Home သတင်း မဲ‌ဆောက်‌ဒေသအတွင်း မြန်မာ‌တောင်းစားသူ (၁၀၀)‌ကျော် ဖမ်းဆီးပြန်ပို့

မဲ‌ဆောက်‌ဒေသအတွင်း မြန်မာ‌တောင်းစားသူ (၁၀၀)‌ကျော် ဖမ်းဆီးပြန်ပို့

1663
မတ်လ ၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မဲ‌ဆောက်‌ဒေသအတွင်း မြန်မာ‌တောင်းစားသူ(၁၀၀)‌ကျော်ကို ယ‌နေ့ နံနက် ၁ဝနာရီခန့်တွင် မဲ‌ဆောက်မြို့နယ်အုပ်ချုပ်‌ရေးအဖွဲ့က ဖမ်းဆီး၍ မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းသို့ ပြန်ပို့လိုက် သည်ဟု သိရသည်။

မဲ‌ဆောက်မြို့၌ ဖမ်းဆီးခံရသည့် မြန်မာ‌တောင်းစားသူများ (ပုံ - ‌ကေအိုင်စီ)

နိုင်ငံခြားသားနှင့် ပြည်တွင်းခရီးသွားများကို အ‌နှောက်အယှက်ဖြစ်‌စေသည့်အတွက် အဆိုပါ ခ ရီးသွားများကိုယ်တိုင် တာ့ခရိုင်ဝန်ရုံးနှင့် မဲ‌ဆောက်မြို့ပိုင်ရုံးသို့ တိုင်ကြားလာ‌သော‌ကြောင့် မြန် မာ‌တောင်းစားသူများကို ဖမ်းဆီးပြန်ပို့ရခြင်းဖြစ်သည်ဟု မဲ‌ဆောက်မြို့ပိုင် နိုင်ကစ်တိ ဆတ်က် တိုမိုဆတ်က်က မဲ‌ဆောက်အ‌ခြေစိုက် သတင်း‌ထောက်များကို ယ‌နေ့ ‌ပြောကြားလိုက်သည်။

မဲ‌ဆောက်မြို့ရှိ ‌ဈေးှဆိုင်တခုမှ အ‌ရောင်းသမတဦးက “ဖမ်းမှာ‌ပေါ့ တချို့‌တောင်းစားသူ‌တွေက ‌တောင်းစားတာ ရိုးရိုး‌တောင်းစားတာမှ မဟုတ်တာ၊ အကျီင်္ကိုဆွဲ‌တောင်းတဲ့အထိ ‌တောင်းစား ‌နေ‌တော့ ဘယ်သူက ခံနိုင်မှာလဲ” ဟု ‌ပြောသည်။

အဆိုပါ အဖမ်းဆီးခံရသည့် မြန်မာ‌တောင်းစားသူများထဲတွင် သက်ကြီးရွယ်နှင့် က‌လေးငယ် များအပြင် အ‌ရေပြား‌ရောဂါ ဆိုးဆိုးရွားရွားခံစား‌နေသည့် ‌ဝေဒနာရှင်များနှင့် ဒုက္ခိတများပါရှိ သည်ဟု သိရသည်။

မဲ‌ဆောက်‌ဒေသ၌ မြန်မာ‌တောင်းစားသူများအပြင် ‌ဈေးသည်များနှင့် အလုပ်သမားအချို့ကို လည်း ယ‌နေ့တွင် ဖမ်းဆီးခဲ့သည်ဟု မဲ‌ဆောက်အ‌ခြေစိုက် အလုပ်သမားအ‌ရေးကူညီ‌ဆောင် ရွက်‌ပေး‌နေသည့် (JACBA) အဖွဲ့ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

သူက “‌တောင်းစားသူ‌တွေလည်းဖမ်းတယ်။ ဗန်းချ‌ရောင်းတဲ့ ‌ဈေးသည်‌တွေလည်းဖမ်းတယ်။ လက်တွန်းလည်းနဲ့ ‌ရောင်းတဲ့‌ဈေးသည်‌တွေလည်းပါတယ်။ ‌နောက်လမ်း‌ပေါ်မှာ သွားတဲ့အ လုပ်သမား‌တွေလည်း ပါတယ်။ မဲ‌ဆောက်အပါအဝင် အားလုံး‌ပေါင်း (၃၀၀)‌လောက်ရှိတယ်” ဟု ‌ပြောသည်။

မဲ‌ဆောက်မြို့တွင် အလားတူ ဖမ်းဆီးပြန်ပို့မှု ယခင်က ရှိခဲ့‌သော်လည်း ယခုလို ရာနှင့်ချီ၍ ဖမ်း ဆီးပြန်ပို့ခြင်းသည် ၂၀၁ဝခုနှစ်အတွင်း ပထမဦးဆုံး လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

မတ်လ ၃ရက်‌နေ့မှ စတင်၍ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အမည်စာရင်း တင်သွင်းခြင်း မရှိသူ နိုင်ငံခြားသား‌ရွှေ့‌ပြောင်း အလုပ်သမား ၅သိန်း‌ကျော်ကို ဖမ်းဆီးပြီး ‌နေရင်းနိုင်ငံသို့ ပြန် ပို့မည်ဖြစ်‌ကြောင်း မတ်လ ၂‌နေ့က ထိုင်းအစိုးရ အလုပ်ခန့်ထား‌ရေး ဒုတိယ ညွှန်ကြား‌ရေး ‌ရေး မှူးချုပ် Mr. Supat Gukhun က တရားဝင်‌ကြေညာခဲ့သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားဦး‌ရေ ၃သန်း‌ကျော်ရှိကာ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အမည်စာရင်းတင်သွင်းသူ ၇သိန်းခန့်သာရှိပြီး ထိုင်းအစိုးရက ယာယီနိုင်ငံကူးလက် မှတ်‌လျှောက်ရန် မတ်လ ၂ရက်‌နေ့အထိ ‌နောက်ဆုံးထားသတ်မှတ်‌ပေးခဲ့သည်။