် ရန်ကုန်ရှိ ကရင်‌ခေါင်း‌ဆောင်တချို့သည် (Karen People Party-KPP) အမည်ဖြင့် ပါတီမှတ် ပုံတင်ကာ ‌ရွေး‌ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်‌ကြောင်း သတင်းများ ထွက်‌ပေါ်‌နေသည်။

၎င်းအပြင် ကရင်ပြည်နယ်အတွင်း ဘုရားကုန်းငြိမ်းချမ်း‌ရေးအဖွဲ့ ‌ခေါင်း‌ဆောင် ပဒို‌အောင်ဆန်းကလည်း ‌ရွေး‌ကောက်ပွဲဝင်ရန် အစီအစဉ်ရှိပြီး အချို့ကရင်‌ကျေးရွာများတွင် တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေး ပါတီ (တစည)က ပဒို‌အောင်ဆန်းအဖွဲ့ မ‌ကောင်း‌ကြောင်း လူထုကို လိုက်လံစည်းရုံး‌နေသည်ဟု နီးစပ်သူ များက ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)သည် နအဖ၏ ‌ရွေး‌ကောက်ပွဲကို သပိတ်‌မှောက်ဆန့်ကျင် သည့် အဖွဲ့အစည်းဖြစ်ပြီး ‌စောသုမူဟဲ ဦး‌ဆောင်သည့် ‌ဟောင်သ‌ရောကရင်ငြိမ်းချမ်း‌ရေးအဖွဲ့ (‌ကေပီအက် ဖ်)၊ ဗိုလ်မှူးချုပ်‌စောထင်‌မောင် ဦး‌ဆောင်သည့် ‌ကေအဲန်ယူ-‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီ နှင့် တိုးတက်‌သော ဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ)တို့ကလည်း ‌ရွေး‌ကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဟု သိရသည်။