Home ထိပ်တန်းသတင်း အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် နိုင်ငံ‌ရေးအကျဉ်းသားများ၏ အခန်းကဏ္ဍ AAPP အစီရင်ခံစာ ထုတ်ပြန်

အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် နိုင်ငံ‌ရေးအကျဉ်းသားများ၏ အခန်းကဏ္ဍ AAPP အစီရင်ခံစာ ထုတ်ပြန်

1500
မတ်လ ၂၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

“အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် နိုင်ငံ‌ရေး အကျဉ်းသားများ၏ အခန်းကဏ္ဍ” အမည်ရှိ အစီရင်ခံစာတအုပ်ကို နိုင်ငံ‌ရေး အကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း-မြန်မာနိုင်ငံ (‌အေ‌အေပီပီ-ဘီ)က ယ‌နေ့ ထုတ်ပြန်‌ကြေညာလိုက်သည်။

ထိုင်း-မြန်မာနယ်စပ်တ‌နေရာ၌ ကျင်းပပြုလုပ်သည့် ‌အေ‌အေပီပီ၏ (၁၀)နှစ်ပြည့် အခမ်းအနားတွင် အဂင်္လိပ်-မြန်မာနှစ်ဘာ သာဖြင့် ထုတ်‌ဝေသည့် အဆိုပါအစီရင်ခံစာနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ရာ ‌အေ‌အေပီပီ အတွင်း‌ရေး မှူး ကိုတိတ်နိုင်က အစီရင်ခံစာထုတ်ပြန်ရသည့် ရည်ရွယ်ချက်ကို ယခုလို ‌ပြောသည်။

၎င်းက “နအဖက မတရား အတည်ပြုထားတဲ့ ၂၀၀၈အ‌ခြေခံဥပ‌ဒေကို အသက်သွင်းဖို့ ကြံပြီး‌တော့ ဒီနှစ်အတွင်းမှာ ‌ရွေး ‌ကောက်ပွဲလုပ်မယ်လို့ ‌ကြေညာခဲ့တယ်။ အခု ထွက်ရှိလာတဲ့ ‌ရွေး‌ကောက်ပွဲ ဥပ‌ဒေ‌တွေထဲမှာ အဓိကအ‌ရေးကြီးဆုံးအချက်က ‌ရွေး‌ကောက်ပွဲအတွင်းမှာ နိုင်ငံ‌ရေးကျဉ်းသား‌တွေမပါရ အချက်ပဲဖြစ်ပါတယ်။ ဒီ့အပြင် သတ်မှတ်ကာလ မပြည့်တဲ့လူ‌တွေ လည်း ‌ရွေး‌ကောက်ပွဲမှာ ပါဝင်ခွင့်မရှိဘူးဆိုတဲ့ ကန့်သတ်ချက် ထွက်လာတယ်။ နိုင်ငံ‌ရေးအကျဉ်းသား‌တွေဟာ ဒီမိုက‌ရေစီအ သွင်ကူး‌ပြောင်း‌ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်‌ရေးမှာ ဘယ်‌လောက်အ‌ရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိ ‌နေသလဲဆိုတဲ့ကိစ္စ ကို ကျ‌နော်တို့ ‌ဖော်ပြချင်လို့ ဒီအစီရင်ခံစာကို ထုတ်ရတာဖြစ်ပါတယ်”ဟု ‌ပြောသည်။

ထိုအစီရင်ခံစာတွင် နိုင်ငံ‌ရေးအကျဉ်းသားများကို တရားဝင်အသိအမှတ်ပြုပြီး စစ်မှန်သည့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ခြွင်းချက် မရှိ လွှတ်‌ပေးရန်၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေးအတွက် ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် အခြားတိုင်းရင်းသားအုပ် စုများကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များပါဝင်သည့် ကျယ်ပြန့်ထိ‌ရောက်‌သော သုံးပွင့်ဆိုင် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးတခု စတင်ရန် စသည့်အချက် (၅)ချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ ‌တောင်းဆိုခဲ့သည်။

တဆက်တည်းတွင် နအဖစစ်အစိုးရသည် နိုင်ငံ‌ရေးအကျဉ်းသားများ မပါဝင်ဘဲ ‌ရွေး‌ကောက်ပွဲ ကျင်းပမည်ဆိုပါက လွတ်လပ် ပြီး တရားမျှတသည့် ‌ရွေး‌ကောက်ပွဲမျိုးမဖြစ်နိုင်သလို ဒီမိုက‌ရေစီ အသွင်ကူး‌ပြောင်း‌ရေးကို တက်လှမ်းနိုင်မည်မဟုတ်ဘဲ အမျိုး သားပြန်လည်ရင်ကြား‌စေ့‌ရေးကိုလည်း လုပ်‌ဆောင်နိုင်မည် မဟုတ်‌ကြောင်း ကိုတိတ်နိုင်က ဆက်လက် ‌ပြောဆိုသည်။

နအဖက မတ်လဆန်းပိုင်းတွင် ‌ရွေး‌ကောက်ပွဲဥပ‌ဒေများ ထုတ်ပြန်လိုက်သည့်‌နောက်ပိုင်း လတ်တ‌လောအချိန်တွင် အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်အ‌နေဖြင့် ‌ရွေး‌ကောက်ပွဲဝင်‌ရေးမဝင်‌ရေး စဉ်းစား‌နေချိန်တွင် ယခု အစီရင်ခံစာဖြင့် မီဒီယာက‌နေတဆင့် အ ကြံပြုနိုင်ခြင်းဖြစ်‌ကြောင်း ‌အေ‌အေပီပီ တွဲဖက်အတွင်း‌ရေးမှူး ကိုဘိုကြည်က ‌ပြောသည်။

သူက “ဒီအစီရင်ခံစာကို သူတို့အ‌နေနဲ့လည်း မီဒီယာက‌နေတဆင့် ကျ‌နော်တို့ ‌ပြောဆို‌နေတဲ့ဟာ‌တွေကို ကြားမှာပါ။ ကျ‌နော်တို့ က အကြံ‌ပေးတာပါ။ အကြံ‌ပေးတယ်ဆိုတာက ‌ဒေါ်‌အောင်ဆန်းစုကြည် အပါအဝင် အကျဉ်း‌ထောင်ထဲမှာရှိ‌နေတဲ့ အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် အဖွဲ့ဝင်‌တွေကို ချန်လှပ်မထားသင့်ဘူး။ အမျိုးသားဒီမိုက‌ရေစီအဖွဲ့‌ရှေ့ဆက်သွားမဲ့ လုပ်ငန်းစဉ်‌တွေနဲ့ အဲဒီလူ‌တွေကို ချန်ထားပြီး‌တော့ ဆက်သွားမယ်ဆိုလို့ရှိရင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ ‌ထောက်ခံမှု လည်း အများကြီး ‌လျော့ကျသွားမှာစိုးရိမ်တဲ့အတွက် ကျ‌နော်တို့အကြံပြုခြင်း ဖြစ်ပါတယ်”ဟု ‌ပြောသည်။

စာမျက်နှာ (၆၅)မျက်နှာရှိ ၎င်းအစီရင်ခံစာကို မြန်မာ၊ အဂင်္လိပ်၊ ကရင်၊ ကချင်၊ ရှမ်းဘာသာများအပြင် အစီရင်ခံစာ၏ အနှစ် ချုပ်အကြံပြုချက်များကို အာဆီယံ (၇)နိုင်ငံ ဘာသာစကားဖြင့် ဘာသာပြန်ဆို ထုတ်‌ဝေသွားမည်ဖြစ်‌ကြောင်း သိရသည်။

‌အေ‌အေပီပီ-ဘီ၏ မှတ်တမ်းအရ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အကျဉ်းကျခံရသည့် ဒီမိုက‌ရေစီ‌ရေး တက်ကြွလိုလားသူ နိုင်ငံ‌ရေးအကျဉ်းသား‌ပေါင်း ၂,၁၈၅ဦး ရှိသည်။

နိုင်ငံ‌ရေးအကျဉ်းသားများကူညီ‌စောင့်‌ရှောက်‌ရေးအသင်း (မြန်မာနိုင်ငံ) (‌အေ‌အေပီပီ-ဘီ) ၂၀၀ဝခုနှစ်က စတင် တည်‌ထောင်ခဲ့ ပြီး (၁၀)နှစ်တာ ကာလအတွင်း ယခု အစီရင်ခံစာ အပါအဝင် အစီရင်ခံစာ‌ပေါင်း (၃၂)အုပ် ထုတ်‌ဝေနိုင်ခဲ့သည်။