Home ထိပ်တန်းသတင်း လူထုအ‌ပေါ် ဒီ‌ကေဘီ‌အေ၏ အနိုင်ကျင့်မှု ပိုများလာ

လူထုအ‌ပေါ် ဒီ‌ကေဘီ‌အေ၏ အနိုင်ကျင့်မှု ပိုများလာ

1913

မတ်လ ၃ဝရက်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌ဝေါ်‌လေခီးဂွင်၌ အ‌ခြေချလှုပ်ရှား‌နေသည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)တပ်ဖွဲ့ဝင်များသည် ယခုနှစ်ဆန်းပိုင်းမှစ၍ လူထုအ‌ပေါ် အ‌ကြောင်းမဲ့ အနိုင်ကျင့်မှုများ ပို၍လုပ် ‌ဆောင်လာသည်ဟု ‌ဒေသခံရွာသားများက ‌ပြောသည်။

အဆိုပါဂွင်တွင် လှုပ်ရှား‌နေသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)လက်‌အောက်ခံ (၉၀၇)တပ်ရင်းသည် တပ်ရင်းမှူး ဗိုလ်မှူးကြီး နှုတ်ခမ်း‌မွှေး၏အမိန့်ဖြင့် ‌စေတီပုထိုးတည်၊ ‌ကျောင်း‌ဆောက်၊ လမ်း‌ဖောက်၊ တံတား‌ဆောက် လုပ်‌ဆောင်ရာတွင် ရွာသူရွာသား များကို အတင်းအဓမ္မ ‌ခေါ်ယူခိုင်း‌စေသည့်အပြင် ‌ငွေ‌ကြေးများကိုပါ ‌ကောက်ခံလျှက်ရှိသည်ဟု ‌ဝေါ်‌လေခီးဂွင်မှ ရွာသားတဦးက ‌ပြောသည်။

သူက “‌ခေါင်း‌ပေါင်းဝါ(ဒီ‌ကေဘီ‌အေ)တပ်ဖွဲ့ဝင်‌တွေက လမ်း‌တွေ‌ဖောက်၊ တံတား‌တွေ‌ဆောက်လို့ရှိရင် ရွာသူရွာသားဆီကပဲ ပိုက်ဆံ‌တောင်းတယ်။ လူကိုယ်တိုင်လည်း အလှည့်ကျ လုပ်အား‌ပေးသွားရတယ်။ ပြီးခဲ့တဲ့ တရက်နှစ်ရက်တုန်းကပဲ ‌စေတီ တည်တာ ဘိလပ်‌မြေ မ‌လောက်လို့ဆိုပြီး ရွာသား‌တွေဆီက ဘိလပ်‌မြေအိတ် (၁၀၀) ထပ်‌တောင်းတယ်။ တချို့ရွာ‌တွေက ပိုက်ဆံလုံးလုံးကို မရှိတဲ့အတွက် မ‌ပေးနိုင်ဘူး‌လေ။ ဒါကို ရွာထဲကို ဝင်‌ရောက်‌သောင်းကျန်းခြိမ်း‌ခြောက်တာ‌တွေ လုပ်‌နေ‌တော့ ရွာသား‌တွေ ရတဲ့နည်းနဲ့ ‌ပေးရတယ်။ ‌စေတီစတည်ခဲ့တုန်းကလည်း တ‌ခေါက်‌ပေးခဲ့ပြီးပြီ”ဟု ‌ပြောသည်။

၎င်းအပြင် မတ်လ ၂၃ရက်‌နေ့တွင်လည်း ‌ဝေါ်‌လေခီးဂွင် ‌ကော်ဆဲရွာသား ၄ဦးသည် အိမ်‌ဆောက်ရန် လိုအပ်သည့် ပျဉ်ပြားများ ကို ကားဖြင့်သယ်‌ဆောင်လာရာမှ သစ်ခိုး‌ရောင်းသည်ဟု စွပ်စွဲကာ (၉၀၇) တပ်ရင်းမှ တပ်ခွဲမှူး ‌စောချင်းလုံဆိုသူက ၎င်းရွာ သားများအား ရိုက်နှက်‌သော‌ကြောင့် ရွာသားတဦး ‌ဆေးရုံတင်လိုက်ရသည့်အပြင် ‌လျှော်‌ကြေးပါ ‌ပေး‌ဆောင်ခဲ့ရသည်ဟု ‌ကော် ဆဲရွာသူတဦးက ‌ပြောသည်။

၎င်းက “ဒီလ ၂၃ရက်‌နေ့မှာ ကျမတို့ ရွာက ဖါး‌ကော်လာ၊ တာအယ်၊ သန်း‌ဌေးဦး၊ ထာ့ထူတို့‌လေး‌ယောက် အိမ်အတွက် ပျဉ်ပြား ၂၉ချပ် ‌တောထဲက‌နေ ကားနဲ့တင်လာတယ်။ မသွားခင်တုန်းကလည်း သူတို့(ဒီ‌ကေဘီ‌အေ)ကို ကြိုအသိ‌ပေးပြီးပြီ။ အဲဒါနဲ့ ဗိုလ် ချင်းလုံက အရက်မူးမူးနဲ့ သူတို့‌လေး‌ယောက်ကို လမ်းမှာဆုံပြီး ခင်ဗျားတို့ သစ်ခိုး‌ရောင်းတယ်ဆိုပြီး ထိုးကြိတ်၊ ရိုက်နှက်တဲ့အခါ ကျ‌တော့ ဖါး‌ကော်လာကို ‌ဆေးရုံတင်လိုက်တယ်။ အဲဒါနဲ့ မပြီး‌သေးဘူး။ သူတို့‌လေး‌ယောက်ကို ဘတ်‌ငွေ ၅‌ထောင် ဒဏ်‌ငွေ ရိုက်တယ်။ ကားကျ‌တော့ ဘတ်‌ငွေ ၆‌သောင်း ၅‌ထောင် ပြန်‌ရွေးလိုက်ရတယ်။ မ‌ရွေးရင် လုံးဝ ပြန်မ‌ပေးဘူး”ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် ‌ကော်ဆဲ‌ကျေးရွာအပြင် တခြားရွာများ အပါအဝင် ဒီ‌ကေဘီ‌အေ ခွင့်ပြုချက်မရဘဲ ရွာသူရွာသားများ မိမိဆန္ဒ အရ သစ်ခုတ်ပါက ထိ‌ရောက်စွာ ဒဏ်ခတ်အ‌ရေးယူမည်ဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)မှူးက အမိန့်ထုတ်ထား ‌ကြောင်း ရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဒီ‌ကေဘီ‌အေ (၉၀၇)တပ်ရင်းမှ တပ်ခွဲမှူး ‌စောချင်းလုံက “ကျ‌နော်နဲ့ ဖြစ်တာ မဟုတ်ဘူး။ ပဋိပက္ခ ဖြစ် တာ‌တော့ ကြားပါတယ်။ အနည်းအကျဉ်း ဖြစ်ပွားခဲ့တာပဲ။ ဘာအခက်အခဲမှ မရှိ‌လောက်ပါဘူး”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌ဝေါ်‌လေခီးဂွင်၌ ‌ကော်ဆဲ၊ က‌လော်‌ဝေါ်၊ ‌ဖောဖိုးခီး၊ ‌ဖောပလာထာ၊ ထီးဆဲလယ်၊ လယ်‌ဂေါ့၊ အူးဖိုးထာ့၊ ကနဲ‌လေး၊ ‌မောဖိုးကလိုး၊ ‌မောခီး၊ ကွီးဆဲ‌ဖော၊ ဘလာတို စသည့်‌ကျေးရွာများ တည်ရှိသည်။

ဒီ‌ကေဘီ‌အေ တပ်ဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)မှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် သွား‌ရောက်ပူး‌ပေါင်းခဲ့ပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမတိုင်ခင် ယမန်နှစ် ‌မေလက နအဖစစ်အစိုးရမှ ကမ်းလှမ်းထားသည့် နယ်ခြား ‌စောင့်တပ် အသွင်ကူး‌ပြောင်း‌ရေးကို ဦးစွာ လက်ခံသည့် ကရင်အပစ်ရပ်အဖွဲ့ ဖြစ်သည်။